Western Union to CB Bank

Western Union to CB Bank

ကမ္ဘာ့နိုင်ငံပေါင်း (၂၀၀) ကျော်ရှိ Western Union ကောင်တာ (၄၈၆,၀၀၀) မှ CB Bank ဘဏ်ခွဲအားလုံးသို့နေ့ချင်းပြီး ငွေလွှဲပေးပို့နိုင်ပါသည်။

အကျိုးကျေးဇူးများ (Inbound)
  • အချိန်အနည်းငယ်အတွင်း ငွေလွှဲပေးပို့နိုင်ခြင်း။
  • နှစ်ပေါင်း (၁၄၀) အတွေ့အကြုံရှိခြင်း။
  • လျှို့ဝှက်ဂဏန်းကို ဂဏန်း (၁၀) လုံးဖြင့် ထိန်းချုပ်ထားခြင်း။
  • ဘဏ်စာရင်းရှိရန် မလိုခြင်း။
  • ကမ္ဘာတဝှမ်းရှိ နိုင်ငံပေါင်း (၂၀၀) ကျော်တွင် ကိုယ်စားလှယ်ပေါင်း (၄၈၆,၀၀၀) နှင့် အဆက်အသွယ်ရှိခြင်း။
  • ငွေလွှဲအား နေ့ချင်းထုတ်ယူနိုင်ပါသည်။
  • ငွေလွှဲခ ထပ်မံပေးဆောင်ရန် မလိုပါ။
အကျိုးကျေးဇူးများ (Outbound)
  • လုံခြုံစိတ်ချမှု :  မိမိတို့ ပြုလုပ်လိုသော ငွေလွှဲဝန်ဆောင်မှုများကို တစ်ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြု ငွေကြေးအဖွဲ့အစည်းမှ ပြုလုပ်ဆောင်ရွက်ခြင်း။
  • ယုံကြည်စိတ်ချမှု :  MTCN နံပါတ် (၁၀) လုံးရှိခြင်း။ (ငွေလွှဲထိန်းချုပ်နံပါတ်)
  • ငွေလွှဲများကို မိနစ်ပိုင်းအတွင်းလက်ခံရရှိခြင်း။
  • တစ်နိုင်ငံလုံးရှိ CB Bank ဘဏ်ခွဲများတွင် ငွေထုတ်ယူနိုင်ခြင်း။
နှုန်းထားနှင့် အဖိုးအခများ
အကျိုးခံစားခွင့်ရှိသူ : ငွေလွှဲခ ပေးဆောင်ရန် မလိုအပ်ပါ။
ငွေပေးပို့သူ : အမေရိကန်ဒေါ်လာ (၃,၀၀၀/-) ထက်မပိုသော ငွေလွှဲများအတွက် ငွေလွှဲခ အမေရိကန်ဒေါ်လာ (၂၅/-) သာကျခံရမည် ဖြစ်သည်။