Export LC (Advising / Confirming / Negotiation/ Discounting)

Export LC (Advising / Confirming / Negotiation/ Discounting)

ပို့ကုန်ငွေလွှဲစာတမ်း

CB Bank သည် ပြည်ပနိုင်ငံများသို့ ပြည်တွင်း ထွက်ကုန်/ထုတ်ကုန်ပစ္စည်းများ တင်ပို့ရောင်းချသော လူကြီးမင်းတို့အတွက် ပို့ကုန်ငွေလွှဲစာတမ်းများ ရောက်ရှိပါက အကြောင်းကြားပေးသည့် ဝန်ဆောင်မှု များကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

ပို့ကုန်ငွေလွှဲစာတမ်းဖြင့် ကုန်တင်ပို့သူသည် ကုန်ပစ္စည်းများကို ငွေလွှဲစာတမ်းပါ စည်းမျဉ်းစည်းကမ်း များနှင့်အညီ တင်ပို့နိုင်ပါက ငွေလက်ခံရရှိမည့် အာမခံချက်ဖြစ်သည်။

သင့်လုပ်ငန်းအတွက် အကျိုးအမြတ် (ကုန်ရောင်းသူ)
  • ငွေလွှဲစာတမ်းပါ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီပါက ငွေရရှိမှု အာမခံနိုင်ခြင်း။
  • သင်္ဘောမတင်မီကာလနှင့် တင်ပြီးကာလ များတွင် ကုန်တန်ဖိုးငွေအား အထောက်အပံ့ပေးခြင်း။
လုပ်ငန်းလမ်းညွှန်
  • ကုန်ဝယ်သူမှ ငွေလွှဲစာတမ်းအား ၎င်း၏ ဘဏ်မှတစ်ဆင့်ပေးပို့ခြင်း။
  • CB Bank မှ ငွေလွှဲစာတမ်းရရှိကြောင်း အကြောင်းကြားခြင်း။
  • ကုန်ရောင်းသူမှ ပစ္စည်းများတင်ပို့ပြီး စာရွက်စာတမ်းများ CB Bank သို့ တင်ပြခြင်း။
  • CB Bank မှ စာရွက်စာတမ်းများအား စိစစ်၍ ငွေလွှဲစာတမ်းပါ အချက်အလက်နှင့်ကိုက်ညီပါက Issuing Bank သို့ လွှဲပြောင်းပေးခြင်း။
  • Issuing Bank မှ စာရွက်စာတမ်းများ ရရှိကြောင်းနှင့် ငွေပေးချေရမည့်ရက်အား CB Bank သို့ SWIFT စနစ်ဖြင့် အတည်ပြုပေးပို့ခြင်း။
  • CB Bank မှ ငွေလွှဲစာတမ်းပမာဏပေါ်မူတည်၍ ၈၀% ထိ ငွေထုတ်ချေးခြင်း။
  • ကုန်ဝယ်သူမှ CB Bank အား ၎င်း၏ ဘဏ်မှ တစ်ဆင့် သတ်မှတ်ကာလပြည့်ပါက ငွေပေးချေခြင်း။
နှုန်းထား နှင့် အဖိုးအခများ

ဝန်ဆောင်ခနှုန်းထားများကို သီးခြား အကြောင်းကြားပေးပါမည်။