အတိုးကြိုတင်ရရှိနိုင်မည့် CB Bank ၏ Instant Fixed Deposit!
CB Bank ၏ Customer များအနေဖြင့် အတိုးနှုန်းမြင့်မားစွာရရှိမည့်အပြင် အတိုးကြိုတင်ရရှိနိုင်မည့် Instant Fixed Deposit ကို CB Bank ၏ ဘဏ်ခွဲများတွင် စတင်အပ်နှံနိုင်ပြီဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
Instant Fixed Deposit အကောင့်ဖွင့်လှစ်အပ်နှံရာတွင် Old Account ဖြင့် ချိတ်ဆက်၍သော်လည်းကောင်း၊ Special Account ဖြင့် ချိတ်ဆက်၍သော်လည်းကောင်း၊ ငွေသားပေးသွင်းခြင်းဖြင့်သော်လည်းကောင်း အပ်နှံဆောင်ရွက်နိုင်ပါသည်။
အပ်နှံနိုင်မည့် ကာလအပိုင်းအခြားမှာ ခြောက်လနှင့် ၁၂ လ ဖြစ်ပြီး အတိုးနှုန်းအနေဖြင့် ခြောက်လအတွက် ၁၁ ရာခိုင်နှုန်းနှင့် ၁၂ လအတွက် ၁၁.၅ ရာခိုင်နှုန်း ရရှိနိုင်ပါမည်။
CB Bank Customer များအနေဖြင့် အတိုးကြိုတင် ထုတ်ယူ ရရှိနိုင်မည့် CB Bank ၏ Instant Fixed Deposit အပ်နှံဖွင့်လှစ်နိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။