Search form

ရက်တိုတိုနဲ့ အတိုးများများရရှိနိုင်မဲ့ စုငွေတိုးပွား အပ်ငွေများ

ရက်တိုတိုနဲ့ အတိုးများများရရှိနိုင်မဲ့ စုငွေတိုးပွား အပ်ငွေများ

နှစ်သစ်ကူးမှာ ဦးဦးဖျားဖျား သီးသန့်ဖယ်ထားတဲ့ စုဆောင်းငွေဟာ တစ်နှစ်တာကာလပတ်လုံး ငွေကံပွင့်စေတယ်လို့ ရှေးလူကြီးတွေက ယုံကြည်ကြပါတယ်။
ဒါကြောင့် နှစ်ဦးနှစ်ဖျားမှာ ရက်တိုတို၊ အတိုးများများနဲ့ စုဆောင်းငွေတွေ တိုးပွားလိုတဲ့ မိတ်ဟောင်းမိတ်သစ် Customer များအတွက် ၂၀၂၆ ခုနှစ်၊ ဧပြီလ၊ ၉ ရက်နေ့က စတင်ပြီး CB Bank ရဲ့ လူကြိုက်အများဆုံး 7 Days Fixed Deposit နဲ့ 15 Days Fixed Deposit (အချိန်ပိုင်း ရက်တိုအပ်ငွေစာရင်း) မှာ အပ်နှံနိုင်တဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
အတိုးနှုန်းအနေနဲ့
🌟 7 Days Fixed Deposit အတွက် အမြင့်ဆုံးအတိုးနှုန်း 10.50% p.a. ရရှိမှာ ဖြစ်ပြီး
🌟 15 Days Fixed Deposit အတွက် 10.75% p.a. ရရှိနိုင်မှာ ဖြစ်ပါတယ်။
သင်္ကြန်ပိတ်ရက်ကာလမှာ ရက်တိုတို ငွေစုရင်း စုဆောင်းငွေတွေ တိုးပွားနိုင်ဖို့ နီးစပ်ရာ CB Bank ဘဏ်ခွဲတိုင်းမှာ အချိန်ပိုင်း ရက်တိုအပ်ငွေစာရင်း ဖွင့်လှစ်နိုင်ပါပြီ။
ပိုမိုသိရှိလိုတာမှန်သမျှအတွက် CB Bank Contact Center (09 2 5555 7777) ကို အချိန်မရွေး ဆက်သွယ်စုံစမ်းနိုင်ပါတယ်။