သင့်ဘဝနေထိုင်မှုနှင့် ကိုက်ညီသော တိုက်ခန်း/ ကွန်ဒိုအခန်း/ လုံးချင်းအိမ် ပိုင်ဆိုင်ဖို့ CB Bank Home Loan ဖြင့်ချိတ်ဆက်လိုက်ပါ။



- လစဉ်ပုံမှန်ဝင်ငွေတစ်ခုရှိရုံဖြင့် အိမ်တစ်လုံးပိုင်ဆိုင်နိုင်ခြင်း။
- (၇၀%) အထိ ချေးငွေရယူနိုင်ခြင်း - သင့်စိတ်ကူးထဲက အိမ်လေးကို တန်ဖိုး၏ (၃၀%) ရှိရုံဖြင့် ဝယ်ယူနိုင်ခြင်း။
- ချေးငွေသက်တမ်းအများဆုံး (၁၅)နှစ်အထိ ရယူနိုင်ခြင်း။
ကနဦးပေးသွင်းရမည့်နှုန်း | : | ၃၀% (အနည်းဆုံး) |
အတိုးနှုန်း | : | ၁၀% (တစ်နှစ်လျှင်) |
ဝန်ဆောင်ခ | : | အများဆုံး ၂% (ချေးငွေပမာဏအပေါ်တွင်) |
ချေးငွေသက်တမ်း | : | အများဆုံး (၁၅) နှစ် |
ရှေ့နေခ နှင့် ရာဖြတ်ခ | : | (၆၀,၀၀၀/-)ကျပ် |
ချေးငွေစောဆပ်ခြင်း | : | ချေးငွေသက်တမ်း (၃)နှစ်မတိုင်မီ ပြန်လည်ပေးဆပ်ပါက ပေးဆပ်ရန်ကျန်ရှိသော ချေးငွေလက်ကျန်ပမာဏ၏ (၃%) |
အိမ်ရာပိုင်ဆိုင်လိုသောမြန်မာနိုင်ငံသားများအတွက် လစဉ်ပုံမှန်ဝင်ငွေရှိလျှင် ဝယ်ယူလိုသော အိမ်တန်ဖိုး၏ အနည်းဆုံး ၃၀% ပေးသွင်းပြီး
ချေးငွေသက်တမ်း (၁၅)နှစ် အများဆုံး ဖြင့် လစဉ်အရစ်ကျပြန်လည်ပေးဆပ်နိုင်သော ဘာရေးအထောက်အပံ့ စီမံကိန်းတစ်ခုဖြစ်ပါသည်။
အသက် (၁၈)နှစ်ပြည့်ပြီး လစဉ်ပုံမှန်ဝင်ငွေရှိသော မြန်မာနိုင်ငံသားတိုင်း လျှောက်ထားနိုင်ပါသည်။
အိမ်ထောင်စုစာရင်းတူသော မိသားစုဝင် (၂)ဦး ပူးတွဲလျှောက်ထားနိုင်ပါသည်။
လစာဝင်ငွေမှာ ဝယ်ယူမည့် တိုက်ခန်းတန်ဖိုးပေါ်မူတည်၍ ဘဏ်နှင့်ချိတ်ဆက်ဆွေးနွေးနိုင်ပါသည်။
ဂရန်မြေ ၊ ဘိုးဘွားပိုင်မြေ ၊ စည်ပင်မြေ နှင့် အိုးအိမ်မြေပေါ်တွင်တည်ဆောက်ထားသော လုံးချင်းအိမ်ရာ၊ ကွန်ဒို ၊ တိုက်ခန်းများ ကို ရွေးချယ်ဝယ်ယူနိုင်ပါသည်။
စာရွက်စာတမ်း အပြည့်အစုံတင်ပြီး ဘဏ်၏သတ်မှတ်ချက်နှင့်ကိုက်ညီမှုရှိပါက (၁)လအတွင်း ချေးငွေခွင့်ပြုချက်ရနိုင်ပါသည်။
နီးစပ်ရာ ဘဏ်ခွဲများတွင် မေးမြန်းစုံစမ်းပြီး လိုအပ်သော စာရွက်စာတမ်းများနှင့်တကွ လျှောက်ထားနိုင် ပါသည်။ (သို့) CB Bank customer service ဖုန်းနံပါတ် 01 2317770 သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။