လွှဲပြောင်းနိုင်သောငွေလွှဲစာတမ်းတွင် ပထမအကျိုးခံစားခွင့်ရှိသူမှ လွှဲပြောင်းပေးသော ဘဏ်အား ငွေလွှဲစာတမ်းပမာဏ (သို့မဟုတ်) အစိတ်အပိုင်းတစ်ခုခုကို ဒုတိယ အကျိုးခံစားခွင့်ရှိသူထံသို့ ငွေလွှဲစာတမ်းကို ထပ်ဆင့်ပေးပို့ပေးရန် တင်ပြခြင်း။
သင့်လုပ်ငန်းအတွက် အကျိုးအမြတ်
| CB Bank ၏ လုပ်ငန်းစဉ် | : | ငွေလွှဲစာတမ်းအား လွှဲပြောင်းပေးသောဘဏ် |
| ချေးငွေခွင့်ပြုကာလ | : | ရက်ပေါင်း (၁၈၀) ထိ |
ကုန်ပို့သူအတွက် အကျိုးကျေးဇူးများ
- ကုန်ဝယ်သူနှင့် ကုန်ရောင်းသူ၏ ကြားတွင် ကုန်သွယ်ရေးဆိုင်ရာလုပ်ငန်းစဉ်များ ညှိနှိုင်းလုပ်ဆောင်ခြင်းပေါ်တွင် အကျိုးအမြတ်ရရှိနိုင်ခြင်း
- သင့်အနေဖြင့် လုပ်ငန်းများပိုမိုတိုးချဲ့ လုပ်ဆောင်နိုင်ပါသည်
- ကုန်ဝယ်သူအနေဖြင့် ကုန်ရောင်းသူအများအပြားနှင့် ချိတ်ဆက်နိုင်ခြင်း
- သင့်အနေဖြင့် လုပ်ငန်းစဉ်တစ်ခုလုံးအား ထိန်းချုပ်နိုင်ခြင်း
လုပ်ငန်းလမ်းညွှန်
- ကုန်ဝယ်သူမှ Transferable L/C အား ၎င်း၏ ဘဏ်မှ တစ်ဆင့်ပေးပို့ခြင်း
- လူကြီးမင်းမှ CB Bank သို့ ငွေလွှဲစာတမ်းပမာဏအပြည့် (သို့မဟုတ်) အစိတ်အပိုင်းတစ်ခုခုအား ကုန်ရောင်းသူတို့ လွှဲပြောင်းပေးပို့နိုင်ပါရန် လျှောက်ထားခြင်း
- CB Bank မှ ငွေလွှဲစာတမ်းအား ကုန်ရောင်းသူထံသို့ လွှဲပြောင်းပေးပို့ခြင်း
- ကုန်ရောင်းသူမှ ကုန်ပစ္စည်းများတင်ပို့၍ ကုန်သွယ်ရေးဆိုင်ရာ စာရွက်စာတမ်းများအား ၎င်း၏ ဘဏ်သို့တင်ပြခြင်း
- CB Bank မှ စာရွက်စာတမ်းများရရှိကြောင်း သင့်အား အကြောင်းကြားခြင်း
- သင့်အနေဖြင့် စာရွက်စာတမ်းအချို့အား အစားထိုးခြင်း။ (e.g. amount of credit, unit price, expiry date, period of presentation, latest shipment date)
- CB Bank မှ စာရွက်စာတမ်းအသစ်များအား LC issuing Bank သို့ပေးပို့၍ ငွေတောင်းခံခြင်း
- CB Bank မှ ကုန်ရောင်းသူထံသို့ ၎င်း၏ ဘဏ်မှတစ်ဆင့် ငွေပြန်လည်ပေးချေခြင်း
နှုန်းထား နှင့် အဖိုးအခများ
ဝန်ဆောင်မှုနှုန်းထားများကို သီးခြားအကြောင်းကြားပေးပါမည်။
လိုအပ်ချက်များ
- Irrevocable DocumentaryCredit လျှောက်လွှာ
- Transferable Export LC မူရင်း
- ကုမ္ပဏီ Letter Head ဖြင့် လျှောက်လွှာ
- အရောင်းအဝယ်သဘောတူညီချက်
- သွင်းကုန်/ပို့ကုန်လိုင်စင်


