CB Prestige Banking - Terms and Conditions

CB Prestige Banking - Terms and Conditions

ဤစည်မျဉ်းစည်းကမ်းများတွင် “လူကြီးမင်း” ဆိုသည်မှာ CB Prestige Banking Client ကို ခေါ်ဆိုခြင်းဖြစ်ပြီး “ဘဏ်” ဆိုသည်မှာ CB Bank ကိုဆိုလိုခြင်းဖြစ်ပါသည်။ CB Prestige Banking Client အနေဖြင့် လူကြီးမင်းအား ကျွန်ုပ်တို့ဘက်မှ အထူးအလေးထားဝန်ဆောင်မှုများ ပေးရာတွင် ဤစည်းမျဉ်းစည်းကမ်းများအတိုင်း ပေးခြင်းဖြစ်ပါသည်။

CB Prestige Banking ကိုအသုံးပြုခြင်း

လူကြီးမင်း၏ လိုအပ်ချက်များကို ပိုမိုဖြည့်ဆည်းဆောင်ရွက်နိုင်စေရန် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အကောင်းဆုံးအခြေအနေနှင့် ကိုက်ညီအောင် အစဉ်တစိုက် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ဘဏ်သည် ဝန်ဆောင်မှုများအား အသုံးပြုမှု နှင့် အသုံးပြုနိုင်မှုကြိမ်ရေတို့ကို ပြောင်းလဲသတ်မှတ်ကောင်း သတ်မှတ်နိုင်ပါသည်။ CB Prestige Banking Client နှင့် အကျုံးဝင်သက်ဆိုင်သော ငွေစာရင်းအမျိုးအစားနှင့် ဝန်ဆောင်မှုများပါပြောင်းလဲနိုင်ပါသည်။ ဘဏ်သည် မိမိ ဝန်ဆောင်မှုတစ်ခုခုဖြစ်စေ သို့မဟုတ် ဝန်ဆောင်မှုအားလုံးအတွက်ဖြစ်စေ ဝန်ဆောင်ခပြောင်းလဲသတ်မှတ်နိုင်ပါသည်။

အသင်းဝင်

CB Prestige Banking အသင်းဝင်ဖြစ်ရန် အောက်ဖော်ပြပါ အချက်များမှ တစ်ခု(သို့) တစ်ခုထက်ပိုသော အချက်များနှင့် ကိုက်ညီမှု ရှိရပါမည်

  • Deposit အပ်ငွေစာရင်းပိုင်ရှင်များ
    • ရန်ကုန်၊ မန္တလေး နှင့် ပျဉ်းမနား မြို့ကြီးများတွင် လစဉ်အပ်ငွေလက်ကျန် ကျပ်သိန်း (၃,၀၀၀) နှင့် အထက်ရှိသော အပ်ငွေစာရင်းပိုင်ရှင်များ။
    • အခြား နယ်ဘဏ်များတွင် လစဉ် အပ်ငွေလက်ကျန် ကျပ်သိန်း (၂,၀၀၀) နှင့် အထက်ရှိသော အပ်ငွေစာရင်းပိုင်ရှင်များကိုသာ သတ်မှတ်ပါမည်။
  • AAA အဆင့်ရှိ ချေးငွေ ဧည့်သည်များ
    • AAA အဆင့်ရှိ ချေးငွေဧည့်သည်များအား ချေးငွေဌာန ၏ သတ်မှတ်ထောက်ခံချက်ဖြင့် Prestige Client အဖြစ်သတ်မှတ်ပါမည်။ (ထိုသတ်မှတ်ချက်များသည် ချေးငွေဌာနပေါ် မူတည်၍ ပြောင်းလဲနိုင်သည်။)

Prestige Banking ဝန်ဆောင်မှုများ

CB Prestige Banking Client တစ်ဦးအနေဖြင့် လူကြီးမင်းသည် အကျိုးအမြတ် ခံစားခွင့်ရရှိခွင့် လက်စွဲစာအုပ် (Benefits Collection) တွင်ဖော်ပြပါရှိသည့် ကျွန်ုပ်တို့၏ Prestige Lounge နှင့် ခံစားခွင့်များ၊ ဝန်ဆောင်မှုများအား အသုံးပြုနိုင်ပါသည်။ အဆိုပါ Benefits Collection (လက်စွဲစာအုပ်) ကိုလူကြီးမင်းနှင့် သက်ဆိုင်သော Relationship Manager (မန်နေဂျာ) သို့မဟုတ် ကျွန်ုပ်တို့အား CB Prestige Banking Lounge တစ်ခုခုတောင်းယူရရှိနိုင်ပါသည်။

Privilege Banking ဝန်ဆောင်မှုနှင့် အခကြေးငွေ

ဘဏ်မှ ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုတစ်ရပ်ရပ်အတွက် ဘဏ်သည် ဝန်ဆောင်ခ သို့မဟုတ် အခကြေးငွေကို စည်းကြပ်နိုင်သည်။ ထို့ပြင် လူကြီးမင်းသည် နံပါတ် (၂) တွင်ဖော်ပြထားသော အချက်များ နှင့် ကိုက်ညီမှုမရှိတော့လျှင် ဘဏ် သည် ဝန်ဆောင်ခ သို့မဟုတ် အခကြေးငွေ စည်းကြပ်တောင်းဆိုခွင့် (သို့မဟုတ်) CB Prestige Banking မှပေးသော ဝန်ဆောင်မှုများအားအသုံးပြုဆောင်ရွက်ခြင်းမှ ရပ်ဆိုင်းနိုင်ပါသည်။

  • Prestige Limousine Service
    • Prestige Limousine ဝန်ဆောင်မှုအား အသုံးပြုရန်အတွက် (၅)ရက်ကြိုတင် Booking တင်ရန်လိုအပ်ပါသည်။ Prestige Limousine ဝန်ဆောင်မှုအား မနက်(၉)နာရီမှ ည(၉)နာရီအတွင်းသာ အသုံးပြုနိုင်ပါသည်။
  • Prestige Banking and Golf Lounge
    • Prestige Banking and Golf Lounge ဝန်ဆောင်မှုအား အသုံးပြုရန်အတွက် (၃)ရက်ကြိုတင် Booking တင်ရန်လိုအပ်ပါသည်။

CB Prestige Banking ဝန်ဆောင်မှု ရပ်ဆိုင်းခြင်း

တားဆီးကာကွယ်၍ မရနိုင်သော ဘေးအန္တရာယ်ဆိုးကြီးသော်လည်းကောင်း၊ အခြားကပ်ဆိုး ဘေးဆိုးဖြစ်ပေါ်ခြင်း၊ လုပ်ငန်းအခြေအနေ ဆူပူလှုပ်ရှားခြင်း၊ ကွန်ပျူတာစနစ် ချို့ယွင်းပျက်စီးခြင်း၊ ဖျတ်ဆီခံရခြင်း၊ အကြမ်းဖက်နှောက်ယှက်ခြင်း၊ ဝန်ဆောင်မှုပေးရန် မဖြစ်နိုင်တော့သည့် အခြေအနေမျိုးနှင့် ရင်ဆိုင်ရလျှင် ဘဏ်သည် ဝန်ဆောင်မှုတစ်ရပ်ရပ်ကိုဖြစ်စေ၊ ဝန်ဆောင်မှုအားလုံးကိုဖြစ်စေ အသုံးပြုဆောင်ရွက်ခြင်းမှ ရပ်ဆိုင်းထားနိုင်သည်။

အခြားကြားပုဂ္ဂိုလ်များမှ ဝန်ဆောင်မှုပေးခြင်း

ကျွန်ုပ်တို့အနေဖြင့် အခါအားလျော်စွာ အခြား CB Prestige Banking အခွင့်အရေးများနှင့် ဝန်ဆောင်မှုများကို အခြားကြားပုဂ္ဂိုလ်များ (Third Parties) က ကြပ်မတ်ဆောင်ရွက်ပေးစေရန် ဖိတ်ခေါ် မိတ်ဆက်ထားပါသည်။ ထိုတတိယလူကြားပုဂ္ဂိုလ်  များပေးသော ဝန်ဆောင်မှုများသည် ယင်းတို့၏ စည်းမျဉ်းစည်းကမ်းများအတိုင်သာ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး ယင်းဝန်ဆောင်မှုများနှင့် ပက်သက်၍ လူကြီးမင်းတွင် တစ်စုံတစ်ရာ ဆုံးရှုံးနစ်နာမှုရှိလျှင် ကျွန်ုပ်တို့တွင် လျော်ကြေးပေးရန် တာဝန်ရှိမည်မဟုတ်ပါ။

CB Prestige Banking ၏ စည်းမျဉ်းစည်းကမ်းများ

  • Prestige Client အားလုံးသည် Prestige ဝန်ဆောင်မှုများနှင့် CB Prestige Banking မှသဘောတူထားသော တတိယလူ - ပစ္စည်းသို့မဟုတ် ဝန်ဆောင်မှုများကို အသုံးပြုသည့်အခါ CB Prestige Banking မှထုတ်ပေးထားသော Prestige Membership Card (အသင်းအဖွဲ့ဝင်ကတ်) (သို့မဟုတ်) Credit Card (အကြွေးဝယ်ယူခွင့်ကတ်) ကိုပြသကြရပါမည်။
  • CB Bank Prestige Banking မှသတ်မှတ်သည့် လိုအပ်ချက်များနှင့် ပြည့်စုံကိုက်ညီမှသာဖြည့်ဆည်းဆောင်ရွက်ထားသည့် Prestige Banking Clients အားလုံးကို Prestige Banking ဝန်ဆောင်မှုများနှင့် အကျိုးခံစားခွင့်အားလုံးကို ရရှိစေပါမည်။
  • ဖော်ပြထားသော Prestige Banking ဝန်ဆောင်မှုများနှင့် အကျိုးခံစားခွင့်များအားလုံးသည် ကျွန်ုပ်တို့၏ Prestige Banking Benefit Collection ပါ စည်းမျဉ်းစည်းကမ်း တစ်ခုချင်းစီအပေါ် မူတည်ပါသည်။

  • Prestige Banking Benefit Collection အရ ကမ်းလှမ်းထားသော ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများတွင် ချို့ယွင်းချက်ရှိနေခြင်း သို့မဟုတ် ကုန်သည်၏ လုပ်ဆောင်မှု မှားယွင်းခြင်း၊ အပြစ်မကင်းချို့ယွင်းခြင်းများရှိလျှင် CB ဘဏ်တွင် တာဝန်ရှိမည်မဟုတ်ပါ။
  • CB ဘဏ်သည် ကုန်သည်ကိုယ်စာလှယ်မဟုတ်ပါ။ ကုန်အရည်အသွေး သို့မဟုတ် ဝန်ဆောင်မှု အဆင့်မမှီခြင်း နှင့် ပက်သက်၍ အငြင်းပွားမှု တစ်စုံတစ်ရာရှိလျှင် ကုန်သည်နှင့်သာ တိုက်ရိုက် ဖြေရှင်းဆောင်ရွက်ရပါမည်။
  • CB Prestige Banking နှင့်ပါဝင်လှုပ်ရှားဆောင်ရွက်သော ကုန်သည်များသည် အခွင့်အရေးများ ပြင်ဆင်ပြောင်းလဲခြင်း၊ စည်းမျဉ်းစည်းကမ်းပြင်ဆင်ပြောင်းလဲခြင်းတို့ကို ကြိုတင်အကြောင်းကြားခြင်း မပြုပဲ မိမိ သဘောအလျောက် ဆောင်ရွက်ပိုင်ခွင့်ရှိသည်။
  • CB Prestige Banking Credit Card လျှောက်ထားရာတွင် တစ်ဦးချင်း စည်းကမ်းချက်များနှင့် လျှောက်ထားသူ၏ လက်ဝယ် Credit မည်မျှရှိသည်ကို အတည်ပြုထားမှုသည် တစ်ဦးချင်း အလိုက်ကွာခြားနိုင်ပါသည်။