Online Bulk Payment

Online Bulk Payment

CB Bank ၏ Bulk Payment ဝန်ဆောင်မှုဖြင့် များစွာသောငွေပေးချေမှုများကို တစ်ပြိုင်နက်တည်းပြုလုပ်နိုင်ပါသည်။ ပြုလုပ်နိုင်သော ငွေပေးချေမှုများမှာ လစာပေးခြင်း၊ အသုံးစရိတ်ပေးခြင်း၊ ကုန်ပစ္စည်းဝယ်ယူမှုအတွက် ငွေပေးချေခြင်း စသည်တို့ပါဝင်သည်။ ၎င်းဝန်ဆောင်မှုကို စိတ်ဝင်စားပါက CB Bank မှ မိမိပြုလုပ်လိုသည့် အကျိုးခံစားခွင့်ရှိသူ၏ ငွေစာရင်းအသေးစိတ်များနှင့် ပြုလုပ်လိုသည့် နေ့စွဲနှင့်တကွ ငွေပမာဏစသည်တို့ကို စာရင်းပြုစုပေးမည်ဖြစ်သည်။

အကျိုးကျေးဇူးများ
  • ငွေပေးချေမှုများကို အလိုအလျောက်ပြုလုပ်ပေးခြင်း။
  • ငွေပေးချေမှုများကို မိမိသတ်မှတ်ထားသည့် ရက်စွဲတွင် ပြုလုပ်နိုင်ခြင်း။
  • အသင့်တော်ဆုံးသော ငွေသားစီမံခန့်ခွဲနိုင်မှု။
  • ထိရောက်မှု - ကုမ္ပဏီ၏လုပ်ငန်းစဉ်များ လျော့နည်းသွားခြင်း။
  • အမှားများ နည်းသွားခြင်း
  • Enterprise Resource Planning (ERP) စနစ်များနှင့် ချိတ်ဆက်နိုင်ခြင်း
  • ဝန်ဆောင်မှု၏ အာမခံချက် - အချိန်မှန် ငွေအလွှဲအပြောင်းပြုလုပ်နိုင်ခြင်း။
နှုန်းထားနှင့်အဖိုးအခများ

ပြုလုပ်လိုသည့် ငွေသွင်း/ငွေထုတ် အမျိုးအစားပေါ်တွင် မူတည်သည်။ corporatebanking@cbbank.com.mm သို့ အီးမေးလ် ပို့၍သော်လည်းကောင်း၊ မိမိ၏ RM နှင့်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

လိုအပ်ချက်များ
  • CB bank စာရင်းပိုင်ရှင်နံပါတ် ၊ စာရင်းပိုင်ရှင် အမည် ၊ ငွေပမာဏ ၊ ရည်ရွယ်ချက်။
  • အကျိုးခံစားခွင့်ရှိသူတစ်ဦးချင်းစီအတွက် ရက်စွဲနှင့် ငွေပမာဏသတ်မှတ်ချက်။