Collection စနစ်ဖြင့် ကုန်ပစ္စည်းတင်ပို့သော စာရွက်စာတမ်းများဝယ်ယူခြင်း
ကုန်ရောင်းသူအတွက် အချိန်တိုကာလချေးငွေ ရရှိနိုင်ခြင်းဖြစ်ပါသည်။ ကုန်ရောင်းသူမှ ရောင်းချထားသော ကုန်တင်ပို့သောစာရွက်စာတမ်း အထောက်အထားပေါ်တွင် CB Bank မှ ငွေကြိုတင်ထုတ်ပေးနိုင်ပါသည်။
သင့်လုပ်ငန်းအတွက် အကျိုးအမြတ်
CB Bank ၏ လုပ်ငန်းစဉ် | : | ကုန်သွယ်မှုဆိုင်ရာဝန်ဆောင်မှုနှင့် ချေးငွေထုတ်ပေးသောဘဏ် |
ချေးငွေခွင့်ပြုကာလ | : | DP/DA တွင်ပါရှိသောစည်းမျဉ်းစည်းကမ်းများအရ |
ကုန်ပို့သူအတွက် အကျိုးကျေးဇူးများ
- ငွေကြေးလည်ပတ်မှု အဆင်ပြေချောမွှေ့စေခြင်း။
- ချေးငွေခွင့်ပြုချက်ပေါ်တွင် ငွေသားလျှင်မြန်စွာ ရရှိနိုင်ခြင်း။
- ကုန်ရောင်းပြေစာ၏ (၅၀%) မှ (၈၀%) အတွင်း ချေးငွေထုတ်ပေးခြင်း။
- ထိုငွေဖြင့် ပြန်လည် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်၍ အကျိုးအမြတ်ရနိုင်ခြင်း။
- သတ်မှတ်ကာလပြည့်သည့်အခါ ကုန်ဝယ်သူမှ ငွေပေးချေပါမည်ဟု သဘောတူလက်မှတ်ရေးထိုး၍ စာရွက်စာတမ်းများအား လွှဲပြောင်းရယူခြင်း။
လုပ်ငန်းလမ်းညွှန်
(Document against Payment - DP) စနစ်ဖြင့် ကုန်ပစ္စည်းတင်ပို့သော စာရွက်စာတမ်း များဝယ်ယူခြင်း)
- အရောင်းအဝယ်စာချုပ်အား ကုန်ဝယ်သူနှင့် စာချုပ် ချုပ်ဆိုခြင်း။
- ကုန်ရောင်းသူမှ ကုန်ဝယ်သူထံသို့ ပစ္စည်းများပေးပို့ခြင်း။
- ကုန်ရောင်းသူမှ ကုန်တင်ပို့ထားသော စာရွက်စာတမ်း နှင့်အတူ CB Bank သို့ ငွေကောက်ခံပေးရန် လျှောက်ထားခြင်း။
- CB Bank မှ with recourse basis ဖြင့် ကြိုတင်ငွေထုတ်ပေးခြင်း။
- ကုန်ဝယ်သူ၏ ဘဏ်သို့ CB Bank မှ ကုန်တင်ပို့ထားသောစာရွက်စာတမ်းများအား ပေးပို့ခြင်း။
- ကုန်ဝယ်သူမှ CB Bank သို့ ငွေပြန်လည်ပေးခြင်း။
- ကုန်ဝယ်သူထံသို့ သူ၏ဘဏ်မှ စာရွက်စာတမ်းများအား ထုတ်ပေးခြင်း။
(Document against Acceptance- DA) စနစ်ဖြင့် ကုန်ပစ္စည်းတင်ပို့သော စာရွက်စာတမ်းများဝယ်ယူခြင်း
- အရောင်းအဝယ်စာချုပ်အား ကုန်ဝယ်သူနှင့် စာချုပ် ချုပ်ဆိုခြင်း။
- ကုန်ရောင်းသူမှ ကုန်ဝယ်သူထံသို့ ပစ္စည်းများပေးပို့ခြင်း။
- ကုန်ရောင်းသူမှ ကုန်တင်ပို့ထားသော စာရွက်စာတမ်းများနှင့်အတူ CB Bank သို့ ငွေကောက်ခံပေးရန် လျှောက်ထားခြင်း။
- CB Bank မှ with recourse basis ဖြင့် ကြိုတင်ငွေထုတ်ပေးခြင်း။
- ကုန်ဝယ်သူ၏ ဘဏ်သို့ CB Bank မှ ကုန်တင်ပို့ထားသောစာရွက်စာတမ်းများအား ပေးပို့ခြင်း။
- ကုန်ဝယ်သူထံသို့ ၎င်း၏ဘဏ်မှ ကုန်တင်ပို့ထားသော စာရွက်စာတမ်းများအား ထုတ်ပေးခြင်း။
- ကုန်ဝယ်သူ၏ဘဏ်မှ CB Bank အား Draft လက်ခံကြောင်းနှင့် သတ်မှတ်ရက်ကာလ ပြည့်ပါက ငွေပေးချေမည် ဖြစ်ကြောင်းအကြောင်းကြားခြင်း။
- ကုန်ဝယ်သူမှ ၎င်း၏ဘဏ်မှတဆင့် CB Bank သို့ သတ်မှတ်ရက်ကာလပြည့်ပါက ငွေပြန်လည်ပေးချေခြင်း။
နှုန်းထား နှင့် အဖိုးအခများ
ဝန်ဆောင်မှု နှုန်းထားများကို သီးခြား အကြောင်းကြားပေးပါမည်။