Why CB Bank
CB Bank သည် ပြည်တွင်းပြည်ပ မှ အဖွဲ့ အစည်း များနှင့် လက်တွဲလုပ်ကိုင်၍ အသေးစားနှင့် အလတ်စား SME လုပ်ငန်းများအား ချေးငွေဆိုင်ရာ ဝန်ဆောင်မှုနှင့် အခြား ဝန်ဆောင်မှုများ ပေးဆောင်လာသည်မှာ နှစ်ပေါင်းများစွာ ကြာရှိခဲ့ပါပြီ။ SME များလိုအပ်သည့် ချေးငွေထုတ်ပေးခြင်း အစရှိသည့် ဘဏ်ဝန်ဆောင်မှုများထပ် ပိုမိုသော ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိပါသည်။ SME လုပ်ငန်းများတိုးတက်စေရန် ရည်ရွယ်ကာ ဘဏ္ဍာရေး ဆိုင်ရာ ဝန်ဆောင်မှုများ အပြင် သင်တန်းများ၊ အကြံပေးဝန်ဆောင်မှုများ၊ Networking ပွဲများ၊ လုပ်ငန်း စီမံခန့်ခွဲ သည့် အပ်ပလီကေးရှင်း ဝန်ဆောင်မှု အစရှိသော အစီအစဉ်များ ဆောင်ရွက်ပေးလျှက်ရှိပါသည်။

CB Bank အနေဖြင့် မြန်မာ့ထိပ်တန်းနည်းပညာဘဏ် အဖြင့် ဦးဆောင်လျှက်ရှိပြီး အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးဝန်ဆောင်မှုများကို ပေးလျှက်ရှိပါသည်။

CB Bank သည် Global Finance Magazine မှ Best Bank in Myanmar ဆုကို ၅ ကြိမ်တိုင်တိုင်ဆွတ်ခူးနိုင်ခဲ့ပါသည်။

SME သည် မြန်မာနိုင်ငံတွင် များစွာ အရေးပါသော ကဏ္ဍ ဖြစ်သည်။ အများအားဖြင့် SME များ စီးပွားရေးတိုးချဲ့ရာတွင် ချေးငွေများသည် များစွာ အထောက်အပံ့ပြုပါသည်။ သို့ရာတွင် ချေးငွေလျှောက်ထားပုံနှင့် မရင်းနှီး သောကြောင့် တွန့်ဆုတ်မှုများ ရှိလာပါသည်။

Asia Money ရဲ့ Best Digital Bank in Myanmar ဆုအား CB Bank မှ ယခုအကြိမ်အပါအဝင် (၃) ကြိမ်မြောက် ဆွတ်ခူးခြင်းဖြစ်ပါသည်။


