Easi Credit ချေးငွေဆိုသည်မှာ မိမိတို့အပ်နှံထားသည့် ငွေစုစာရင်း (သို့) စာရင်းသေအပ်ငွေအား ဘဏ်တွင် အာမခံပစ္စည်းအဖြစ်ထားရှိ၍ ချေးငွေရယူနိုင်သော ချေးငွေအမျိုးအစားဖြစ်ပါသည်။ ချေးငွေရယူထားသည့်အချိန်တွင် အပ်နှံထားသော ငွေပမာဏအပေါ်တွင် အတိုးနှုန်းပုံမှန်အတိုင်း ရရှိသွားမည်ဖြစ်ပါသည်။
FAQ
ဘဏ်စာရင်း လက်ကိုင်ထားသူအနေဖြင့် ATM ကဒ် တစ်ခု ရမှာ ဖြစ်ပြီး ထိုကဒ်ဖြင့် Mobile (သို့) Internet Banking တို့ကို ချိတ်ဆက်အသုံးပြုနိုင်သည့်အပြင် eStatement သို့မဟုတ် eAlert များကို သတ်မှတ်ဝန်ဆောင်ခဖြင့် ရယူ နိုင်ပါသည်။
နေ့တစ်နေ့လက်ကျန်ငွေပေါ်တွင် နေ့စဉ် အတိုးတွက်ချက်ပေးပါသည်။ အတိုးနှုန်းပမာဏများကို (၃)လတစ်ကြိမ် ထည့်သွင်းပေးပါသည်။
ငွေသွင်းခြင်း ကို အောက်ပါ နည်းလမ်းများဖြင့် ပြုလုပ်နိုင်ပါသည် -
- CB Bank ခွဲများတွင် စာရင်းပိုင်ရှင်ကိုယ်တိုင်သော်လည်းကောင်း
- ချက်လက်မှတ်များဖြင့်သော်လည်းကောင်း
- ငွေပေးအမိန့်လွှာ ဖြင့်သော်လည်းကောင်း
- ငွေလွှဲ ဖြင့်သော်လည်းကောင်း
- ကိုယ်စားလှယ်ဖြင့်သော်လည်းကောင်း
- Mobile Agents များမှတဆင့်သော်လည်းကောင်း
ခေါ်ယူအပ်ငွေစာရင်း သည် လက်ရှိ ငွေစုဘဏ်စာရင်းကဲ့သို့ အပ်နှံနိုင်ပြီး ၎င်းအပ်နှံငွေ၏ နေ့တစ်နေ့လက်ကျန်ငွေပေါ်တွင် နေ့စဉ် အတိုးတွက်ချက်ပေးမည့် ဘဏ်စာရင်းအမျိုးအစား ဖြစ်ပါသည်။
SWIFT/BIC Code: CPOBMMMY
Bank/Institution: Co-Operative Bank Limited (Public Bank)
Address: No.46, Union Financial Center, Corner of Mahabandoola Road and Theinphyu Road, Botahtaung Tsp, Yangon, Myanmar.
လူကြီးမင်းတို့၏ နိုင်ငံခြားငွေစာရင်းရှင်စာရင်း မှာ CB ဘဏ်၏ အခြားသော ဘဏ်စာရင်းများ ကို ငွေသားလွှဲပေးနိုင်ပါသည်။ အပြည်ပြည်ဆိုင်ဂာ ငွေလွှဲခြင်း အတွက် အခြားသော လုပ်ငန်းများ သို့မဟုတ် SWIFT မှတစ်ဆင့် လွှဲပို့နိုင်ပါသည်။
နိုင်ငံခြားငွေစာရင်းရှင်စာရင်းသည် mobile banking နှင့် ချိတ်ဆက်၍ ဝင်ရောက်ခြင်း မပြုလုပ်နိုင်ပါ။
- ရပါသည်။ လက်ရှိ ဘဏ်စာရင်း ကို နောက်ထပ် သက်ဆိုင်သူ တစ်ယောက် ထည့်သွင်း ၍ တွဲဖက်စာရင်း အဖြစ် ပြောင်းလဲနိုင်ပါသည်။ တွဲဖက်စာရင်း အတွက် နှစ်ဦးလုံး(စာရင်းပိုင်ရှင်အားလုံး)ခွင့်ပြုချက်ဖြင့် ဘဏ်စာရင်းဆောင်ရွက်ခွင့်ပြုခြင်း(သို့)တစ်ဦးတည်းခွင့်ပြုချက်ဖြင့်ဆောင်ရွက်ခွင့်ပြုခြင်း တို့ကို ပြုလုပ်နိုင်ပါသည်။
- တွဲဖက်စာရင်း ပြောင်းလဲရန် နီးစပ်ရာ CB Bank ဘဏ်ခွဲသို့ စာရင်းပိုင်ရှင်ကိုယ်တိုင် မိမိမှတ်ပုံတင်နှင့် စာရင်းဖွင့်လှစ်နိုင်ပါသည်။
သတ်မှတ်ထားသော နိုင်ငံခြားငွေ (၄)မျိုးမှ ကြိုက်နှစ်သက်ရာ ငွေကို ထုတ်နိုင်ပြီး မြန်မာကျပ်ဖြင့် လည်း ပြောင်းလဲနိုင်ပါသည်။ လုပ်ငန်းများအတွက် ယခု ဘဏ်စာရင်း တွင် Cash Management ငွေသားစီမံခန့်ခွဲခြင်း လုပ်ငန်းတာဝန်များကိုလည်း ပြုလုပ်နိုင်ပါသည်။