စာရင်းသေအပ်ငွေစာရင်းသည် ငွေအပ်နှံထားသည့် သက်တမ်းအပေါ်မူတည်၍ အခြားဘဏ်စာရင်းများထက် အတိုးနှုန်းကို ပိုမိုတွက်ပေးသော ငွေစုဘဏ်စာရင်းဖြစ်ပါသည်။
- များများစုပြီး များများတိုးပွားမည် - သာမန်ငွေစုစာရင်းထက် ပိုမိုများပြားသော အတိုးနှုန်းများကို ခံစားနိုင်မယ့် အခွင့်ကောင်းရယူလိုက်ပါ။ နှစ်စဉ်တိုး ၉.၅% မှ ၁၀.၅% အထိ အတိုးနှုန်းများကို သေချာပေါက်ပြန်လည်ရရှိမှာဖြစ်ပြီး မိမိတို့၏အပိုငွေများကို လွယ်ကူလျင်မြန်စွာ နဲ့ လုံခြုံစိတ်ချစွာ တိုးပွားနိုင်မည့် အခွင့်အရေးပါ။ ငွေစုစာရင်းပိုင်ရှင်သည် အပ်နှံမည့်ငွေအား အချိန်ကာလ ရွေးချယ်အပ်နှံနိုင်ပြီး အပ်နှံသောကာလအလိုက် အတိုးနှုန်းကို ခံစားနိုင်မည်ဖြစ်ပါသည်။
- သင်၏လိုအပ်ချက်အတိုင်း ရွေးချယ်နိုင်မှုများ - သင့်အတွက်အဆင်ပြေဆုံးရင်းနှီးမှု ကာလကို (၁) လ မှ (၁) နှစ်ထိ ရွေးချယ်နိုင်ပါသည်။ သက်တမ်းပြည့်သွားသည့် ရင်းနှီးမြှုပ်နှံမှုများအတွက် အတိုးအရင်းပေါင်းပမာဏ အသစ်ဖြင့်ဆက်လက် ရင်းနှီးနိုင်ရန်ရွေးချယ်မှုများ ရှိပါသည်။
ငွေသွင်းကာလ |
အတိုးနှုန်း |
၁ လ |
၉.၅ % နှစ်စဉ် မှ ၁၀.၅% နှစ်စဉ် |
၃ လ |
၉.၇၅ % နှစ်စဉ် မှ ၁၀..၇၅%နှစ်စဉ် |
၆ လ |
၁၀ % နှစ်စဉ် မှ ၁၁%နှစ်စဉ် |
၉ လ |
၁၀.၂၅ % နှစ်စဉ် မှ ၁၁.၁၅%နှစ်စဉ် |
၁၂ လ |
၁၀.၅ % နှစ်စဉ် မှ ၁၁.၂၅%နှစ်စဉ် |
အနည်းဆုံး ကနဦး စာရင်းဖွင့်ငွေ | : | (၁၀,၀၀၀/-) ကျပ် |
အကျုံးဝင်မှု | : | လုပ်ငန်းသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်းရှိရမည်။ |
- သင်းဖွဲ့စည်းမျဉ်း
- ကုမ္ပဏီမှတ်ပုံတင် လက်မှတ်
- လုပ်ငန်း လိုင်စင်
- ဒါရိုက်တာ ဘုတ်အဖွဲ့ အမည် စရင်း
- ဒါရိုက်တာ ဘုတ်အဖွဲ့ အစည်းအဝေး မှတ်တမ်းနှင့် ဘဏ်စရင်းဖွင့်ရန်ဆုံးဖြတ်မှု
- အဖွဲ့အစည်း ကိုယ်စား ငွေသွင်းထုတ် များပြုလုပ်မည့် တာဝန်ကျသူများနှင့် ၎င်းတို့၏ ထိုးမြဲလက်မှတ်နမူနာများ
- ကုမ္ပဏီ တံဆိပ်တုံး
နီးစပ်ရာ CB Bank ဘဏ်ခွဲ သို့ ရုံးချုပ်သို့ သွား၍ လိုအပ်သည့်စာရွက်စာတမ်းများအကြောင်း မေးမြန်းဆွေးနွေး နိုင်ပါသည်။
Fixed deposit account အချိန်ပိုင်းအပ်ငွေစာရင်း ဆိုသည်မှာ ငွေသွင်း ရင်းနှီးမြှုပ်နှံမှု ကာလတစ်ခုကို ရွေး၍ သာမန်ငွေစုစာရင်းထက် ပိုမိုများပြားသော အတိုးနှုန်းများကို ခံစားနိုင်သည့် အမျိုးအစားဖြစ်ပါသည်။ အချိန်ပိုင်းအပ်ငွေအတွက် အပ်နှံကာလသတ်မှတ်ချက်ပါဝင်သော Certificate ထုတ်ပေးပါသည်။
ငွေသွင်းစဉ်ကထုတ်ပေးခဲ့သည့် ထောက်ခံချက်လက်မှတ် ပြရန်လိုအပ်ပါသည်။
သက်တမ်းပြည့်သည့်ရက်တွင် အပ်နှံထားသည့် ငွေပမာဏကို ဘဏ်စာရင်း ပိုင်ရှင်ညွှန်ကြားမှုအတိုင်း ၎င်းပြောင်းရွှေ့စေလိုသည့် စာရင်းသို့ ရွေ့ပြောင်းပေးပါမည်။ ထိုစာရင်းထဲမှ ပြန်လည် ထုတ်ယူရရှိနိုင်ပါသည်။
ထပ်မံတိုးနိုင်ပါသည်။ စာရင်းပိုင်ရှင်မှ ဘဏ်သို့ ညွှန်ကြားချက်များ ပေးပို့၍ အလိုအလျောက် သက်တမ်းတိုးခြင်းများ ပြုလုပ်နိုင်ပါသည်။
စာရင်းပိုင်ရှင်ကိုယ်တိုင် ညွှန်ကြားချက်ပေးပြီးသော်လည်းကောင်း၊ နီးစပ်ရာဘဏ်ခွဲများသို့ ကိုယ်တိုင်လာရောက်ပြီးသော်လည်းကောင်း သက်တမ်းတိုး ဆောင်ရွက်နိုင်ပါသည်။
ငွေသွင်း ထောက်ခံချက်လက်မှတ်ပျောက်ဆုံးသွားပါက ဘဏ်စာရင်း ကိုင်ဆောင်ထားသူသည် CB Bank ရုံးချုပ် (သို့) မိမိဘဏ်စာရင်းစတင်ဖွင့်ထားသောဘဏ်ခွဲသို့ သွားရောက်၍ ငွေသွင်းထောက်ခံချက် လက်မှတ်အသစ်ကို ပြန်လည်ထုတ်ယူနိုင်ပါသည်။ ထိုအသစ်ထုတ် ခြင်းအတွက် မြန်မာငွေ (၁၀၀၀/-) ကျပ်ကောက်ခံမည် ဖြစ်ပါသည်။
အတိုးနှုန်းကို စတင်ပေးသွင်းသော ငွေပမာဏနှင့် ရွေးချယ်ထားသောအချိန်တို့ အပေါ်မူတည်၍ တွက်ပါမည်။ သတ်မှတ်ထားသောကုန်ဆုံးရက်ရောက်လျှင် အတိုးနှုန်း ပမာဏကို ထည့်သွင်းပေါင်းပေးပါသည်။ အကယ်၍ အပ်နှံထားသောငွေအား အချိန်မပြည့်ခင် ကြိုထုတ်မည် ဆိုပါက ဘဏ်၏ပေါ်လစီအရ ထိုအတိုးနှုန်းအား ပေးခြင်းကို ဆိုင်းငံ့ပါမည်။
ငွေသွင်းကာလ ပြည့်သွားလျှင် အတိုး အရင်းပေါင်း ငွေပမာဏကို ငွေသွင်းထားသူ၏နှစ်သက်ရာ ဘဏ်စာရင်းတစ်ခုသို့ ပြောင်းရွေ့ပေးမည်ဖြစ်ပါသည်။ ထိုအခါ ၎င်းပမာဏကို ကြိုက်နှစ်သက်သလို ပြုမူဆောင်ရွက်နိုင်ပါသည်။
ငွေသွင်း ထောက်ခံချက်လက်မှတ်အား လွှဲပြောင်းခြင်း မပြုလုပ်နိုင်ပါ။