FAQ

ငွေသွင်းကာလ ပြည့်သွားလျှင် အတိုး အရင်းပေါင်း ငွေပမဏ ကို ငွေသွင်းထားသူ၏ နှစ်သက်ရာ ဘဏ်စာရင်းတစ်ခုသို့ ပြောင်းရွေ့ပေးမည် ဖြစ်ပါသည်။ ထိုအခါ ၎င်းပမာဏ ကို ကြိုက်နှစ်သက်သလို ပြုမူဆောင်ရွက်နိုင်ပါသည်။

အတိုးနှုန်း ကို စတင် ပေးသွင်းသော ငွေပမာဏ နှင့် ရွေးချယ်ထားသောအချိန် တို့အပေါ်မူတည်၍ တွက်ပါမည်။ သတ်မှတ်ထားသောကုန်ဆုံးရက်ရောက်လျှင် အတိုးနှုန်း ပမာဏ ကို ထည့်သွင်း ပေါင်းပေးပါသည်။ အကယ်၍ အပ်နှံထားသောငွေအား အချိန်မပြည့်ခင် ကြိုထုတ်မည် ဆိုပါက ဘဏ်၏ ပေါ်လစီ အရ ထိုအတိုးနှုန်းအား ပေးခြင်းကို ဆိုင်းငံ့ပါမည်။

ငွေသွင်း ထောက်ခံချက်လက်မှတ်ပျောက်ဆုံးသွားပါက ဘဏ်စာရင်း ကိုင်ဆောင်ထားသူသည် CB Bank ရုံးချုပ် (သို့) မိမိဘဏ်စာရင်းစတင်ဖွင့်ထားသောဘဏ်ခွဲသို့ သွားရောက်၍ ငွေသွင်းထောက်ခံချက် လက်မှတ် အသစ်ကို ပြန်လည်ထုတ်ယူနိုင်ပါသည်။ ထိုအသစ်ထုတ် ခြင်းအတွက် မြန်မာငွေ ၁၀၀၀ိ/- ကျပ်ကောက်ခံမည် ဖြစ်ပါသည်။

ထပ်မံတိုးနိုင်ပါသည်။ စာရင်းပိုင်ရှင်မှ ဘဏ်သို့ ညွှန်ကြားချက်များ ပေးပို့၍ အလိုအလျောက် သက်တမ်းတိုးခြင်းများ ပြုလုပ်နိုင်ပါသည်။

သက်တမ်းပြည့်သည့် ရက်တွင် အပ်နှံထားသည့် ငွေပမာဏ ကို ဘဏ်စာရင်း ပိုင်ရှင် ညွှန် ကြားမှုအတိုင်း ၎င်းပြောင်းရွေ့ စေလိုသည့် စာရင်းသို့ ရွေ့ပြောင်းပေးပါမည်။ ထိုစာရင်းထဲမှ ပြန်လည် ထုတ်ယူရရှိနိုင်ပါသည်။

ဘဏ်စာရင်း ပိုင်ရှင်ကိုယ်တိုင်သဘောတူထားသော ငွေသွင်းကာလ ပြည့်လျှင် ပြန်လည်ထုတ်ယူနိုင်ပါသည်။

ပြုလုပ်နိုင်ပါသည်။ ပုံမှန် ငွေပေးချေမှုများ ( ဥပမာ အသက်အာမခံလစဉ်ကြေး၊ ရှယ်ယာကြေး၊ ဘေပေးချေမှု၊ ) နှင့် စတော့ ရှယ်ယာများ နိုင်ငံခြားငွေကြေးများ ရင်နှီးမြုပ်နှံမှုများအတွက် ချိတ်ဆက်ဆောင်ရွက်နိုင်ပါသည်။

မိမိ ဘဏ်စာရင်း ဖွင့်ထားသော ဘဏ်ခွဲနှင့် နယ်မြေ တူသော ဘဏ်များတွင် အဖိုးအခ မရှိပဲထုတ်ယူနိုင်ပါသည်။ သို့သော် နယ်မြေခြား ၍ ထုတ်ယူမည်ဆိုပါက ငွေလွဲခ ပေးဆောင်ရမည် ဖြစ်ပါသည်။ 

ဘဏ်စာရင်း ကိုင်ထားသူသည် MPU အမှတ်အသားရှိသော ATM ငွေထုတ်စက်များနှင့် ဘဏ်ခွဲများတွင် ငွေထုတ်ယူနိုင်ပါသည်။

Pages