လေးစားအပ်ပါသော CB Bank Customer ကြီးများရှင့် …

လေးစားအပ်ပါသော CB Bank Customer ကြီးများရှင့် …

လတ်တလောတွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားနေပြီး ဝန်ထမ်းအချို့တွင်လည်း ရောဂါကူးစက်ခံရမှုများကြောင့် ပုံမှန်ဝန်ဆောင်မှုပေးလျက်ရှိသော CB Bank ၏ အချို့ဘဏ်ခွဲများတွင် ဝန်ထမ်းအင်အား မလုံလောက်မှုများ ရှိနေပါသည်။

သို့ဖြစ်ပါ၍ CB Bank ၏ ဝန်ထမ်းများအပါအဝင် Customer များ၏ ကျန်းမာရေးဆိုင်ရာ ဘေးကင်းလုံခြုံစေရေးအတွက် ရေရှည်ဝန်ဆောင်မှုများ ပေးအပ်သွားနိုင်ရန် မြန်မာနိုင်ငံတစ်ဝန်းရှိ CB Bank ၏ ဘဏ်ခွဲများကို နံနက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီအထိ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

CB Bank အနေဖြင့် Customer များအတွက် Special Account ဝန်ဆောင်မှုသီးသန့်ပေးမည့် ဘဏ်ခွဲများ၊ Digital Token ရယူထားသူများ ငွေသားထုတ်ယူနိုင်မည့် ဘဏ်ခွဲများနှင့် ပုံမှန်ဝန်ဆောင်မှုပေးမည့် ဘဏ်ခွဲများကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ရာ ယခုသီတင်းပတ်အတွင်း ဝန်ဆောင်မှုပေးမည့် ဘဏ်ခွဲများစာရင်းကို အောက်ဖော်ပြပါပုံများတွင် အသေးစိတ်လေ့လာကြည့်ရှုနိုင်ပါသည်။ 

COVID-19 ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန် Digital Banking Channel များဖြစ်သည့် CRM (ငွေသွင်းစက်), CB Pay, iBanking, Mobile Banking နှင့် CB Bank Card များကို အသုံးပြု၍ ငွေလွှဲခြင်း၊ e-Commerce များ၊ POS များမှ ဈေးဝယ်ခြင်းနှင့် ငွေပေးချေခြင်း၊ Mobile Top Up နှင့် Bill Payment များကို ၂၄ နာရီ ပိတ်ရက်မရှိ ပြုလုပ်နိုင်ရန် စီစဉ်ထားရှိပါသည်။

Customer များအနေဖြင့် ဘဏ်ခွဲများ ၊ ATM များတွင် ဝန်ဆောင်မှုများရယူရာ၌ COVID-19 ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများအား အထူးလိုက်နာပေးကြပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည်။ 

Download Available Branches List