Inward Remittance

Inward Remittance

ပြည်ပမှ ငွေလွှဲများဝင်ရောက်ခြင်း

CB Bank မှ ၄င်း၏ customer များအတွက် ဝန်ဆောင်မှုများနှင့်ပတ်သက်ပြီး ပြည်ပမှ ငွေလွှဲများဝင်ရောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ CB Bank ၏ SWIFT Code CPOBMMMY ကိုအသုံးပြုခြင်းအားဖြင့် ကမ္ဘာအနှံ့အပြားမှ လွှဲပို့ငွေများအား ဝန်ဆောင်မှုပေးနိုင်ပါသည်။ CB Bank ၏ e-Statement နှင့် e-Alert service များကို အသုံးပြုခြင်းအားဖြင့်လည်း ငွေလွှဲဝင်ရောက်မှုကို လျင်မြန်စွာစစ်ဆေးနိုင်ပါသည်။

လုပ်ငန်းဝန်ဆောင်မှုကာလ

CB Bank နှင့် တိုက်ရိုက် Correspondent ရှိသောဘဏ်မှ ငွေလွှဲပါက ငွေလွှဲပေးပို့ကြောင်းစာရရှိပြီး နောက် တစ်နေ့တွင် Customer စာရင်းသို့ ထည့်သွင်းပေးပါသည်။

ဝန်ဆောင်ခ

$ ၁၀ (ပုံသေနှုန်းထား)

ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း၊ စုံစမ်းခြင်း - $ ၁၀

နိုင်ငံခြားငွေလဲလှယ်မှုနှုန်းထား

*Cross Currency များအတွက် USD 10,000 အထိကို CB Bank တွင်အသုံးပြုလျက်ရှိသော T24 System rate အတိုင်း သတ်မှတ်ပေးပါသည်။ USD 10,000 ထက် ကျော်လွန်ပါက CB Bank Treasury Department ၏ Exchange rate အတိုင်းသတ်မှတ် ၍ ဆောင်ရွက်ပေးပါသည်။*  

Credit Advice ထုတ်ပေးခြင်း

CB Bank ကောင်တာတွင် customer ကိုယ်တိုင် credit advice အား လာရောက်ထုတ်ယူနိုင်သည့်အပြင် e-Alert သို့မဟုတ် e-Statement services အသုံးပြုခြင်းဖြင့်လည်း ငွေလွှဲဝင်ရောက်မှုကိုသိနိုင်ပါသည်။

ပြည်ပမှ ငွေလွှဲပေးပို့ပါက လိုအပ်သောအချက်အလက်များ

ပြည်ပမှ ငွေလွှဲပေးပို့ပါက

  • ငွေလွှဲဝင်ရောက်မည့်နိုင်ငံ        (မြန်မာနိုင်ငံ)
  • ငွေလွှဲဝင်ရောက်မည့် ဘဏ်      (CB Bank)
  • CB Bank ၏ SWIFT Code     (CPOBMMMY)
  • CB Bank တွင် FCA စာရင်းဖွင့်လှစ်ထားသော စာရင်းပိုင်ရှင်အမည်နှင့် စာရင်းနံပါတ်
  • ငွေလွှဲပေးပို့သည့် အကြောင်းရင်း တို့ပြည့်စုံစွာ ပါဝင်ရပါမည်။
လိုအပ်သောစာရွက်စာတမ်းများ

 သာမာန်စာရင်းပိုင်း ဆိုင်ရာလွှဲပြောင်းပေးချေမှုများ (ဥပမာ- လခ၊ အသုံးစရိတ်၊ စီမံခန့်ခွဲမှုစရိတ်) အတွက် သက်ဆိုင်ရာ စာရွက်စာတမ်း များနှင့် တိုက်ဆိုင် စစ်ဆေးပြီး customer ၏ စာရင်း သို့ ငွေထည့်ပေးပါသည်။

ငွေလုံးငွေရင်း ဆိုင်ရာလွှဲပြောင်းပေးချေမှုများ အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုမိန့် ရယူရန် လိုအပ်ပါသည်။

ငွေလွှဲရခြင်းရည်ရွယ်ချက်

လိုအပ်သောစာရွက်စာတမ်းများ

Capital brought in/ Capital Injection/ Working Capital

  • ကုမ္ပဏီမှတ်ပုံတင်လက်မှတ်
  • ကုမ္ပဏီ Extract

* နိုင်ငံခြားချေးငွေ

  • မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ခွင့်ပြုမိန့်
အသေးစိတ်သိရှိလိုပါက

CB Bank (Trade Center)

Trade & International Remittance Division

International Remittance Department

အမှတ်-(၃၃၄/၃၃၆)၊ ကမ်းနားလမ်းနှင့် (၂၃) လမ်းထောင့်၊ လသာမြို့နယ်၊ ရန်ကုန်မြို့။

Hotline -01 378 643, 01 378 645, 01-370 469