Foreign Currency Current Account

စာရင်းသေအပ်ငွေစာရင်း

နိုင်ငံခြားငွေစာရင်းရှင်စာရင်း

နိုင်ငံခြားငွေစာရင်းရှင်စာရင်းသည် လူကြီးမင်းတို့၏ နိုင်ငံခြားငွေများကို ငွေလဲလှယ်ခြင်းမှရလာမည့် ဆုံးရှုံးနိုင်မှုအန္တရာယ်ကို လျော့ချပေးနိုင်ပြီး လုံခြုံစွာထိန်းသိမ်းနိုင်မည့် စာရင်းရှင်စာရင်းဖြစ်ပါသည်။ နိုင်ငံခြားငွေစာရင်းရှင်စာရင်းအား အောက်ပါ နိုင်ငံခြားငွေဖြင့် ပေးသွင်းနိုင်ပါသည်။

  • အမေရိကန်ဒေါ်လာ
  • ယူရို
  • စင်္ကာပူဒေါ်လာ
အကျိုးကျေးဇူးများ
  • နိုင်ငံခြားငွေ (၃) မျိုး အား ရွေးချယ်နိုင်ခြင်း။ (အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်္ကာပူဒေါ်လာ)
  • ငွေပေးချေခြင်း နှင့် လက်ခံရရှိကြောင်း အကြောင်းကြားစာများကို ပြည်တွင်းတွင်သာမက ပြည်ပတွင်ပါ ပြုလုပ်ရရှိနိုင်ခြင်း။
  • ငွေလဲလှယ်ခြင်းမှရလာမည့် ဆုံးရှုံးနိုင်မှု အန္တရာယ်အား ပိုမိုကောင်းမွန်စွာ စီမံနိုင်ခြင်း။
  • နိုင်ငံခြားငွေစာရင်းရှင်စာရင်းကို တစ်ဦးချင်းသော်လည်းကောင်း၊ တွဲဖက်သော်လည်းကောင်း၊ အဖွဲ့အစည်းဖြင့်သော်လည်းကောင်း ဖွင့်လှစ်နိုင်ခြင်း။
  • နိုင်ငံခြားငွေစာရင်းရှင်စာရင်းမှ ပြည်တွင်းကျပ်ငွေ စာရင်းသို့ လွှဲပြောင်းနိုင်ခြင်း။
  • နိုင်ငံခြားငွေစာရင်းရှင်စာရင်းမှ မြန်မာကျပ်ငွေကိုသော်လည်းကောင်း၊ ကြိုက်နှစ်သက်ရာ နိုင်ငံခြားငွေကိုသော်လည်ကောင်း ထုတ်ယူနိုင်ခြင်း။
နှုန်းထား နှင့် အဖိုးအခများ

မှတ်ချက်။  ။နိုင်ငံခြားငွေစာရင်းရှင်စာရင်းသည် အတိုးနှုန်းမပေးသော ဘဏ်စာရင်းဖြစ်ပါသည်။

စာရင်းထိန်းသိမ်းခ - (၁/-) ယူနစ် (တစ်နှစ်အတွင်း ငွေသွင်းငွေထုတ်ဆောင်ရွက်မှု Transaction မရှိသော စာရင်းများအတွက်သာ ကောက်ခံ ပါသည်။)

နိုင်ငံခြားငွေသားများနှင့် သက်ဆိုင်သည်ဖြစ်သဖြင့် ယခုဘဏ်စာရင်းအတွက် အထူးဝန်ဆောင်ခ ကျသင့်ပါမည်။ ကျသင့်သည့် ဝန်ဆောင်ခကို ငွေပေးသွင်းခြင်း ပြုလုပ်ရာတွင် သိရှိရမည်ဖြစ်ပါသည်။

ဘဏ်ငွေစာရင်း ပိတ်သိမ်းခြင်းအတွက် အခကြေးငွေ ကျသင့်ပါမည်။ ကျသင့်သည့်ပမာဏမှာ (ရွေးချယ်ဖွင့်လှစ်ထားသည့် နိုင်ငံခြားငွေအလိုက်) (အမေရိကန်ဒေါ်လာ/ယူရို/စင်္ကာပူဒေါ်လာ) မည့်သည့် နိုင်ငံခြားငွေဖြစ်စေ (၁၀/-) ကျသင့်မည်ဖြစ်ပါသည်။

လိုအပ်ချက်များ
အနည်းဆုံး ကနဦး စာရင်းဖွင့်ငွေ : (၁၀၀/-) (အမေရိကန်ဒေါ်လာ/ယူရို/စင်္ကာပူဒေါ်လာ)
အနည်းဆုံးလက်ကျန်ငွေ : (၂၀/-) (အမေရိကန်ဒေါ်လာ/ယူရို/စင်္ကာပူဒေါ်လာ)
လိုအပ်သည့် စာရွက်စာတမ်းများ

လုပ်ငန်းကုမ္ပဏီ အမျိုးအစားကွဲ အလျောက် နိုင်ငံခြားငွေစာရင်းရှင်စာရင်း ဖွင့်လှစ်ရန်လိုအပ်သည့် စာရွက်စာတမ်းများကို အောက်ဖော်ပြပါ ဇယားတွင် ကြည့်ရှုနိုင်ပါသည်။

 

ပြည်တွင်းအခြေစိုက် လုပ်ငန်းကုမ္ပဏီများ

အကျိုးတူပူးပေါင်း စာရင်း / Society Account other Societies

ပြည်ပအခြေစိုက် လုပ်ငန်း ကုမ္ပဏီများစာရင်း

ပြည်ပရင်းနှီးမြှုပ်နှံမှုစာရင်း

Certificate of Registration of Branch Office in Myanmar Issued by the Directorate of Investment & Companies Administration (DICA)

-

-

Certificate of Registration of Documents (CRD) Issued by the DICA. (Temporary certificate is acceptable.)

-

-

Certificate of Incorporation

ကုမ္ပဏီမှတ်ပုံတင်လက်မှတ်

Exporter – Importer Registration Certificate

ပို့ကုန်သွင်းကုန် မှတ်ပုံတင်လက်မှတ်

-

-

Memorandum of Association & Article of Association

သင်းဖွဲ့စည်းမျဉ်းနှင့် သင်းဖွဲ့မှတ်တမ်း

Form (6) and Form (26)

ပုံစံ (၆) နှင့် ပုံစံ (၂၆)

Board of Director’s Resolution / Meeting minutes

ဒါရိုက်တာ ဘုတ်အဖွဲ့၏ Resolution / Meeting minutes

Specimen Signature Card Signed by the Authorized persons

တာဝန်ရှိသူများ၏ လက်မှတ်နမူနာများ

Initial Deposit Unit-100

ပဏာမ ပေးသွင်းသည့် ၁၀၀

Permit to Trade

ကုန်သွယ်ခွင့် ပါမစ်

-

-

-

National Registration Card / Pass-port

မှတ်ပုံတင်/နိုင်ငံကူးလက်မှတ်

FAQs
မည်သည့် နိုင်ငံခြားငွေများဖြင့် ဘဏ်စာရင်း ဖွင့်နိုင်ပါသနည်း?

အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်္ကာပူဒေါ်လာတို့ဖြင့် ဖွင့်နိုင်ပါသည်။

ယခု ဘဏ်စာရင်းအား မည်သူများက ဖွင့်နိုင်သနည်း?

မြန်မာနိုင်ငံသားတိုင်းနှင့် တရားဝင်အလုပ်လုပ်ပိုင်ခွင့်ရထားသော နိုင်ငံခြားသားများအားလုံး ယခုဘဏ်စာရင်းကို ဖွင့်နိုင်ပါသည်။

အနည်းဆုံးလက်ကျန်ငွေမည်မျှရှိရမည်နည်း?

(ရွေးချယ်ဖွင့်လှစ်ထားသည့် နိုင်ငံခြားငွေအလိုက် ) အနည်းဆုံး (၂၀/-) (အမေရိကန်ဒေါ်လာ/ ယူရို/ စင်္ကာပူဒေါ်လာ) ဖြစ်ပါသည်။

ငွေထုတ်ယူခြင်းကို မည့်သို့ပြုလုပ်နိုင်ပါသနည်း?

ငွေထုတ်ယူခြင်းကို အမေရိကန်ဒေါ်လာ/ ယူရို/ စင်္ကာပူဒေါ်လာ ကြိုက်နှစ်သက်ရာဖြင့် ထုတ်ယူနိုင်ပြီး မြန်မာကျပ်ငွေဖြင့်လည်း ငွေလွှဲခြင်း၊ ငွေပေးချေခြင်းများ ပြုလုပ်နိုင်ပါသည်။

ယခု နိုင်ငံခြားငွေစာရင်းရှင်စာရင်း ၏ လုပ်ငန်းလုပ်ဆောင်ချက်များမှာ အဘယ်နည်း?

သတ်မှတ်ထားသော နိုင်ငံခြားငွေ (၄)မျိုးမှ ကြိုက်နှစ်သက်ရာ ငွေကိုထုတ်နိုင်ပြီး မြန်မာကျပ်ဖြင့်လည်း ပြောင်းလဲနိုင်ပါသည်။ လုပ်ငန်းများအတွက် ယခုဘဏ်စာရင်းတွင် Cash Management ငွေသားစီမံခန့်ခွဲခြင်း လုပ်ငန်းတာဝန်များကိုလည်း ပြုလုပ်နိုင်ပါသည်။

ဘဏ်စာရင်းထဲသို့ နောက်ထပ် သက်ဆိုင်သူ ထည့်သွင်းလို့ရပါသလား?
  • ရပါသည်။ လက်ရှိဘဏ်စာရင်းကို နောက်ထပ်သက်ဆိုင်သူတစ်ယောက် ထည့်သွင်း၍ တွဲဖက်စာရင်းအဖြစ် ပြောင်းလဲနိုင်ပါသည်။ တွဲဖက်စာရင်းအတွက် နှစ်ဦးစလုံး (စာရင်းပိုင်ရှင်အားလုံး) ခွင့်ပြုချက်ဖြင့် ဘဏ်စာရင်းဆောင်ရွက်ခွင့်ပြုခြင်း (သို့ )တစ်ဦးတည်းခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခွင့်ပြုခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။
  • တွဲဖက်စာရင်း ပြောင်းလဲရန် နီးစပ်ရာ CB Bank ဘဏ်ခွဲသို့ စာရင်းပိုင်ရှင်ကိုယ်တိုင် မိမိမှတ်ပုံတင်နှင့် စာရင်းဖွင့်လှစ်နိုင်ပါသည်။
ယခု ဘဏ်စာရင်းကို Mobile banking မှ ဝင်ရောက်၍ ငွေလွှဲပြောင်းခြင်းများ ပြုလုပ်နိုင်ပါသလား?

နိုင်ငံခြားငွေစာရင်းရှင်စာရင်းသည် Mobile Banking နှင့် ချိတ်ဆက်၍ ဝင်ရောက်ခြင်း မပြုလုပ်နိုင်ပါ။

CB ဘဏ်၏ နိုင်ငံခြားငွေစာရင်းရှင်စာရင်း မှတဆင့် အခြား ဘဏ်စာရင်းများသို့ မည်သို့ ငွေလွှဲနိုင်သနည်း?

လူကြီးမင်းတို့၏ နိုင်ငံခြားငွေစာရင်းရှင်စာရင်းမှာ CB Bank ၏ အခြားသော ဘဏ်စာရင်းများကို ငွေသားလွှဲပေးနိုင်ပါသည်။ အပြည်ပြည်ဆိုင်ရာ ငွေလွှဲခြင်း အတွက် အခြားသောလုပ်ငန်းများ (သို့မဟုတ်) SWIFT မှတစ်ဆင့် လွှဲပို့နိုင်ပါသည်။

အပြည်ပြည်ဆိုင်ရာ ဘဏ်များမှ ငွေလွဲခြင်းအား လက်ခံရန် သိသင့်သည်များ ငွေလွဲခြင်း နှင့် ငွေပေးချေခြင်းများ ကိုလက်ခံရန် လွှဲသူ/ပေးသူ ကိုအောက်ပါ အချက်များ အသိပေးရပါမည်။

SWIFT/BIC Code: CPOBMMMY

Bank/Institution: Co-Operative Bank Limited (Public Bank)

Address: No.(46), Union Financial Center, Corner of Mahabandoola Road and Theinphyu Road, Botahtaung Township, Yangon, Myanmar.