Passbook Savings Account (ငွေစုဘဏ်အပ်ငွေစာရင်း)
Passbook Savings Account (ငွေစုဘဏ်အပ်ငွေစာရင်း) သည် ငွေစုစာအုပ်နှင့် ငွေသွင်းငွေထုတ်ကို မှတ်တမ်းတင်နိုင်သည့် ဘဏ်စာရင်းအမျိုးအစားဖြစ်ပါသည်။
အကျိုးကျေးဇူးများ
- ဤဝန်ဆောင်မှုသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော ပြည်တွင်း နှင့် ပြည်ပ လုပ်ငန်း ကုမ္ပဏီ (၂) မျိုးလုံး အတွက် အကျုံးဝင်ခြင်း။
- မြန်မာတစ်ပြည်လုံးမှ CB Bank ၏ ATM များမှ ငွေထုတ်နိုင်ခြင်း၊ ငွေလွှဲနိုင်ခြင်း။
- CB Bank ၏ CRM စက်များ နှင့် CB Mobile Agent များဖြင့် ရုံးပိတ်ရက်များတွင် ငွေသွင်းနိုင်ခြင်း။
- ငွေပေးသွင်းခြင်းကို ငွေသား၊ ချက်၊ ငွေပေးအမိန့်လွှာ၊ ငွေလွှဲ များဖြင့်ပြုလုပ်နိုင်ခြင်း။
- CB Mobile Banking နှင့် Internet Banking မှ တဆင့် (၂၄) နာရီ (၇)ရက် မိမိ ဘဏ်စာရင်းအား ကြည့်ရှုနိုင်ခြင်း။
- ဘဏ်စာရင်း နှင့် ATM ကဒ်များ အား ချိတ်ဆက်ထားနိုင်ခြင်း။
နှုန်းထား နှင့် အဖိုးအခများ
အတိုးနှုန်း – ၈% (တစ်နှစ်လျှင်)
- ဘဏ်စာရင်း ဖွင့်ခြင်းအတွက် အဖိုးအခ ပေးဆောင်ရန် မလိုအပ်ပါ။
- စာရင်းထိန်းသိမ်းခ - ၁၅၀၀ ကျပ် (တစ်နှစ်အတွင်း ငွေသွင်းငွေထုတ်ဆောင်ရွက်မှု Transaction မရှိသော စာရင်းများအတွက်သာ ကောက်ခံ ပါသည်။)
လိုအပ်ချက်များ
အနည်းဆုံး ကနဦး စာရင်းဖွင့်ငွေ | : | (၁၀၀၀/-) ကျပ် |
အနည်းဆုံးလက်ကျန်ငွေ | : | (၁၀၀၀/-) ကျပ် |
အကျုံးဝင်မှု | : | လုပ်ငန်းသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်းရှိရမည်။ |
လိုအပ်သည့် စာရွက်စာတမ်းများ
- သင်းဖွဲ့စည်းမျဉ်း
- ကုမ္ပဏီ မှတ်ပုံတင် လက်မှတ်
- လုပ်ငန်း လိုင်စင်
- ဒါရိုက်တာ ဘုတ်အဖွဲ့ အမည် စာရင်း
- ဒါရိုက်တာ ဘုတ်အဖွဲ့ အစည်းအဝေး မှတ်တမ်းနှင့် ဘဏ်စာရင်းဖွင့်ရန်ဆုံးဖြတ်မှု
- အဖွဲ့အစည်း ကိုယ်စား ငွေသွင်း/ထုတ် များပြုလုပ်မည့် တာဝန်ကျသူများနှင့် ၎င်းတို့၏ ထိုးမြဲလက်မှတ်နမူနာများ
- ကုမ္ပဏီ တံဆိပ်တုံး
နီးစပ်ရာ CB Bank ဘဏ်ခွဲ သို့ ရုံးချုပ်သို့ သွား၍ လိုအပ်သည့်စာရွက်စာတမ်းများအကြောင်း မေးမြန်းဆွေးနွေး နိုင်ပါသည်။