
(၂၀၂၀)ခုနှစ်၊ ဇန်နဝါရီလ၊ (၄)ရက်နေ့သည် “လွတ်လပ်ရေးနေ့” ဖြစ်ပြီး အများပြည်သူ ရုံးပိတ်ရက်နှင့် တိုက်ဆိုင်နေပါသဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိရုံးများ၏ ပိတ်ရက်နှင့်လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများအက်ဥပဒေအရ ဇန်နဝါရီလ၊ (၆)ရက် "တနင်္လာနေ့” အားအစားထိုးပိတ်ရက်အဖြစ် သတ်မှတ်ထားပါသောကြောင့် အဆိုပါနေ့တွင် CB Bank ၏ ရုံးချုပ်နှင့် ဘဏ်ခွဲများအားလုံး ပိတ်ထားမည်ဖြစ်ပါကြောင်း မိတ်ဟောင်း၊ မိတ်သစ်များအား လေးစားစွာဖြင့်ကြိုတင် အသိပေးကြေညာအပ်ပါသည်။
အဆိုပါဘဏ်ပိတ်ရက်များတွင် CB Bank ၏ CB Pay၊ iBanking၊ CB Bank Mobile Agent များ၊ CB Pay Agent များနှင့် ATM ၊ CRM စက်များကို အသုံးပြု၍ ငွေလွှဲ၊ ငွေထုတ်၊ ငွေလက်ကျန်စစ်ဆေးခြင်းများကို (24/7) ပုံမှန်အတိုင်း လွယ်ကူစွာ ဆောင်ရွက်နိုင် ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။