FAQ

ပြုလုပ်နိုင်ပါသည်။ ပြုလုပ်လိုသော ငွေလွှဲကို ပြန်လည်ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းများကို CB Bank ဘဏ်ခွဲများတွင် ပြုလုပ်နိုင်ပါသည်။

ပစ္စည်းပိုင်ရှင်၏ သိုလှောင်ရုံတွင်သာ ထိန်းသိမ်းထားရှိပါက ဘဏ်၏ခွင့်ပြုချက်မရရှိဘဲ ပစ္စည်းထုတ်သွင်းခြင်းမပြုရ၊ သိုလှောင်ရုံ ဖွင့်ပိတ်ခြင်းမပြုရ၊ သိုလှောင်ရုံ၏သော့များကို ဘဏ်မှ သိမ်းဆည်းထားပါမည်။ (သို့မဟုတ်)ဘဏ်ပိုင်သော့ဖြင့် သော့ခတ်ထားပါမည်။

ဘဏ်မှခန့်အပ်ထားသော သီးနှံရာဖြတ်များမှ အာမခံအဖြစ်ထားရှိမည့် လယ်ယာထွက်ကုန်ပစ္စည်းများကို စစ်ဆေးပြီးနောက်တွင် ရရှိနိုင်မည့် ချေးငွေပမာဏကို သိရှိနိုင်မည်ဖြစ်ပါသည်။ ထိုအာမခံပစ္စည်းများအား ဘဏ်လက်ဝယ်ရောက်ရှိမှသာ ချေးငွေအား ချထားပေးမည်ဖြစ်ပါသည်။

ဘဏ်အားဆက်သွယ်၍ ချေးငွေကာလကိုတိုးမြင့်နိုင်ပါသည်။

ရွှေနှင့်ရွှေထည်ပစ္စည်း အာမခံချေးငွေ ကာလသည် (၃)လကြာမြင့်ပါသည်။

ရွှေတုံး၊ ရွှေခဲ၊ ရွှေချောင်းများသာမကရွှေနှင့်ရွှေထည်ပစ္စည်းများ၊ ရွှေဖြတ်စများကိုရွှေအရည်အသွေး စစ်ဆေးသည့်ရွှေရည်စမ်းစက်ဖြင့် စစ်ဆေးပါသည်။ ရာဖြတ်တန်ဖိုး၏၇၀% နှင့် ၇၅% ထိ ချေးငွေခွင့်ပြုပါသည်။

လစဉ်အရစ်ကျပေးဆပ်ပြီး ကျန်ပေးရန်ရှိနေသော ချေးငွေပမာဏအပေါ်တွင်သာ အတိုးပေးရမည်ဖြစ်ပါသည်။

အာမခံပစ္စည်းအား အတင်းအကျပ်ရောင်းဈေး၏ ၅၀% အထိအများဆုံး ချေးငွေရယူနိုင်ပါသည်။

ချိုသာချေးငွေရယူရန် အိမ်နှင့်အဆောက်အဦး စသည့် မရွှေ့ပြောင်းနိုင်သော ပိုင်ဆိုင်မှုများအား အာမခံစ္စည်းအဖြစ်ထားရှိရန် လိုအပ်ပါသည်။

အတိုးနှုန်းအား လစဉ်တွက်ပါသည်။

Pages