Transferable LC ( လွှဲပြောင်းနိုင်သောငွေလွှဲစာတမ်း )

Transferable LC ( လွှဲပြောင်းနိုင်သောငွေလွှဲစာတမ်း )

လွှဲပြောင်းနိုင်သောငွေလွှဲစာတမ်းတွင် ပထမအကျိုးခံစားခွင့်ရှိသူမှ လွှဲပြောင်းပေးသော ဘဏ်အား  ငွေလွှဲစာတမ်းပမာဏ (သို့) အစိတ်အပိုင်းတစ်ခုခုကို ဒုတိယ အကျိုးခံစားခွင့်ရှိသူထံသို့ ငွေလွှဲစာတမ်း ကို ထပ်ဆင့်ပေးပို့ပေးရန် တင်ပြခြင်း။

သင့်လုပ်ငန်းအတွက် အကျိုးအမြတ်

CB Bank ၏ လုပ်ငန်းစဉ် : ငွေလွှဲစာတမ်းအား လွှဲပြောင်းပေးသောဘဏ်
ချေးငွေခွင့်ပြုကာလ : ရက်ပေါင်း (၁၈၀) ထိ
ကုန်ပို့သူအတွက် အကျိုးကျေးဇူးများ
  • ကုန်ဝယ်သူနှင့် ကုန်ရောင်းသူ၏ကြားတွင် ကုန်သွယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ညှိနှိုင်းလုပ်ဆောင်ခြင်းပေါ်တွင် အကျိုးအမြတ်ရရှိနိုင်ခြင်း
  • သင့်အနေဖြင့် လုပ်ငန်းများပိုမိုတိုးချဲ့ လုပ်ဆောင်နိုင်ပါသည်
  • ကုန်ဝယ်သူအနေဖြင့် ကုန်ရောင်းသူအများအပြားနှင့် ချိတ်ဆက်နိုင်ခြင်း
  • သင့်အနေဖြင့် လုပ်ငန်းစဉ်တစ်ခုလုံးအား ထိန်းချုပ်နိုင်ခြင်း
လုပ်ငန်းလမ်းညွှန်
  1. ကုန်ဝယ်သူမှ Transferable L/C အား ၎င်း၏ ဘဏ်မှ တစ်ဆင့်ပေးပို့ခြင်း
  2. လူကြီးမင်းမှ CB Bank သို့ ငွေလွှဲစာတမ်းပမာဏအပြည့် (သို့)အစိတ်အပိုင်းတစ်ခုခုအား ကုန်ရောင်းသူတို့ လွှဲပြောင်းပေးပို့နိုင်ပါရန် လျှောက်ထားခြင်း
  3. CB Bank မှ ငွေလွှဲစာတမ်းအား ကုန်ရောင်းသူထံသို့ လွှဲပြောင်းပေးပို့ခြင်း
  4. ကုန်ရောင်းသူမှ ကုန်ပစ္စည်းများတင်ပို့၍ ကုန်သွယ်ရေးဆိုင်ရာ စာရွက်စာတမ်းများအား ၎င်း၏ ဘဏ်သို့ တင်ပြခြင်း
  5. CB Bank မှ စာရွက်စာတမ်းများရရှိကြောင်း သင့်အား အကြောင်းကြားခြင်း
  6. သင့်အနေဖြင့် စာရွက်စာတမ်းအချို့အား အစားထိုးခြင်း (e.g. amount of credit, unit price, expiry date, period of presentation, latest shipment date)
  7. CB Bank မှ စာရွက်စာတမ်းအသစ်များအား LC issuing Bank သို့ပေးပို့၍ ငွေတောင်းခံခြင်း
  8. CB Bank မှ ကုန်ရောင်းသူထံသို့ ၎င်း၏ ဘဏ်မှတစ်ဆင့် ငွေပြန်လည်ပေးချေခြင်း
နှုန်းထား နှင့် အဖိုးအခများ

ဝန်ဆောင်မှုနှုန်းထားများကို သီးခြား အကြောင်းကြားပေးပါမည်။

လိုအပ်ချက်များ
  1. Irrevocable DocumentaryCredit လျှောက်လွှာ
  2. Transferable Export LC မူရင်း
  3. ကုမ္ပဏီ Letter Head ဖြင့် လျှောက်လွှာ
  4. အရောင်းအဝယ်သဘောတူညီချက်
  5. သွင်းကုန်/ပို့ကုန်လိုင်စင်