Search form

CB Bank ၏ အထူးငွေထုတ်ပေးမည့် ဘဏ်ခွဲများ

CB Bank ၏ အထူးငွေထုတ်ပေးမည့် ဘဏ်ခွဲများ

CB Bank Customer ကြီးများအနေဖြင့် ငွေစုဘဏ်စာအုပ်သာရှိပြီး ATM Card နှင့် CB Pay ချိတ်ဆက်ထားခြင်းမရှိသော Customer များအနက် သံဃာတော်နှင့် သီလရှင်များအပါအဝင် ဘာသာပေါင်းစုံမှ ဘာသာရေးဆိုင်ရာအကြီးအကဲများ၊ အဘိုးအဘွားများ၊ ကိုယ်ဝန်ဆောင်နှင့် မသန်စွမ်းများ အရေးပေါ်အသုံးပြုရန် ငွေလိုအပ်နေပါက သီးသန့်ထုတ်ပေးမည့်ဘဏ်ခွဲအား ရန်ကုန်မြို့တွင် အောက်ပါအတိုင်း (၁၈.၅.၂၀၂၁) ရက်နေ့မှစတင်၍ အထူးဖွင့်လှစ်ပေးပါမည်။

၁။ ငွေစုဘဏ် စာရင်းသာဖြစ်ရမည်ဖြစ်ပြီး ATM Card & CB Pay ချိတ်ဆက်ထားခြင်းမရှိသော Account များ

၂။ ငွေစုဘဏ် စာအုပ်၏ စာရင်းအမှတ်တွင် (xxxx 6001 xxxx xxxx) ဖြင့် စသော Account No များကိုသာ ဆိုလိုပါသည်။

၃။ သံဃာတော်နှင့် သီလရှင်များအပါအဝင် ဘာသာပေါင်းစုံမှ ဘာသာရေးဆိုင်ရာအကြီးအကဲများ၊ အသက် ၆၅ နှစ်အထက် အဘိုး၊ အဘွား၊ မသန်စွမ်းနှင့် ကိုယ်ဝန်ဆောင်များ၏ ငွေစုဘဏ်စာရင်းများ ဖြစ်ရပါမည်။

၄။ တစ်ပတ်လျှင်တစ်ကြိမ် သတ်မှတ်ငွေပမာဏအတိုင်းသာ ထုတ်ပေးပါမည်။

၅. CB Bank တွင် မူလကတည်းက စုဆောင်းထားသော ကိုယ်ပိုင်ငွေစုဘဏ်စာရင်းများ ဖြစ်ရပါမည်။

ဝန်ဆောင်မှုပေးမည့် အထူးဘဏ်ခွဲများ

၁. လမ်းမ‌​တော် (ဗိုလ်ချုပ်လမ်းနှင့် ဝါးတန်းလမ်း‌ထောင့်) ဘဏ်ခွဲ ဖုန်း ၀၁-၂၃၀၂၅၅၉

၂. မင်္ဂလာတောင်ညွန့် (ယုဇနပလာဇာ) ဘဏ်ခွဲ ဖုန်း ၀၁-၈၂၀၀ ၇၈၇

၃. ကျောက်တံတား (ကုန်သည်လမ်း) ဘဏ်ခွဲ ဖုန်း ၀၁-၂၅၄၈၁၈

ဖော်ပြပါဘဏ်ခွဲ ၃ ဘဏ်တွင် တစ်ရက်လျှင် Customer ဦးရေ ၂၅ ဦးစီ ထုတ်ပေးမည်ဖြစ်ပြီး အလားတူဘဏ်ခွဲများ တိုးချဲ့ဖွင့်လှစ်ပေးရန် စီစဉ်နေပါသည်။

အမှန်တကယ် ငွေသားလိုအပ်နေသူများရရှိစေရန်အတွက် တစ်ပတ်တစ်ကြိမ်သာ ထုတ်ယူပေးပါရန်နှင့် လုပ်ငန်းဆောင်ရွက်မှု စနစ်တကျဖြစ်စေရေး ကြိုတင်တိုကင်ယူစနစ်ဖြင့် ကူညီပေးပါရန်။

တစ်ပတ်စာတိုကင်အား တနင်္လာနေ့တိုင်း ယှဉ်တွဲဖော်ပြပါဘဏ်ခွဲအလိုက် Phone No များသို့ နံနက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီအတွင်း ဆက်သွယ်တိုကင်ရယူနိုင်ပါမည်။

သတ်မှတ်ချက်နှင့်အကျုံးဝင်သော Customer များမှလွဲ၍ အခြားအကြောင်းအရာများ ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းခြင်းမပြုဘဲနှင့် ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။