CB Pay (New Mobile Banking App)

CB Pay (New Mobile Banking App)

သင့်အတွက် Next Generation Mobile Banking Application  CB Pay ရောက်ရှိလာပါပြီ။  

သင်၏ငွေစုဘဏ်စာရင်းများနှင့် ချိက်ဆက်နိုင်ပြီး၊ အခြားဝန်ဆောင်မှုများစုံလင်စွာ အသုံးပြုနိုင်ပါသည်။ ဘဏ်စာရင်း မရှိသေးသူများအတွက် CB Pay Account ကိုမိမိကိုယ်တိုင် ဖွင့်လှစ်ပြီး အသုံးပြုနိုင်ပါသည်။  

အကျိုးကျေးဇူးများ
  • ဘဏ်စာရင်းရှိစရာမလိုဘဲ CB Pay စာရင်းဖွင့်လှစ်အသုံးပြုနိုင်ခြင်း။
  • ဘဏ်စာရင်းရှိပါက မိမိဘဏ်စာရင်းနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ခြင်း။
  • ဖုန်းနံပါတ်၊ စာရင်းအမှတ်၊ ATM Card No တို့နှင့် ငွေလွှဲပြောင်းဆောင်ရွက်နိုင်ခြင်း။
  • ဖုန်းနံပါတ်/QR Code တို့နှင့်ငွေပေးချေနိုင်ခြင်း၊ ငွေတောင်းခံနိုင်ခြင်း။
  • မိမိစာရင်းဆောင်ရွက်မှုပြီးတိုင်းမိမိဖုန်း Gallery တွင် Receipt အားအလိုအလျောက်သိမ်းထားပေးခြင်း။
  • Transaction ဆောင်ရွက်ပြီးတိုင်းအသိပေးခြင်း။
  • CB Pay မှ လွှဲပို့သောငွေအား CB Bank ဘဏ်ခွဲများအားလုံးနှင့် Agent အားလုံးတွင်ထုတ်ယူနိုင်ခြင်း။
  • မိမိအသုံးများသောစာရင်းအမှတ်နှင့် ဖုန်းနံပါတ်များအား သိမ်းဆည်းမှတ်သားထားနိုင်ခြင်း။
  • ငွေပေးချေခြင်း၊ ငွေသွင်းခြင်းများ လွယ်ကူစွာ ဆောင်ရွက်နိုင်ခြင်း။
  • CB Pay application ဖြင့် CB Bank ၏ ဝန်ဆောင်မှုများရယူနိုင်ခြင်း။
  • CB Bank ဘဏ်ခွဲ၊ Agent နှင့် Merchant များ၏နေရာများလွယ်ကူစွာသိရှိနိုင်ခြင်း။
လိုအပ်ချက်များ
  • စာရင်းဖွင့်ရန်မှတ်ပုံတင်(သို့) Passport နံပါတ်
  • Android Version 4.4 နှင့်အထက်ရှိသောဖုန်း၊ iOS 10.0 နှင့်အထက်ရှိသောဖုန်း
CB Pay Application ကိုဘယ်မှာရှာရမလဲ
  • သင်နှင့်နီးစပ်ရာ CB Bank ခွဲများ
  • Google Play or iTunes Store
Mobile Agent Banking

CB ဘဏ်သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်ရန် အတွက် Agent Banking ကို ဆောင်ရွက်ထားပါသည်။ CB ဘဏ်သည် Mobile Agent Banking ဝန်ဆောင်မှုကို မြန်မာတစ်နိုင်လုံးရှိ မိုဘိုင်းဖုန်း အသုံးပြုနိုင်သည့် နေရာအားလုံးတွင်အသုံးပြုနိုင်ပါသည်။ 

CB Bank ဘဏ်စာရင်းရှိစရာ မလိုဘဲ ဖုန်းနံပါတ်ဖြင့် Agent (ကိုယ်စားလှယ်) ဖြင့် ငွေလွှဲ နိုင်ပါသည်။ 

ဝန်ဆောင်မှုများ
  • အပ်ငွေလက်ခံခြင်း။
  • ငွေလွှဲလက်ခံခြင်း။
  • ငွေလွှဲထုတ်ပေးခြင်း။ (ပြည်တွင်း/ပြည်ပ)
CB Bank ၏ကိုယ်စားလှယ် Easi Mobile Agent အသစ်များကြိုဆိုခြင်း

ဆိုင်ခန်းတစ်ခန်းရှိရုံနှင့် CB Bank ၏ Easi Mobile Agent (ကိုယ်စားလှယ်) အဖြစ် လုပ်ကိုင်ဆောင်ရွက်နိုင်မည့်အခွင့်ကောင်းရရှိနိုင်မည်ဖြစ်ပြီး CB Bank မှလည်း အကျိုးတူပူးပေါင်း ဆောင်ရွက် လိုသူများကို လှိုက်လှဲစွာ ကြိုဆိုလျက်ရှိပါသည်။ 

လိုအပ်ချက်များ
  • CB Bank တွင် စာရင်းဖွင့်လှစ်ထားသူဖြစ်ရပါမည်။
  • မိမိတတ်နိုင်သော ငွေပမာဏကို အာမခံအဖြစ် CB ဘဏ်တွင်ထားရှိရပါမည်။
  • ဘဏ်၏ သတ်မှတ်ချက်များနှင့် ပြည့်စုံသူများ ဖြစ်ရပါမည်။