Export Bill Collection (DP / DA)

Export Bill Collection (DP / DA)

ကောက်ခံရေးစနစ်ဖြင့် တောင်းခံခြင်း

ကုန်ရောင်းသူဘဏ်သို့ သင်္ဘောတင်စာရွက်စာတမ်းများအားဘဏ်သို့တင်ပြပြီးကုန်ပစ္စည်းတန်ဖိုး ကောက်ခံပေးရန် တောင်းခံချက်အား ဘဏ်မှကောက်ခံပေးခြင်း ဖြစ်ပါသည်။

သင့်လုပ်ငန်းအတွက် အကျိုးအမြတ်

ငွေပေးချေမှုဆိုင်ရာ နည်းလမ်း (၂) ချက်

  • လက်ငင်းငွေပေးချေမှု ကောက်ခံရေးစနစ်။  ကုန်ဝယ်သူမှ ငွေပေးချေပြီးမှသာလျှင် ၎င်း၏ ဘဏ်မှ စာရွက်စာတမ်းများ ထုတ်ပေးမည်ဖြစ်ပါသည်။
  • ဆိုင်းငံ့ကာလ ကောက်ခံရေးစနစ်။  သတ်မှတ်ကာလပြည့်သည့်အခါ ကုန်ဝယ်သူမှ ငွေပေးချေ ပါမည်ဟု သဘောတူလက်မှတ်ရေးထိုး၍ စာရွက်စာတမ်းများအား လွှဲပြောင်းရယူခြင်း။
လုပ်ငန်းလမ်းညွှန်
  • ကုန်ရောင်းသူမှ ကုန်ပစ္စည်းများ တင်ပို့၍ စာရွက်စာတမ်းများအား ဘဏ်သို့တင်ပြပြီး ကောက်ခံပေးပါရန် တင်ပြခြင်း။
  • CB Bank မှ ကောက်ခံရေးစနစ်နှင့် ကုန်သွယ်ရေးဆိုင်ရာ စာရွက်စာတမ်းများအား ကုန်ဝယ်သူ၏ဘဏ်သို့ တင်ပြခြင်း။
  • ကုန်ဝယ်သူ၏ဘဏ်မှ ကုန်ဝယ်သူအား ငွေပေးချေရန် အကြောင်းကြားခြင်း (သို့) ငွေတောင်းခံ လွှာအား လက်ခံခြင်း။
  • CB Bank မှ ကုန်ရောင်းသူအား ကုန်ဝယ်သူဘဏ်မှ ငွေလက်ခံရရှိကြောင်း အကြောင်းကြားခြင်း။
  • CB Bank မှ ကုန်ရောင်းသူထံ ငွေပြန်လည်ပေးခြင်း။
နှုန်းထား နှင့် အဖိုးအခများ

ဝန်ဆောင်ခနှုန်းထားများကို သီးခြားအကြောင်းကြားပေးပါမည်။