Search form

(၁၉၉၂) ခုနှစ်ကတည်းက ယနေ့ထက်ထိ (၃၄) နှစ်တိုင် "နှလုံးသားနဲ့ ဝန်ဆောင်မှုပေးနေတဲ့ CB Bank"

(၁၉၉၂) ခုနှစ်ကတည်းက ယနေ့ထက်ထိ (၃၄) နှစ်တိုင် "နှလုံးသားနဲ့ ဝန်ဆောင်မှုပေးနေတဲ့ CB Bank"

ငွေကြေးဆိုင်ရာ ကိစ္စရပ်တွေကို ဝန်ဆောင်‌မှုပေးတဲ့အခါ တိကျခိုင်မာမှု၊ စေ့စပ်သေချာမှု၊ နွေးထွေးပျူငှာမှု စတဲ့ အခြေခံအချက်တွေ လိုအပ်သလို စစ်မှန်တဲ့ နှလုံးသားနဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့ကလဲ အလွန်အရေးကြီးပါတယ်။ ဒါကြောင့် CB Bank စတင်တည်ထောင်ခဲ့တဲ့ ၁၉၉၂ ခုနှစ်၊ ဩဂုတ်လ၊ ၂၁ ရက်နေ့ကနေ ယနေ့အထိတိုင်အောင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအတွက် ငွေကြေးနဲ့ ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေကို စစ်မှန်တဲ့ စိတ်ရင်း၊ နွေးထွေးဖော်ရွေတဲ့ နှလုံးသားနဲ့ အကောင်းဆုံး ဝန်ဆောင်မှုပေးအပ်နိုင်ဖို့ တစိုက်မတ်မတ် ကြိုးစားခဲ့ပါတယ်။

CB Bank ရဲ့ မိတ်ဟောင်းမိတ်သစ် Customer များအပါအဝင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံးအတွက် ပြောင်းလဲလာတဲ့ ခေတ်နဲ့တစ်ပြေးညီ လိုက်လျောညီထွေဖြစ်စေမဲ့ ခေတ်မီဘဏ်ဝန်ဆောင်မှုတွေကို အဆင်ပြေချောမွေ့စွာ ပေးအပ်နိုင်ဖို့ကလဲ CB Bank ရဲ့ အဓိက ရည်မှန်းချက်ဖြစ်ပါတယ်။

ဒီနေ့ (၂၀၂၆ ခုနှစ်၊ ဩဂုတ်လ၊ ၂၁ ရက်) CB Bank တည်ထောင်ခြင်း (၃၄) နှစ်ပြည့်အထိမ်းအမှတ်နေ့မှာ CB Bank ကို ယုံကြည်စွာ လက်တွဲခဲ့ကြတဲ့ Customer များ၊ CB Bank ဝန်ထမ်းမိသားစုများနဲ့ အစုရှယ်ယာရှင်ကြီးများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားရင်း CB Bank အနေနဲ့ အကောင်းမွန်ဆုံး ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေကို စဉ်ဆက်မပြတ် ဆက်လက်ပေးအပ်သွားမှာ ဖြစ်တဲ့အကြောင်းလဲ ထပ်မံကတိကဝတ်ပြုအပ်ပါတယ်။