နေ့စဉ်စာရင်းပိတ်လက်ကျန်အပေါ်တွင် အတိုးတွက်ချက်ပေးမည့် CB Bank ၏ Special Call Deposit!

နေ့စဉ်စာရင်းပိတ်လက်ကျန်အပေါ်တွင် အတိုးတွက်ချက်ပေးမည့် CB Bank ၏ Special Call Deposit!

CB Bank ၏ Customer များအတွက် နေ့စဉ် အတိုးနှုန်းပိုမိုမြင့်မားစွာရရှိနိုင်မည့် Special Call Deposit ကို CB Bank ၏ ဘဏ်ခွဲများတွင် လက်ခံဝန်ဆောင်မှုပေးလျက်ရှိပါကြောင်း အသိပေးအပ်ပါသည်။

အဆိုပါဝန်ဆောင်မှုနှင့်ပတ်သက်၍ တစ်ဦးချင်း Personal Account ဖြစ်စေ၊ Joint Account ဖြစ်စေ၊ Corporate Account (ကုမ္ပဏီ) ဖြစ်စေ စာရင်းဖွင့်လှစ်နိုင်ပြီး ယခင်ဖွင့်လှစ်ထားသည့် Special Account များကိုလည်း Special Call Deposit အဖြစ် အလိုအလျောက်ပြောင်းလဲပေးသွားမည်ဖြစ်ပါသည်။

Special Call Deposit ဖွင့်လှစ်ခြင်းအတွက် ရရှိမည့်ဝန်ဆောင်မှုများမှာ …

• ငွေသားပေးသွင်းထားငွေများအား အကန့်အသတ်မရှိ ငွေသားပြန်လည်ထုတ်ယူနိုင်ခြင်း

• Special Call Deposit မှ အခြား CB Bank Account များသို့ နည်းလမ်းအမျိုးမျိုးဖြင့် ပမာဏအကန့်အသတ်မရှိ စာရင်းပြောင်း (Transfer) ဆောင်ရွက်နိုင်ခြင်း

• CB Bank Special Call , Special Current & Special Saving များ အချင်းချင်း စာရင်းပြောင်းဆောင်ရွက်နိုင်ခြင်း

• Special Call Deposit ၏ နေ့စဉ်စာရင်းပိတ်လက်ကျန်များအပေါ်တွင် နေ့စဉ်လက်ကျန်ငွေပမာဏအလိုက် အတိုးတွက်ချက်ပေးခြင်း

• အတိုးရရှိငွေအား Customer များ၏ Account သို့ ၃ လတစ်ကြိမ် ထည့်သွင်းပေးခြင်း …

စသည်တို့ ဖြစ်ပါသည်။

နေ့စဉ်လက်ကျန်ငွေ …

ကျပ်သိန်း ၅,၀၀၀ အောက် - 6% p.a

ကျပ်သိန်း ၅,၀၀၀ အထက် - 7% p.a

ထို့ပြင် …

• Special Call Deposit Personal Account များအတွက် Debit Card ရယူနိုင်ခြင်း

• Special Call Deposit Personal Account များကို CB Pay နှင့် ချိတ်ဆက်နိုင်ခြင်း

• Special Call Deposit များကို Personal Internet Banking နှင့် Business Internet Banking တို့ ခွဲခြားချိတ်ဆက်နိုင်ခြင်း …

စသည့်ဝန်ဆောင်မှုများလည်း ရရှိနိုင်ပါမည်။

အထူးသီးခြားဝန်ဆောင်မှုများအနေဖြင့် …

• Personal A/C အတွက် SMS Alert အခမဲ့

• Company A/C အတွက် e Alert အခမဲ့

• e Statement လစဉ်အခမဲ့ …

စသဖြင့် ရရှိနိုင်မည်ဖြစ်သည့်အတွက် CB Bank Customer များအနေဖြင့် နေ့စဉ်စာရင်းပိတ်လက်ကျန်အပေါ်တွင် အတိုးတွက်ချက်ပေးမည့် CB Bank ၏ Special Call Deposit ဖွင့်လှစ်နိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။