Payroll

Payroll

CB Bank ၏ လစာပေးသည့်ဝန်ဆောင်မှုကို အသုံးပြု၍ မိမိ၏ ဝန်ထမ်းများသို့ လွယ်ကူပြီး အချိန်တိကျသော ငွေပေးချေမှုများ ပြုလုပ်နိုင်ပါသည်။ CB Bank သည် သက်ဆိုင်ရာ ကုမ္ပဏီကိုယ်စား ၎င်းကုမ္ပဏီငွေစာရင်းမှတစ်ဆင့် ဝန်ထမ်းများ၏လစာများကို ဝန်ထမ်းများ၏ ဘဏ်စာရင်းသို့လွှဲပြောင်းခြင်းများကိုလည်း ပြုလုပ်နိုင်ပါသည်။

အကျိုးကျေးဇူးများ
  • ထိရောက်မှုရှိသော လစာပေးခြင်းကို စီမံခန့်ခွဲနိုင်မှု
  • လစာပေးရန်အတွက် ငွေသားများကိုင်ဆောင်ရန် မလိုခြင်း။
  • ဝန်ထမ်းများသည် Debit ကဒ်များကို အသုံးပြု၍ ATM များတွင် လွယ်ကူစွာ ငွေထုတ်ယူနိုင်ခြင်း။
နှုန်းထားနှင့်အဖိုးအခများ
မြန်မာကျပ်ဖြင့်လစာပေးလျှင် -
  • နယ်မြေတူပါက ငွေစာရင်းတစ်ခုလျှင် မြန်မာကျပ်ငွေ (၂၀၀)
  • နယ်မြေမတူပါက ငွေစာရင်းတစ်ခုလျှင် မြန်မာကျပ်ငွေ (၂၀၀) နှင့် online fees (ဝ.၀၅%) ကျခံပါမည်။
USD ဖြင့် လစာပေးလျှင် -
  • နယ်မြေတူပါက ငွေစာရင်းတစ်ခုလျှင် ($2)
  • နယ်မြေမတူပါက Service fees ($3) ကျခံပါမည်။
လိုအပ်ချက်များ
  • ကုမ္ပဏီနှင့် ဝန်ထမ်းများတွင် CB Bank ငွေစာရင်းရှိရန် လိုအပ်သည်။ ငွေစာရင်းမရှိသော ဝန်ထမ်းများသည် CB Bank တွင် ငွေစာရင်းအသစ်များ ဖွင့်နိုင်ပါသည်။
  • လစဉ် (သို့) အမြဲတမ်းပြုလုပ်လိုသည့် ကုမ္ပဏီမှ လစာပေးလိုသည့် ငွေစာရင်းတွင် လုံလောက်သော ငွေပမာဏ (Deposit) ထားရှိရမည်ဖြစ်သည်။
  • ကုမ္ပဏီသည် အချိန်မှန်ငွေလွှဲပေးရန် ဘဏ်သို့ ပုံသေညွှန်ကြားချက်ကို CB Bank နှင့် ပြုလုပ်ထားရှိရမည်။
  • အသေးစိတ် အချက်အလက်များပါဝင်သော Payroll file