FAQ

  • ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများသည် အင်တာနက်ချိတ်ဆက်ရရှိထားသော ကွန်ပျူတာ၊ Tablet (သို့) မိုဘိုင်းလ်ဖုန်း များတွင်အလွယ်တကူအသုံးပြုနိုင်ပါသည်။
  • ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများသည် မည်သည့် Website တွင်မဆိုချိတ်ဆတ်၍ အသုံးပြုနိုင်သည်။

Internet Banking ကို ၂၄/၇ ကာလပတ်လုံး အသုံးပြုနိုင်ပါသည်။ သို့သော် ရုံးချိန်ပြင်ပပြုလုပ်သော တစ်ချို့သော Transaction များကို နောက်တစ်ရက်ရုံးဖွင့်ချိန်မှသာ ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်။

CB Bank ၏ မည်သည့် ဘဏ်ခွဲတွင်မဆို Internet Banking ကို အသုံးပြုရန် လျှောက်ထားခ မြန်မာငွေ ၁၀၀၀၀ိ/-ကျပ် ပေးသွင်းပြီးလျှောက်ထားနိုင်သည်။ Username, Password နှင့် OTP device ကို ဝန်ဆောင်ခမယူဘဲ ဘဏ်မှချက်ချင်း ထုတ်ပေးမည်ဖြစ်သည်။

CB Bank’s Internet Banking ကိုအသုံးပြုရန် CB Bank တွင် အကောင့်ဖွင့်ထားရန်လိုအပ်ပြီး Customer ID တစ်ခုကိုအသုံးပြု၍ များစွာသောအကောင့်များကို ချိတ်ဆက်အသုံးပြုနိုင်သည်။

Internet Banking နှင့် Mobile Banking တို့၏ လုပ်ဆောင်ချက်များမှာ တူညီသော်လည်း Mobile Banking ဝန်ဆောင်မှုကို မိမိ၏ မှတ်ပုံတင်ထားသော မိုဘိုင်းလ်ဖုန်းတွင်သာ အသုံးပြု၍ရပြီး Internet Banking ဝန်ဆောင်မှုကို မိုဘိုင်းလ်ဖုန်း၊ ကွန်ပျူတာ၊ စမတ်တီဗွီများတွင်လည်း အသုံးပြုနိုင်သည်။ ထို့အပြင် Internet Banking ဝန်ဆောင်မှုသည် OTP (တစ်ကြိမ်သုံးလျို့ဝှက်နံပါတ်) လိုအပ်သဖြင့် Corporate Customer များအတွက် စီးပွားရေးအရ အသုံးပြုရန် ပို၍လုံခြုံစိတ်ချရပြီး ပို၍အဆင်ပြေချောမွေ့စေပါသည်။

  • Internet Banking ကိုအသုံးပြုပြီး မိမိ၏အိမ်(သို့) အင်တာနက်ရရှိသော မည်သည့်နေရာတွင်မဆို ဘဏ်နှင့်သက်ဆိုင်သောဝန်ဆောင်မှုများကို လွယ်ကူချောမွေ့စွာပြုလုပ်နိုင်ပါသည်။
  • Internet Banking သည် မိမိ၏ ငွေကြေးကို ကောင်းမွန်စွာ စီမံခန့်ခွဲရန်အတွက် အင်တာနက်မှတဆင့် ဘဏ်နှင့်သက်ဆိုင်သောဝန်ဆောင်မှုများ၊ သတင်းအချက်အလက်များကို ပေးပို့ပေးသည်။

Internet banking ဆိုသည်မှာ CB Bank မှ Electronic ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး အင်တာနက်ကို အသုံးပြု၍ ငွေသွင်း/ငွေထုတ်ပြုလုပ်ခြင်း၊ ငွေပေးချေခြင်းစသည်တို့ကို CB Bank website မှတဆင့်လုံခြုံစိတ်ချစွာ ပြုလုပ်နိုင်သည်။

ချေးငွေသက်တမ်း မကုန်ဆုံးခင် ဘဏ်အားဆက်သွယ်၍ တိုးမြှင့်နိုင်ပါသည်။

အတိုးနှုန်း ကိုစာရင်းပိုချေးငွေအပေါ်တွင် နေ့စဉ်တွက်ချက်ပြီး (၃)လ တစ်ကြိမ် တွက်ချက်ပါသည်။

ဗဟိုဘဏ်၏ စည်းမျဉ်း စည်းကမ်းများအရ အတိုးနှုန်းကို (၃)လ တစ်ကြိမ် ပေးပြီး စုစုပေါင်းချေးငွေကို ချေးငွေကာလ မကုန်ခင် အချိန်မရွေး ပြန်လည်ဆပ်နိုင်ပါသည်။ ဗဟိုဘဏ်သည် စာရင်းပိုချေးငွေ (ဝ) ကျပ်ဖြစ်သည့်အထိ (၂)ပတ် ဆက်တိုက် ပြန်လည်ပေးဆပ်ရမည်။

Pages