Self-Service Channels

Self-Service Channels
ATMs

ကိုယ်တိုင်ပြုလုပ်ဆောင်ရွက်ရသောဝန်ဆောင်မှုတစ်ခုဖြစ်သည့်ATM သည်ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူများအားလုံး၏ အဆင်ပြေချောမွေ့စေရေးနှင့် ရိုးရှင်းလွယ်ကူစေရေးတို့ကို အလေးထား၍ (၂၄) နာရီ (၇) ရက် ကာလပတ်လုံးဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူများ၏ ငွေထုတ်ယူခြင်းကို MPU network အတွင်းရှိ မည့်သည့် ATM တွင်မဆို ပြုလုပ်နိုင်သည်။

ATM ၏ လုပ်ဆောင်ချက်များ

  • ငွေသားလွယ်ကူစွာထုတ်နိုင်ခြင်း။ (တစ်နေ့အတွင်း ကျပ်(၁၀)သိန်း အထိသာ)
  • ငွေသားလက်ကျန်ရှင်းတမ်းလွယ်ကူစွာထုတ်ယူနိုင်ခြင်း။
  • ငွေလက်ကျန်လွယ်ကူစွာစစ်ဆေးနိုင်ခြင်း။
CRM (ငွေသွင်းငွေထုတ်စက်)

CB Bank ၏ ငွေသွင်း/ငွေထုတ်စက်များကို လုံခြုံစိတ်ချစွာနှင့် အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်သည်။

CRM ၏ လုပ်ဆောင်ချက်များ
  • CB Bank ၏ EASI,SMART, MPU ကတ်များဖြင့် (၂၄) နာရီ (၇) ရက် ငွေသွင်း/ငွေထုတ်ဆောင်ရွက်နိုင်ခြင်း။
  • ငွေသွင်းရာတွင် မြန်မာကျပ်ငွေ (၁,၀၀၀/-), (၅,၀၀၀/-) နှင့် (၁၀,၀၀၀/-) ကိုသာ လက်ခံခြင်း။
  • တစ်ကြိမ် ငွေသွင်းရာတွင် အများဆုံး အရွက်ရေ (၁၀၀) သာထည့်သွင်းနိုင်ခြင်း။
  • တစ်နေ့အတွင်း မြန်မာကျပ်ငွေ ၁မီလီယံအထိ ငွေသွင်းနိုင်ခြင်း။
  • မိမိစာရင်းအတွင်းသို့ ချက်ချင်းငွေသွင်းနိုင်ခြင်း။
  • အသေးစားငွေသားလက်ကျန် ရှင်းတမ်းလွယ်ကူစွာထုတ်နိုင်ခြင်း။
  • မည်သည့်အချိန်တွင်မဆို ငွေထုတ်ယူနိုင်ခြင်း။
FX Machines – Foreign Currency Exchange Machines

CB Bank ၏အခြားသော ကိုယ်တိုင်ပြုလုပ်ဆောင်ရွက်ရသောဝန်ဆောင်မှုတစ်ခုဖြစ်သည့် ငွေကြေးလဲလှယ်သည့်စက်တွင် မည်သည့်အချိန်တွင်မဆို မိမိဝယ်ယူလိုသည့် ငွေကြေးကိုချက်ချင်း ဝယ်ယူနိုင်ပါသည်။ FX Machines များ၏ တည်ရှိရာနေရာများကို သိနိုင်ရန် ဤနေရာကို နှိပ်ပါ။

ရရှိနိုင်သော ငွေကြေးများ - အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာ၊ ယူရို၊ ထိုင်းဘတ်၊ မလေးရှားရင်းဂစ်

PUMs (Passbook Update Machine)

CB Bank ၏ PUM စက်များသုံးပြီး သင်ကိုယ်တိုင် နောက်ဆုံးဆောင်ရွက်ထားသော ငွေပေးငွေယူမှုများကို မှတ်တမ်းရယူနိုင်ပါသည်။ PUMs များ၏ တည်ရှိရာနေရာများကို သိနိုင်ရန် ဤနေရာကို နှိပ်ပါ။