ယခု ငွေစုစာရင်းသည် ငွေအပ်နှံထားသည့် သက်တမ်း အပေါ်မူတည်၍ အခြားဘဏ်စာရင်းများထက် အတိုးနှုန်းကို ပိုမိုရရှိနိုင်သော ငွေစုဘဏ်စာရင်းဖြစ်ပါသည်။
- များများစုပြီး များများတိုးပွားမည်။
- ငွေစုစာရင်း ပိုင်ရှင် မိမိကြိုက်နှစ်သက်ရာ အချိန်ကာလတစ်ခုရွေးချယ်နိုင်ပြီး အပ်နှံကာလအလိုက် သတ်မှတ်အတိုးနှုန်းကို ခံစားနိုင်ပါသည်။
- အပ်နှံကာလ (၁)လ မှ (၁)နှစ်အထိ ရွေးချယ်နိုင်သည်။
- သက်တမ်းပြည့်သွားသည့် ရင်းနှီးမြှုပ်နှံမှုများအတွက် အတိုးအရင်းပေါင်းပမာဏအသစ်ဖြင့် ဆက်လက်အပ်နှံနိုင်ရန် ရွေးချယ်မှုများရှိပါသည်။
- ဘဏ်စာရင်း ဖွင့်ခြင်းအတွက် ဝန်ဆောင်ခ ကောက်ခံခြင်းမရှိပါ။
- ဘဏ်စာရင်း ဆောင်ရွက်မှုများအတွက် ဝန်ဆောင်ခ ကောက်ခံခြင်းမရှိပါ။
ငွေသွင်းကာလ |
အတိုးနှုန်း |
၁ လ |
၉.၅ % နှစ်စဉ် မှ ၁၀.၅% နှစ်စဉ် |
၃ လ |
၉.၇၅ % နှစ်စဉ် မှ ၁၀.၇၅%နှစ်စဉ် |
၆ လ |
၁၀ % နှစ်စဉ် မှ ၁၁ %နှစ်စဉ် |
၉ လ |
၁၀.၂၅ % နှစ်စဉ် မှ ၁၁.၁၅%နှစ်စဉ် |
၁၂ လ |
၁၀.၅ % နှစ်စဉ် မှ ၁၁.၂၅%နှစ်စဉ် |
- အနည်းဆုံး ကနဦး စာရင်းဖွင့်ငွေ - (၁,၀၀၀/-) ကျပ်
- မြန်မာနိုင်ငံသား ဖြစ်ရပါမည်။
- အသက် (၁၈) နှစ်ပြည့်ရပါမည်။
- နိုင်ငံသားစိစစ်ရေးကတ်ပြား ယူဆောင်လာရန် လိုအပ်ပါသည်။
- မြန်မာနိုင်ငံအသိအမှတ်ပြု၊ ခွင့်ပြုလိုင်စင်ရထားသော ကုမ္ပဏီလုပ်ငန်း ၊ အဖွဲ့အစည်းများ စာရင်းဖွင့်နိုင်ပါသည်။
- ကုမ္ပဏီလုပ်ငန်း ၊ အဖွဲ့အစည်းများအတွက် လိုအပ်ချက်အလိုက် ဘဏ်မှ ထပ်မံတောင်းဆိုချက်များရှိနိုင်ပါသည်။
Fixed deposit account အချိန်ပိုင်းအပ်ငွေစာရင်း ဆိုသည်မှာ ငွေသွင်းရင်းနှီးမြှုပ်နှံမှု ကာလတစ်ခုကိုရွေး၍ သာမန်ငွေစုစာရင်းထက် ပိုမိုများပြားသော အတိုးနှုန်းများကို ခံစားနိုင်သည့်အမျိုးအစားဖြစ်ပါသည်။ အချိန်ပိုင်းအပ်ငွေအတွက် အပ်နှံကာလသတ်မှတ်ချက်ပါဝင်သော Certificate ထုတ်ပေးပါသည်။
ငွေသွင်းစဉ်ကထုတ်ပေးခဲ့သည့် ထောက်ခံချက်လက်မှတ် ပြရန်လိုအပ်ပါသည်။
သက်တမ်းထပ်မံ တိုးနိုင်ပါသည်။
စာရင်းပိုင်ရှင်ကိုယ်တိုင် ညွှန်ကြားချက်ပေးပြီးသော်လည်းကောင်း၊ နီးစပ်ရာဘဏ်ခွဲများသို့ ကိုယ်တိုင်လာရောက်ပြီးသော်လည်းကောင်း သက်တမ်းတိုးဆောင်ရွက်နိုင်ပါသည်။
ငွေစု Certificate ပျောက်ဆုံးပါက စာရင်းပိုင်ရှင်ကိုယ်တိုင် CB Bank ရုံးချုပ် (သို့မဟုတ်) မိမိဘဏ်စာရင်းစတင်ဖွင့်ထားသော ဘဏ်ခွဲတွင်သွားရောက်၍ လက်မှတ်အသစ်ကို ဝန်ဆောင်ခ (၁,၀၀၀/-) ကျပ်နှင့် ပြန်လည်ထုတ်ယူနိုင်ပါသည်။
အပ်နှံကာလအလိုက် အတိုးနှုန်းအား လစဉ်တွက်ချက်ပေးထားပါသည်။ ကာလပြည့်ရောက်လျှင် တိုးရင်းပေါင်းအား ညွှန်ကြားထားသော စာရင်းသို့ ထည့်သွင်းပေးပါသည်။ ကာလမပြည့်မီထုတ်ယူပါက သတ်မှတ်အတိုးနှုန်းထက်လျော့ပြီးသော်လည်းကောင်း (သို့မဟုတ်) ဘဏ်မှသတ်မှတ်သော စည်းကမ်းချက်နှင့် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ကာလပြည့်ရောက်လျှင် တိုးရင်းပေါင်းအား ညွှန်ကြားထားသော စာရင်းသို့ ထည့်သွင်းပေးပါသည်။ ကာလမပြည့်မီထုတ်ယူပါက သတ်မှတ်အတိုးနှုန်းထက်လျော့ပြီးသော်လည်းကောင်း (သို့မဟုတ်) ဘဏ်မှသတ်မှတ်သော စည်းကမ်းချက်နှင့် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ငွေစု Certificate အား လွှဲပြောင်းခြင်း ခွင့်မပြုပါ။