Announcement to our Customers

Announcement to our Customers

CB Bank နှင့် အခြားပြည်တွင်းဘဏ်များအကြား စာရင်းပြောင်း (Transfer) အား CBM Net မှတဆင့် အကန့်အသတ်မရှိ ဆောင်ရွက်နိုင်ပါကြောင်း ပိုမို သိရှိနိုင်ပါရန် အသိပေးကြေညာခြင်း

လေးစားအပ်ပါသော CB Bank Customer ကြီးများရှင့် …

CB Bank နှင့် ပြည်တွင်းရှိ အခြားဘဏ်များအကြား ဘဏ်မတူ စာရင်းဖွင့်လှစ်ထားသော Customer အချင်းချင်း စာရင်းပြောင်း (Transfer) ဖြင့် ငွေပေးချေမှုများ ပိုမိုအဆင်ပြေချောမွေ့စေရေးအတွက် ပြည်တွင်းဘဏ်အချင်းချင်းအကြား CBM Net System နှင့် CTS Clearing System များကိုအသုံးပြု၍ အောက်ပါအတိုင်း CB Bank ဘဏ်ခွဲအားလုံးတွင် ဝန်ဆောင်မှုပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည့်အပြင် ပမာဏကန့်သတ်ခြင်းနှင့် ဝန်ဆောင်မှု ယာယီရပ်ဆိုင်းခြင်းများလည်း မရှိခဲ့ဘဲ ဆက်လက်၍ ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေပါကြောင်း အသိပေးကြေညာအပ်ပါသည်။

၁။ ပြည်တွင်း အခြားဘဏ်များတွင်ရှိသော အပ်ငွေစာရင်းအသီးသီးမှ CB Bank ၏ မည်သည့်ဘဏ်ခွဲ Account ကိုမဆို စာရင်းပြောင်းထည့်သွင်းပေးခြင်း

၂။ CB Bank တွင် ငွေသားပေးသွင်း၍ အခြားဘဏ်များ၏ Account များသို့ ထည့်သွင်းခြင်း ၃. CB Bank ၏ အပ်ငွေစာရင်းအသီးသီးမှ အခြားဘဏ်များ၏ Account သို့ ထည့်သွင်းခြင်း

မှတ်ချက်။ ။ CB Bank အနေဖြင့် ပမာဏကန့်သတ်ထားခြင်း၊ အစောင်ရေကန့်သတ်ထားခြင်း မရှိပါ