Transferable Export Letter of Credit

Transferable Export Letter of Credit

လွှဲပြောင်းနိုင်သောပို့ကုန်ငွေလွှဲစာတမ်း

လွှဲပြောင်းနိုင်သောပို့ကုန်ငွေလွှဲစာတမ်းတွင် ပထမအကျိုးခံစားခွင့်ရှိသူမှ လွှဲပြောင်းပေးသော ဘဏ်အား  ငွေလွှဲစာတမ်းပမာဏ (သို့) အစိတ်အပိုင်းတစ်ခုခုကို ဒုတိယ အကျိုးခံစားခွင့်ရှိသူထံသို့ ငွေလွှဲစာတမ်းကို ထပ်ဆင့်ပေးပို့ပေးရန် တင်ပြခြင်း။

သင့်လုပ်ငန်းအတွက် အကျိုးအမြတ်

CB Bank ၏ လုပ်ငန်းစဉ် ငွေလွှဲစာတမ်းအား လွှဲပြောင်းပေးသောဘဏ်

ကုန်ပို့သူအတွက် အကျိုးကျေးဇူးများ
  • ကုန်ဝယ်သူနှင့် ကုန်ရောင်းသူ၏ ကြားတွင် ကုန်သွယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ညှိုနှိုင်းလုပ်ဆောင်ခြင်းပေါ်တွင် အကျိုးအမြတ်ရရှိနိုင်ခြင်း။
  • သင့်အနေဖြင့် လုပ်ငန်းများ ပိုမိုတိုးချဲ့လုပ်ဆောင်နိုင်ပါသည်။
  • ကုန်ဝယ်သူအနေဖြင့် ကုန်ရောင်းသူအများအပြားနှင့် ချိတ်ဆက်နိုင်ခြင်း။
  • သင့်အနေဖြင့် လုပ်ငန်းစဉ်တစ်ခုလုံးအား ထိန်းချုပ်နိုင်ခြင်း။
လုပ်ငန်းလမ်းညွှန်
  • ကုန်ဝယ်သူမှ Transferable L/C အား ၎င်း၏ ဘဏ်မှ တဆင့်ပေးပို့ခြင်း။
  • လူကြီးမင်းမှ CB Bank သို့ ငွေလွှဲစာတမ်းပမာဏအပြည့် (သို့) အစိတ်အပိုင်းတစ်ခုခုအား ကုန်ရောင်းသူထံသို့ လွှဲပြောင်းပေးပို့နိုင်ပါရန် လျှောက်ထားခြင်း။
  • CB Bank မှ ငွေလွှဲစာတမ်းအား ကုန်ရောင်းသူထံသို့ လွှဲပြောင်းပေးပို့ခြင်း။
  • ကုန်ရောင်းသူမှ ကုန်ပစ္စည်းများတင်ပို့၍ ကုန်သွယ်ရေးဆိုင်ရာ စာရွက်စာတမ်းများအား ၎င်း၏ ဘဏ်သို့ တင်ပြခြင်း။
  • CB Bank မှ စာရွက်စာတမ်းများ ရရှိကြောင်း သင့်အား အကြောင်းကြားခြင်း။
  • သင့်အနေဖြင့် စာရွက်စာတမ်းအချို့အား အစားထိုးခြင်း။ (e.g. amount of credit, unit price, expiry date, period of presentation, latest shipment date)
  • CB Bank မှ စာရွက်စာတမ်းအသစ်များအား LC issuing Bank သို့ပေးပို့၍ ငွေတောင်းခံခြင်း။
  • CB Bank မှ ကုန်ရောင်းသူထံသို့ ၎င်း၏ ဘဏ်မှတဆင့် ငွေပြန်လည်ပေးချေခြင်း။
နှုန်းထား နှင့် အဖိုးအခ များ

ဝန်ဆောင်မှု နှုန်းထားများကို သီးခြား အကြောင်းကြားပေးပါမည်။

လိုအပ်ချက်များ
  • Irrevocable Documentary Credit လျှောက်လွှာ
  • Transferable Export LC မူရင်း
  • ကုမ္ပဏီ Letter Head ဖြင့် လျှောက်လွှာ
  • အရောင်းအဝယ်သဘောတူညီချက်
  • သွင်းကုန်/ပို့ကုန်လိုင်စင်