Fixed deposit account အချိန်ပိုင်းအပ်ငွေစာရင်း ဆိုသည်မှာ ငွေသွင်း ရင်းနှီးမြှုပ်နှံမှု ကာလတစ်ခု ကို ရွေး၍ သာမန်ငွေစုစာရင်း ထက် ပိုမိုများပြားသော အတိုးနှုန်းများကို ခံစားနိုင်သည့် အမျိုးအစားဖြစ်ပါသည်။ အချိန်ပိုင်းအပ်ငွေအတွက် အပ်နှံကာလသတ်မှတ်ချက် ပါဝင်သော Certificate ထုတ်ပေးပါသည်။
FAQ
CB Bank ၏ ရုံးချုပ်နှင့် ဘဏ်ခွဲများတွင် ဘဏ်စရင်းကိုင်ဆောင်ထားသူများ၏ မှတ်ပုံတင်များကို ပြ၍ ငွေစုစာအုပ် ကို ပြန်လည် ပေးအပ်ကာ ပိတ်နိုင်ပါသည်။ ကျိန်ရှိနေသေးသော လက်ကျန်ငွေ များကို ဘဏ်စာရင်းကိုင်ဆောင်ထားသူများထံ ပေးအပ်သွားမည် ဖြစ်ပါသည်။ Fixed Deposit Accounts (စာရင်းသေအပ်ငွေစာရင်း) စာရင်းသေအပ်ငွေစာရင်း သည် ငွေအပ်နှံထားသည့် သက်တမ်းအပေါ်မူတည်၍ အခြားဘဏ်စာရင်းများထက် အတိုးနှုန်း ကို ပိုမိုတွက်ပေးသော ငွေစုဘဏ်စာရင်းဖြစ်ပါသည်။
မိမိ ဘဏ်စာရင်း ဖွင့်ထားသော ဘဏ်ခွဲအပြင် အခြားသော ဘဏ်ခွဲများတွင်လည်း ငွေထုတ်ယူနိုင်ပါသည်။ နယ်မြေတူသတ်မှတ်ထားဘဏ်ခွဲများတွင် ဝန်ဆောင်ခမကောက်ခံသော်လည်း နယ်မြေမတူသတ်မှတ်ထားဘဏ်ခွဲများတွင် ဝန်ဆောင်ခကို ငွေလွှဲခအတိုင်းကောက်ခံပါသည်။
ဘဏ်ခွဲများတွင် စာရင်းပိုင်ရှင်ကိုယ်တိုင် မိမိမှတ်ပုံတင်ကတ်ဖြင့် ငွေထုတ်ယူနိုင်ပါသည်။
လတစ်လ၏ လဆန်း(၅)ရက်နောက်ပိုင်းအနည်းဆုံး လက်ကျန်ပေါ်တွင် အတိုးတွက်ချက်ပေးပြီး (၃) လတစ်ကြိမ် အတိုးထည့်သွင်းပေးပါသည်။
ငွေသွင်းခြင်း ကို အောက်ပါ နည်းလမ်းများဖြင့် ပြုလုပ်နိုင်ပါသည် -
- CB Bank ခွဲများတွင် စာရင်းပိုင်ရှင်ကိုယ်တိုင်သော်လည်းကောင်
- ချက်လက်မှတ်များဖြင့်သော်လည်းကောင်း
- ငွေပေးအမိန့်လွှာ ဖြင့်သော်လည်းကောင်း
- ငွေလွှဲ ဖြင့်သော်လည်းကောင်း
- ကိုယ်စားလှယ်ဖြင့်သော်လည်းကောင်း
- Mobile Agents များမှတဆင့်သော်လည်းကောင်း
ငွေစုစာအုပ် ပျောက်ဆုံးသွားလျှင် မိမိ ဘဏ်စာရင်း ဖွင့်ထားသည့် CB Bank ဘဏ်ခွဲသို့ သွားရောက် အကြောင်းကြားပြီး စာအုပ်အသစ်အားဝန်ဆောင်ခ ၅၀၀ ကျပ်ဖြင့် ထုတ်ယူနိုင်ပါသည်။
Mobile Banking နှင့် Internet Bankingကို ဘဏ်စာရင်းကို ချိတ်ဆက်နိုင်ပါသည်။
The maximum amount is SGD 5000 per remitter per day. The minimum amount is SGD 100.