Outward Remittance

Outward Remittance

ပြည်ပသို့ ငွေလွှဲများပေးပို့ခြင်း

Customer များအနေဖြင့်ပြည်ပနိုင်ငံများသို့ ငွေလွှဲများပေးပို့ရာတွင် လွယ်ကူလျင်မြန်စွာ ပေးပို့နိုင်ရန်အတွက် CB Bank မှ ဝန်ဆောင်မှုများပေးလျက်ရှိပါသည်။

သင့်လုပ်ငန်းအတွက်အကျိုးအမြတ်
  • T+1 အတွင်း လွယ်ကူလျင်မြန်စွာ ငွေလွှဲပို့နိုင်ခြင်း။
  • မြန်မာနိုင်ငံအတွင်း မည်သည့် CB Bank ဘဏ်ခွဲတိုင်းတွင်မဆို ငွေလွှဲကိစ္စရပ်များဆောင်ရွက်နိုင်ခြင်း။
  • CB Bank ၏ internet banking ကို အသုံးပြုခြင်းအားဖြင့် non-trade payment (up to USD 15,000/-) များအတွက် ဘဏ်သို့ လာရောက်ရန်မလိုဘဲ ငွေလွှဲကိစ္စများကို ဆောင်ရွက်နိုင်ခြင်း။
  • Trade Payment အတွက် ငွေလွှဲနိုင်သည့် ပမာဏအား ကန့်သတ်ချက်မရှိခြင်း။
  • နိုင်ငံတကာ၏ Sanction List တွင်ပါဝင်သော နိုင်ငံများသို့ ငွေလွှဲခြင်းကို လက်ခံဆောင်ရွက်ပေးခြင်း မပြုပါ။
လုပ်ငန်းဝန်ဆောင်မှုကာလ

ငွေစာရင်း လက်ကျန်လုံလောက်မှုနှင့် စာရွက်စာတမ်းများ မှန်ကန်ပါက [T+1] အတွင်း ငွေလွှဲပို့်ပေးပါသည်။

ဝန်ဆောင်ခ

၀.၁၂၅ % အနည်းဆုံး - ($ ၂၅) + ၃,၀၀၀ ကျပ်

ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း၊ စုံစမ်းခြင်း - $ ၁၀

သွင်းကုန်အတွက် ကြိုတင်ငွေပေးချေမှု

လိုအပ်သောစာရွက်စာတမ်းများ ပြည့်စုံစွာတင်ပြနိုင်ပါက သွင်းကုန်အတွက် ကြိုတင်ငွေပေးချေမှုအား ၃၀% မှ အများဆုံး ၅၀% အထိ ပေးချေနိုင်ပါသည်။

ကုန်ပစ္စည်း များရောက်ရှိ ထုတ်ယူပြီးပါက စာရွက်စာတမ်းမူရင်း များအား ဘဏ်သို့လာရောက် တင်ပြရမည်။

Debit Advice ထုတ်ပေးခြင်း

CB Bank ကောင်တာတွင် customer ကိုယ်တိုင် debit advice အား လာရောက်ထုတ်ယူနိုင်သည့် အပြင် e-Alert သို့မဟုတ် e-Statement services အသုံးပြုခြင်းဖြင့်လည်း ငွေလွှဲပေးပို့ဆောင်ရွက်မှုကိုသိရှိနိုင်ပါသည်။

လိုအပ်သောစာရွက်စာတမ်းများ
ငွေလွှဲအမျိုးအစား လွှဲပို့သည့်အကြောင်းရင်း လိုအပ်သောစာရွက်စာတမ်း အထောက်အထားများ
သွင်းကုန်အတွက်ငွေလွှဲပေးပို့ခြင်း ကုန်ပစ္စည်းထုတ်လုပ်ရန်အတွက် တင်သွင်းလာခြင်း (သို့) ပြည်ပမှ ကုန်ပစ္စည်း တင်သွင်းလာခြင်း
  • သွင်းကုန်လိုင်စင်(လိုအပ်ပါက)သွင်းကုန်ကြေငြာလွှာ
  • သယ်ယူပို့ဆောင်မှု အထောက်အထား
  • စာရွက်စာတမ်း/ ကုန်အမှာစာ
  • ထုပ်ပိုးမှုစာရင်း
ဝန်ဆောင်မှုအတွက် ငွေလွှဲခြင်း စီမံခန့်ခွဲမှုစရိတ်
  • နှစ်ဖက်သဘောတူစာချုပ်
  • ငွေတောင်းခံလွှာ
ကုန်ပစ္စည်းသယ်ဆောင်ခ
  • ကုန်ပစ္စည်းသယ်ယူလာမှုအထောက်အထား
  • ငွေတောင်းခံလွှာ
အာမခံပရီမီယံကြေး
  • မြန်မာ့အာမခံလုပ်ငန်း၏ ကန့်ကွက်ရန်မရှိကြောင်းစာ
  • မြန်မာ့အာမခံလုပ်ငန်းသို့ 15% အာမခံ ပရီမီယံကြေးပေးသွင်းခြင်း အထောက်အထား (အာမခံ ကြေးလွှဲပို့ရာတွင် မြန်မာ့အာမခံလုပ်ငန်းသို့ ၁၅% ပေးသွင်း ရပြီး ၈၅% အားလွှဲပို့သည်။)
လေယာဉ်လိုင်းမှ လက်မှတ်ရောင်းရငွေနှင့် ပစ္စည်းသယ်ဆောင်ခ
  • ကုမ္ပဏီ Letter Head ဖြင့်လျှောက်လွှာ
  • Passenger and Cargo Revenue Statement
ကျန်းမာရေးနှင့် သက်ဆိုင်သော အသုံးစရိတ်အတွက် လွှဲပို့ခြင်း ဆေးကုသစရိတ်
  • နိုင်ငံကူးလက်မှတ်
  • ဆေးဝါးအတွက် ဝန်ဆောင်မှုပေးသော အဖွဲ့အစည်း၏ ငွေတောင်းခံလွှာ
ရင်းနှီးမြှုပ်နှံမှုမှ ရရှိငွေအား ပြန်လည်လွှဲပို့ခြင်း ချေးငွေအတိုး နှင့် အရင်း
  • ကုမ္ပဏီ Letter Head ဖြင့် လျှောက်လွှာ
  • ချေးငွေပြန်လည်ပေးဆပ်မှု ဇယား
  • ချေးငွေဝင်ရောက်ခဲ့စဉ်က မြန်မာနိုင်ငံ တော်ဗဟိုဘဏ်၏ ခွင့်ပြုမိန့်

(ချေးငွေဝင်ရောက်ခဲ့စဉ်က မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုမိန့်ဖြင့် ဝင်ရောက်ခဲ့သော ချေးငွေများသာလျှင် ပြည်ပသို့ပြန် လည်လွှဲပို့ခွင့် ရှိပါသည်။)

အမြတ်ဝေစု
  • ကုမ္ပဏီ Letter Head ဖြင့် လျှောက်လွှာ
  • နှစ်ချုပ်အစီရင်ခံစာ
  • အသိအမှတ်ပြု စာရင်းစစ်အဖွဲ့၏ ထောက်ခံစာ၊
  • အခွန်ပေးဆောင်ပြီးကြောင်း အထောက် အထား၊
  • အစည်းဝေးမှတ်တမ်း
  • ရင်းနှီးမြှုပ်နှံမှုကော်မရှင်ခွင့်ပြုချက်၊
  • ကုမ္ပဏီမှတ်ပုံတင်
  • ကုမ္ပဏီ Extract
စာရင်းရှင်းလင်းဖျက်သိမ်းခြင်း
  • ကုမ္ပဏီ Letter Head ဖြင့်လျှောက်လွှာ
  • အစည်းဝေးမှတ်တမ်း
  • ကုမ္ပဏီ ဖျက်သိမ်းကြောင်း သတင်းစာ ကြော်ငြာဖြတ်ပိုင်း၊
  • မြန်မာနိုင်ငံတော်ပြန်တမ်း
  • CRD မိတ္ကူ (မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်ရယူရန် လိုအပ်ပါသည်။)
  • Termination Letter
လေယာဉ်ဝယ်ယူခြင်း လေယာဉ်ငှားရမ်းခ
  • ကုမ္ပဏီ Letter Head ဖြင့်လျှောက်လွှာ
  • ဝယ်ယူခြင်း၊ ငှားရမ်းခြင်း (စာချူပ်)
  • AOC (Air craft Operation Certificate)
အထွေထွေ လစာ
  • နိုင်ငံကူးလက်မှတ်
  • အလုပ်ခန့်စာ
  • စာချုပ် ( စာချုပ်သက်တမ်း အတွင်း (၁) ကြိမ်သာဘဏ်မှ ရယူထားပါမည်။)
ပညာသင်စရိတ်
  • နိုင်ငံကူးလက်မှတ်
  • ကျောင်းမှပေးပို့သော တရားဝင်စာရွက်စာတမ်းများနှင့် ငွေတောင်းခံလွှာ (ကျောင်းအနေဖြင့် ၎င်း၏ ကျောင်းသားများအတွက် လွှဲပို့လိုပါက လုပ်ငန်းလိုင်စင် (သက်တမ်းရှိ) တင်ပြရပါမည်)
ခရီးသွားလုပ်ငန်း
  • Passport Copy
  • လေယာဉ်လက်မှတ်မိတ္တူ/schedule
  • ငွေတောင်းခံလွှာ
  • ကုမ္ပဏီမှတ်ပုံတင်
လျော်ကြေးငွေ
  • လျော်ကြေးငွေရရှိကြောင်း တရားဝင်အထောက်အထား (တရားရုံးအမိန့်စာ)
အလှူငွေ
  • လှူဒါန်းရသည့် အကြောင်းအရင်း၊
  • သာသနာရေးဦးစီးဌာန ထောက်ခံချက်၊
ပို့ကုန်ပြန်အမ်းငွေ
  • ကုမ္ပဏီ Letter Head ဖြင့်လျှောက်လွှာ
  • Form E
  • အရောင်းအဝယ်စာချုပ်
  • ငွေလွှဲပေးပို့ခြင်းအတွက် ငွေလွှဲခွင့်လျှောက်လွှာ (TT application Form) နှင့် သက်ဆိုင်ရာ စာရွက်စာတမ်းများအား ပူးတွဲ တင်ပြရပါမည်။
အသေးစိတ်သိရှိလိုပါက

CB Bank (Trade Center)

Trade & International Remittance Division

International Remittance Department

အမှတ်-(၃၃၄/၃၃၆)၊ ကမ်းနားလမ်းနှင့် (၂၃) လမ်းထောင့်၊ လသာမြို့နယ်၊ ရန်ကုန်မြို့။

Hotline - 01 378 643, 01 378 645, 01 370469

ဒေါင်းလုတ် ရယူရန်