Domestic Trade Services

Domestic Trade Services

Local Letter of Credit (ပြည်တွင်းငွေလွှဲစာတမ်းဖွင့်လှစ်ခြင်း)

CB Bank အနေဖြင့် ကုန်ရောင်းသူထံသို့ ပြည်တွင်းငွေလွှဲစာတမ်းများကို တာဝန်ယူ၍ ဖွင့်လှစ်ပေးပါသည်။ ပြည်တွင်းငွေလွှဲစာတမ်းပါစည်းမျဉ်းစည်းကမ်းများ ကိုက်ညီမှသာလျှင် ဘဏ်မှငွေပေးချေမည် ဖြစ်ပါသဖြင့် လူကြီးမင်းတို့ အနေဖြင့် ယုံကြည်စိတ်ချစွာ ကုန်ပစ္စည်းများကို ဝယ်ယူနိုင်ပါသည်။

ကုန်ဝယ်သူ အတွက် အကျိုးကျေးဇူးများ
  • ငွေကြေးဆုံးရှုံးမှုများကို လျော့နည်းစေခြင်း။
  • ငွေကြေးလည်ပတ်မှုကို အထောက်အကူပြုခြင်း။
  • လိုအပ်သောစာရွက်စာတမ်းများ ပြည့်စုံမှန်ကန်ပါက ရုံးချိန်အတွင်း နေ့ချင်းပြီး ငွေလွှဲစာတမ်းများ ဖွင့်လှစ်ပေးခြင်း။
လုပ်ငန်းလမ်းညွှန်
  • ကုန်ဝယ်သူအနေဖြင့် ပြည်တွင်းငွေလွှဲစာတမ်းလျှောက်လွှာကို တင်ခြင်း။
  • CB Bank မှ ငွေလွှဲစာတမ်းကို ကုန်ရောင်းသူ/ကုန်ရောင်းသူ၏ဘဏ်သို့ ပေးပို့ခြင်း။
  • ငွေလွှဲစာတမ်းရရှိပါက ကုန်ရောင်းသူမှ ပစ္စည်းများတင်ပို့၍ သူ၏ဘဏ်သို့ စာရွက်စာတမ်းများ တင်ပြခြင်း။
  • ၎င်း၏ ဘဏ်မှ CB Bank သို့ ကုန်သွယ်မှုဆိုင်ရာ စာရွက်စာတမ်းများ တင်ပို့ခြင်း။
  • CB Bank မှ ကုန်ဝယ်သူထံသို့ အကြောင်းကြားခြင်း။
  • ငွေလွှဲစာတမ်းပါအချက်အလက်များနှင့် ကိုက်ညီပါက ကုန်ဝယ်သူမှ CB Bank သို့ ငွေပေးချေခြင်း။
  • ထိုမှတဆင့် CB Bank မှ ကုန်ရောင်းသူ၏ ဘဏ်သို့ ငွေပေးချေခြင်း။
  • ဝယ်ယူသူမှကုန်တင်ပို့သော စာရွက်စာတမ်းများကို CB Bank ထံမှ လွှဲပြောင်းယူခြင်း။
နှုန်းထား နှင့် အဖိုးအခများ

ဝန်ဆောင်ခ နှုန်းထားများကို သီးခြား အကြောင်းကြားပေးပါမည်။