
CB Bank သည် Euromoney မှ ပေးအပ်သော Excellence in Leadership in Asia ဆုကို July 15, 2020 တွင်ရရှိခဲ့ပါသည်။ အဆိုပါဆု သည် အာရှဒေသတစ်ဝှမ်းရှိဘဏ်များတွင် COVID-19 ကာလအတွင်း အကောင်းဆုံး စီမံဆောင်ရွက်နိုင်မှုအပေါ် အခြေခံ၍ ပေးအပ်ခြင်းဖြစ်ပါသည်။ အာရှတွင်ဦးဆောင်မှုအကောင်းဆုံး ဆုကို CB Bank မှ ကမ္ဘာ့ထိပ်သီးဘဏ်များနှင့် အတူ ရရှိခဲ့ပါသည်။
CB Bank မှ Customer များ နှင့် ဝန်ထမ်းများ ၏ ကျန်းမာရေး နှင့် ဘေးကင်းလုံခြုံရေးအတွက် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ပေးခြင်း၊ ဘဏ်ဝန်ဆောင်မှုများ ပုံမှန်ဆက်လက်ပေးနိုင်ရန် ဘဏ်ခွဲအားလုံးကို ဖွင့်လှစ်ထားနိုင်ခြင်း၊ ငွေသွင်းငွေထုတ် ဝန်ဆောင်မှုနှင့် အခြားဘဏ်ဝန်ဆောင်မှု များပေးနိုင်သော Mobile ဘဏ်များဖြင့် မြန်မာနိုင်ငံရှိ ကျေးလက်ဒေသ အချို့တွင် ဝန်ဆောင်မှုများပေးခြင်း၊ ဝန်ထမ်းများအား အိမ်မှအလုပ်လုပ်စေရန် နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့များပေးခြင်း၊ Customers များ၏ နေထိုင်မှုဘဝ နှင့် စီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် ရည်ရွယ်ပြီး ချေးငွေအရင်းပေးဆပ်ခြင်းနှင့် အတိုးပေးဆပ်ခြင်းများကို ယာယီဆိုင်းငံ့ထားပေးရန် စီစဉ်ဆောင်ရွက်မှုများ ပြုလုပ်ထားခြင်း၊ Coronavirus Disease (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ရန်ပုံငွေ၊ ဆေးပစ္စည်းများ၊ ventilator များနှင့် ဆေးရုံသုံးပစ္စည်းများ လှူဒါန်းခြင်း အစရှိသော လုပ်ဆောင်မှုများ ကို ဆောင်ရွက်ခဲ့ပါသည်။
CB Bank မှ ဝန်ထမ်းများ၊ Customer များ၊ မိတ်ဖက်များနှင့် အစုရှယ်ယာရှင်များ၏ အားပေးထောက်ပံ့မှုများ ကြောင့် ယခုကဲ့သို့ Excellence in Leadership in Asia ဆု ရရှိခဲ့သည့်အတွက် အားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။
CB Bank မှ COVID-19 ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားသော အသေးစိတ် အချက်အလက်များ ကို အောက်ပါ link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ https://cbbank.me/COVID-19