Import Letter of Credit

Import Letter of Credit

သွင်းကုန်ငွေလွှဲစာတမ်း

CB Bank အနေဖြင့်  ကုန်ရောင်းသူထံသို့ သွင်းကုန်ငွေလွှဲစာတမ်းများကို တာဝန် ယူ၍ ဖွင့်လှစ်ပေးပါသည်။ သွင်းကုန်ငွေလွှဲစာတမ်းပါ စည်းမျဉ်းစည်းကမ်းများ ကိုက်ညီမှသာလျှင် ဘဏ်မှငွေပေး ချေမည် ဖြစ်ပါသဖြင့် လူကြီးမင်းတို့ အနေဖြင့် ယုံကြည်စိတ်ချစွာ ကုန်ပစ္စည်းများကို ဝယ်ယူနိုင်ပါသည်။

ကုန်ဝယ်သူ အတွက် အကျိုးကျေးဇူးများ
  • ငွေကြေးဆုံးရှုံးမှုများကို လျော့နည်းစေခြင်း။
  • ငွေကြေးလည်ပတ်မှုကို အထောက်အကူပြုခြင်း။
  • လိုအပ်သောစာရွက်စာတမ်းများ ပြည့်စုံမှန်ကန်မှုရှိပြီး ညနေ(၃)နာရီ မတိုင်မီ တင်ပြပါက နေ့ချင်းပြီး ငွေလွှဲစာတမ်းများ ဖွင့်လှစ်ပေးခြင်း။
လုပ်ငန်းလမ်းညွှန်
  • ကုန်ဝယ်သူမှ ငွေလွှဲစာတမ်းလျှောက်လွှာကို တင်ခြင်း။
  • CB Bank မှ ငွေလွှဲစာတမ်းကို ကုန်ရောင်းသူ၏ ဘဏ်သို့ပေးပို့ခြင်း။
  • ငွေလွှဲစာတမ်းရရှိပါက ကုန်ရောင်းသူမှ ပစ္စည်းများတင်ပို့၍ ၎င်းတို့နှင့် ချိတ်ဆက်ထားသောဘဏ် သို့ ငွေလွှဲစာတမ်းပါ အချက်အလက်နှင့်ကိုက်ညီသော စာရွက်စာတမ်းများတင်ပြခြင်း။ ၎င်း၏ ဘဏ်မှ CB Bank သို့ ကုန်သွယ်မှုဆိုင်ရာစာရွက်စာတမ်းများ ဆက်လက်ပေးပို့ခြင်း။
  • CB Bank မှ ကုန်ဝယ်သူထံသို့ သင်္ဘောတင်စာရွက်စာတမ်းများ ရောက်ရှိကြောင်း အကြောင်းကြားခြင်း။
  • ငွေလွှဲစာတမ်းပါ အချက်အလက်များနှင့် ကိုက်ညီပါက CB Bank မှ (၅) ရက်အတွင်း ငွေပေးချေခြင်း ။ အကယ်၍ အချို့အချက်များမှားယွင်းလျှင် ကုန်ဝယ်သူအား သဘောတူညီချက် ရယူပါသည်။ ကုန်ဝယ်သူမှလက်ခံလျှင် ငွေပေးချေခြင်း။
  • ဝယ်ယူသူမှ ကုန်တင်ပို့သော စာရွက်စာတမ်းများကို CB Bank ထံမှ လွှဲပြောင်းယူခြင်း။
နှုန်းထားနှင့် အဖိုးအခများ

ဝန်ဆောင်ခနှုန်းထားများကို သီးခြား အကြောင်းကြားပေးပါမည်။

လိုအပ်ချက်များ
  • သွင်းကုန်ငွေလွှဲစာတမ်း ဖွင့်လှစ်ခွင့်ပြုရန် လျှောက်လွှာ (ဘဏ်မှထုတ်ပေးသော ပုံစံ)
  • ကုမ္ပဏီမှ ငွေလွှဲစာတမ်းလျှောက်ထားခွင့်ပြုပါရန် အကြောင်းကြားစာ
  • အရောင်း/အဝယ် သဘောတူညီချက် အထောက်အထား
  • ကုန်ဝယ်အမှာစာ
  • သွင်းကုန်လိုင်စင် (လိုင်စင်လိုအပ်သော ပစ္စည်းများ ဖြစ်ပါက)