ခေါ်ယူအပ်ငွေစာရင်းသည် လက်ရှိ ငွေစုဘဏ်စာရင်းကဲ့သို့ အပ်နှံနိုင်ပြီး ၎င်းအပ်နှံငွေ၏ နေ့တစ်နေ့လက်ကျန်ငွေပေါ်တွင် နေ့စဉ် အတိုးတွက်ချက်ပေးမည့် ဘဏ်စာရင်းအမျိုးအစားဖြစ်ပါသည်။
- နေ့တစ်နေ့လက်ကျန်ငွေပေါ်တွင် နေ့စဉ်အတိုးတွက်ချက်ပေးခြင်း။
- တစ်နေ့တာဆောင်ရွက်နိုင်သည့် ငွေကြေးဆိုင်ရာ လုပ်ဆောင်ချက်များနှင့် ပမာဏကို ကန့်သတ်ထားခြင်းမရှိခြင်းကြောင့် လူကြီးမင်းတို့၏ လုပ်ငန်းလိုအပ်ချက်များအတွက် သင့်တော်ခြင်း။
- အတိုးနှုန်းပမာဏများကို (၃) လတစ်ကြိမ် ထည့်ပေးခြင်း။
- နေ့တစ်နေ့လက်ကျန်ငွေပေါ်တွင် နေ့စဉ် အတိုးတွက်ချက်ပေးခြင်း။
- တစ်နေ့တာ ဆောင်ရွက်နိုင်သည့် ငွေကြေးဆိုင်ရာ လုပ်ဆောင်ချက်များ နှင့် ငွေပမာဏကို ကန့်သတ်ထားခြင်းမရှိသည့်အတွက် လူကြီးမင်းတို့၏ လုပ်ငန်းလိုအပ်ချက်များအတွက် သင့်တော်ခြင်း။
- အတိုးနှုန်းပမာဏများကို (၃) လတစ်ကြိမ် ထည့်ပေးခြင်း။
အတိုးနှုန်း
နေ့စဉ်လက်ကျန်ငွေပမာဏအပေါ်တွင် တစ်နှစ်လျှင် အတိုးနှုန်း ၇% ဖြင့် ရရှိပါမည်။
အနည်းဆုံးလက်ကျန်ငွေ မြန်မာကျပ်ငွေ | : | (၁,၀၀၀/-) ကျပ် |
အကျုံးဝင်မှု | : | လုပ်ငန်းသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်းရှိရမည်။ |
- သင်းဖွဲ့စည်းမျဉ်း
- ကုမ္ပဏီမှတ်ပုံတင် လက်မှတ်
- လုပ်ငန်းလိုင်စင်
- ဒါရိုက်တာ ဘုတ်အဖွဲ့အမည်စာရင်း
- ဒါရိုက်တာ ဘုတ်အဖွဲ့အစည်းအဝေး မှတ်တမ်းနှင့် ဘဏ်စာရင်းဖွင့်ရန်ဆုံးဖြတ်မှု
- အဖွဲ့အစည်း ကိုယ်စား ငွေသွင်း/ငွေထုတ်များပြုလုပ်မည့် တာဝန်ကျသူများနှင့် ၎င်းတို့၏ ထိုးမြဲလက်မှတ်နမူနာများ
- ကုမ္ပဏီတံဆိပ်တုံး
နီးစပ်ရာ CB Bank ရုံးချုပ် (သို့) ဘဏ်ခွဲသို့ သွားရောက်၍ လိုအပ်သည့်စာရွက်စာတမ်းများအကြောင်း မေးမြန်းဆွေးနွေးနိုင်ပါသည်။
ခေါ်ယူအပ်ငွေစာရင်းသည် လက်ရှိ ငွေစုဘဏ်စာရင်းကဲ့သို့ အပ်နှံနိုင်ပြီး ၎င်းအပ်နှံငွေ၏ နေ့တစ်နေ့လက်ကျန်ငွေပေါ်တွင် နေ့စဉ် အတိုးတွက်ချက်ပေးမည့် ဘဏ်စာရင်းအမျိုးအစား ဖြစ်ပါသည်။
ငွေသွင်းခြင်းကို အောက်ပါ နည်းလမ်းများဖြင့် ပြုလုပ်နိုင်ပါသည်။
- CB Bank ဘဏ်ခွဲများတွင် လူကိုယ်တိုင် (မှတ်ပုံတင်မူရင်းယူဆောင်လာရန်)
- ချက်လက်မှတ်များ
- ငွေပေးအမိန့်လွှာ
- ငွေလွှဲ
- ငွေပေးငွေယူစာရင်းရှင်းလင်းခြင်းနှင့် ကိုယ်စားကောက်ခံခြင်း
- CB Bank ၏တရားဝင် Mobile Agents များ
နေ့တစ်နေ့လက်ကျန်ငွေပေါ်တွင် နေ့စဉ် အတိုးတွက်ချက်ပေးပါသည်။ အတိုးနှုန်းပမာဏများကို (၃) လတစ်ကြိမ် ထည့်သွင်းပေးပါသည်။
ဘဏ်စာရင်း လက်ကိုင်ထားသူအနေဖြင့် ATM ကတ် တစ်ခုရမှာ ဖြစ်ပြီး ထိုကတ်ဖြင့် Mobile (သို့) Internet Banking တို့ကို ချိတ်ဆက်အသုံးပြုနိုင်သည့်အပြင် eStatement (သို့မဟုတ်) eAlert များကို သတ်မှတ်ဝန်ဆောင်ခဖြင့် ရယူနိုင်ပါသည်။