Call Deposit Account

Call Deposit Account

ခေါ်ယူအပ်ငွေစာရင်း သည် လက်ရှိ ငွေစုဘဏ်စာရင်းကဲ့သို့ အပ်နှံနိုင်ပြီး ၄င်းအပ်နှံငွေ၏ နေ့တစ်နေ့လက်ကျန်ငွေပေါ်တွင် နေ့စဉ် အတိုးတွက်ချက်ပေးမည့် ဘဏ်စာရင်းအမျိုးအစား ဖြစ်ပါသည်။

အကျိုးကျေးဇူးများ
  • နေ့တစ်နေ့လက်ကျန်ငွေပေါ်တွင် နေ့စဉ် အတိုးတွက်ချက်ပေးခြင်း။
  • တစ်နေ့တာ ဆောင်ရွက်နိုင်သည့် ငွေကြေးဆိုင်ရာ လုပ်ဆောင်ချက်များ နှင့် ပမဏကို မကန့်ကွက် ထားသည့်အတွက် လူကြီးမင်းတို့၏ လုပ်ငန်းလိုအပ်ချက်များအတွက် သင့်တော်ခြင်း။
  • အတိုးနှုန်းပမာဏ များကို ၃ လတစ်ကြိမ် ထည့်ပေးခြင်း။
နှုန်းထား နှင့် အဖိုးအခ များ

အတိုးနှုန်း

နေ့စဉ်လက်ကျန်ငွေပမာဏအပေါ်တွင် တစ်နှစ်လျှင် အတိုးနှုန်း ၇% ဖြင့် ရရှိပါမည်။

လိုအပ်ချက်များ
အနည်းဆုံးလက်ကျန်ငွေ : ၁,၀၀၀ ကျပ်
အကျုံးဝင်မှု : လုပ်ငန်း သည် မြန်မာပြည်တွင် မှတ်ပုံတင်ထားခြင်းရှိရမည်။
လိုအပ်သည့် စာရွက်စာတမ်းများ
  • သင်းဖွဲ့စည်းမျဉ်း
  • ကုမ္ပဏီမှတ်ပုံတင်လက်မှတ်
  • လုပ်ငန်း လိုင်စင်
  • ဒါရိုက်တာ ဘုတ်အဖွဲ့ အမည် စာရင်း
  • ဒါရိုက်တာ ဘုတ်အဖွဲ့ အစည်းအဝေး မှတ်တမ်းနှင့် ဘဏ်စာရင်းဖွင့်ရန်ဆုံးဖြတ်မှု
  • အဖွဲ့အစည်း ကိုယ်စား ငွေသွင်းထုတ် များပြုလုပ်မည့် တာဝန်ကျသူများနှင့် ၎င်းတို့၏ ထိုးမြဲလက်မှတ်နမူနာများ
  • ကုမ္ပဏီတံဆိပ်တုံး

နီးစပ်ရာ CB Bank ဘဏ်ခွဲ သို့ ရုံးချုပ်သို့ သွား၍ လိုအပ်သည့်စာရွက်စာတမ်းများအကြောင်း မေးမြန်းဆွေးနွေး နိုင်ပါသည်။

FAQs
Call deposit ခေါ်ယူအပ်ငွေစာရင်း ဆိုသည်မှာ အဘယ်နည်း?

ခေါ်ယူအပ်ငွေစာရင်း သည် လက်ရှိ ငွေစုဘဏ်စာရင်းကဲ့သို့ အပ်နှံနိုင်ပြီး ၄င်းအပ်နှံငွေ၏ နေ့တစ်နေ့လက်ကျန်ငွေပေါ်တွင် နေ့စဉ် အတိုးတွက်ချက်ပေးမည့် ဘဏ်စာရင်းအမျိုးအစား ဖြစ်ပါသည်။

ငွေသွင်းခြင်း ကိုမည်သို့လုပ်နိုင်သနည်း ?

ငွေသွင်းခြင်း ကို အောက်ပါ နည်းလမ်းများဖြင့် ပြုလုပ်နိုင်ပါသည်

  • CB Bank ခွဲများတွင် ကိုယ်တိုင်ကိုယ်ကျ (မှတ်ပုံတင် လို)
  • ချက်လက်မှတ်များ
  • ငွေပေးအမိန့်လွှာ
  • ငွေလွှဲ
  • ငွေပေးငွေးယူစရင်းရှင်းလင်းခြင်းနှင့် ကိုယ်စားကောက်ခံခြင်း
  • CB Bank ၏တရားဝင် Mobile Agents များ
အတိုးနှုန်းကို မည်သို့တွက်သနည်း?

နေ့တစ်နေ့လက်ကျန်ငွေပေါ်တွင် နေ့စဉ် အတိုးတွက်ချက်ပေးပါသည်။ အတိုးနှုန်းပမာဏ များကို ၄လတစ်ကြိမ် ထည့်သွင်းပေးပါသည်။

ယခု ဘဏ်စာရင်းနှင့် Mobile သို့ Internet banking အားလျှောက်နိုင်ပါသလား?

ဘဏ်စာရင်း လက်ကိုင်ထားသူအနေဖြင့် ATM ကဒ် တစ်ခု ရမှာ ဖြစ်ပြီး ထို ကဒ်ဖြင့် Mobile သို့မဟုတ် Internet Banking တို့ကို ချိတ်ဆက်နိုင်ပြီး eStatement သို့မဟုတ် eAlert များကို ပုံမှန်ကြေးဖြင့် ရယူ နိုင်ပါသည်။