ငွေစုဘဏ်အပ်ငွေစာရင်း
Passbook Savings Account (ငွေစုဘဏ်အပ်ငွေစာရင်း) သည် ငွေစုစာအုပ်နှင့် ငွေသွင်းငွေထုတ်ကို မှတ်တမ်းတင်နိုင်သည့် ဘဏ်စာရင်းအမျိုးအစားဖြစ်ပါသည်။
- မြန်မာတစ်ပြည်လုံးရှိ CB Bank ၏ ATM များတွင် ငွေထုတ်ယူနိုင်ခြင်း၊ ငွေလွှဲနိုင်ခြင်း။
- မိမိစာရင်းသို့ ငွေပေးသွင်းခြင်းကို ငွေသား၊ ချက်လက်မှတ်ငွေပေးအမိန့်လွှာ၊ ငွေလွှဲများဖြင့်ဆောင်ရွက်နိုင်ခြင်း။
- CB Bank Mobile Banking နှင့် Internet Banking မှတစ်ဆင့် ၂၄ နာရီ ပိတ်ရက်မရှိ မိမိ၏ဘဏ်စာရင်း Transaction များကို မိမိကိုယ်တိုင် ဆောင်ရွက်နိုင်ခြင်း။
- အတိုးနှုန်း – 8% (တစ်နှစ်လျှင်)
- ဘဏ်စာရင်း ဖွင့်ခြင်းအတွက် ဝန်ဆောင်ခ ကောက်ခံခြင်းမရှိပါ။
-
စာရင်းထိန်းသိမ်းခ - ၁၅၀၀ ကျပ် (တစ်နှစ်အတွင်း ငွေသွင်းငွေထုတ်ဆောင်ရွက်မှု Transaction မရှိသော စာရင်းများအတွက်သာ ကောက်ခံ ပါသည်။)
- ကနဦး အနည်းဆုံးစာရင်းဖွင့်ငွေ - (၁,၀၀၀/-) ကျပ်
- အသက် (၁၈) နှစ် ပြည့်ရပါမည်။
- မြန်မာနိုင်ငံသား ဖြစ်ရပါမည်။
- နိုင်ငံသားစိစစ်ရေးကတ်ပြား ယူဆောင်လာရန် လိုအပ်ပါသည်။
- မြန်မာနိုင်ငံအသိအမှတ်ပြု၊ ခွင့်ပြုလိုင်စင်ရထားသော ကုမ္ပဏီလုပ်ငန်းအဖွဲ့အစည်းများအတွက် လိုအပ်ချက်အလိုက် ဘဏ်မှ ထပ်မံတောင်းဆိုချက်များ ရှိနိုင်ပါသည်။
(၁,၀၀၀/-) ကျပ်
Mobile Banking နှင့် Internet Banking ကို ဘဏ်စာရင်းနှင့် ချိတ်ဆက်နိုင်ပါသည်။
ငွေစုစာအုပ် ပျောက်ဆုံးသွားလျှင် မိမိဘဏ်စာရင်း ဖွင့်ထားသည့် CB Bank ဘဏ်ခွဲသို့ သွားရောက် အကြောင်းကြားပြီး စာအုပ်အသစ်အား ဝန်ဆောင်ခ (၅၀၀/-) ကျပ်ဖြင့် ထုတ်ယူနိုင်ပါသည်။
ငွေသွင်းခြင်း ကို အောက်ပါ နည်းလမ်းများဖြင့် ပြုလုပ်နိုင်ပါသည် -
- CB Bank ၏ ဘဏ်ခွဲများတွင် စာရင်းပိုင်ရှင်ကိုယ်တိုင်သော်လည်းကောင်း၊
- ချက်လက်မှတ်များ ဖြင့်သော်လည်းကောင်း၊
- ငွေပေးအမိန့်လွှာ ဖြင့်သော်လည်းကောင်း၊
- ငွေလွှဲ ဖြင့်သော်လည်းကောင်း၊
- ကိုယ်စားလှယ် ဖြင့်သော်လည်းကောင်း၊
- Mobile Agents များမှတစ်ဆင့်သော်လည်းကောင်း ငွေသွင်းနိုင်ပါသည်။
လတစ်လ၏ လဆန်း (၅) ရက်နေ့ နောက်ပိုင်းအနည်းဆုံးလက်ကျန်ပေါ်တွင် အတိုးတွက်ချက်ပေးပြီး (၃) လတစ်ကြိမ် အတိုးထည့်သွင်းပေးပါသည်။
ဘဏ်ခွဲများတွင် စာရင်းပိုင်ရှင်ကိုယ်တိုင် မိမိနိုင်ငံသားစိစစ်ရေးကတ်ပြားဖြင့် ငွေထုတ်ယူနိုင်ပါသည်။
မိမိ ဘဏ်စာရင်း ဖွင့်ထားသော ဘဏ်ခွဲအပြင် အခြားသော ဘဏ်ခွဲများတွင်လည်း ငွေထုတ်ယူနိုင်ပါသည်။ နယ်မြေတူသတ်မှတ်ထားသော ဘဏ်ခွဲများတွင် ဝန်ဆောင်ခ မကောက်ခံသော်လည်း နယ်မြေမတူသတ်မှတ်ထားသော ဘဏ်ခွဲများတွင် ဝန်ဆောင်ခကို ငွေလွှဲခအတိုင်းကောက်ခံပါသည်။
ပြုလုပ်နိုင်ပါသည်။ ပုံမှန် ငွေပေးချေမှုများ ( ဥပမာ အသက်အာမခံလစဉ်ကြေး၊ ရှယ်ယာကြေး၊ ဘေပေးချေမှု၊ ) နှင့် စတော့ရှယ်ယာများ နိုင်ငံခြားငွေကြေးများ ရင်းနှီးမြှုပ်နှံမှုများအတွက် ချိတ်ဆက်ဆောင်ရွက်နိုင်ပါသည်။