Post-Shipment Financing (Export Bill Collection – DP/DA Discounting)

Post-Shipment Financing (Export Bill Collection – DP/DA Discounting)

ကုန်တန်ဖိုးငွေတောင်းခံလွှာပေါ်တွင် ချေးငွေထုတ်ပေးခြင်း

ကုန်ရောင်းသူအတွက် အချိန်တိုကာလချေးငွေ ရရှိနိုင်ခြင်းဖြစ်ပါသည်။ ကုန်ရောင်းသူမှ ရောင်းချထားသော ကုန်တင်ပို့သော စာရွက်စာတမ်းအထောက်အထားပေါ်တွင် CB Bank မှ ငွေကြိုတင်ထုတ်ပေးပါသည်။

အကျိုးကျေးဇူးများ
CB Bank ၏ လုပ်ငန်းစဉ် : ကုန်သွယ်မှုဆိုင်ရာဝန်ဆောင်မှုနှင့် ချေးငွေထုတ်ပေးသောဘဏ်
ချေးငွေခွင့်ပြုကာလ : ရက်ပေါင်း (၃၀) မှ (၁၈၀) ထိ
ကုန်ပို့သူအတွက် အကျိုးကျေးဇူးများ
  • ငွေကြေးလည်ပတ်မှု အဆင်ပြေချောမွေ့စေခြင်း။
  • ဘဏ်မှ ကြိုတင်ခွင့်ပြုထားသော ချေးငွေကာလ အထိ အသုံးပြုနိုင်ခြင်း။
  • ကုန်ရောင်းပြေစာ၏ (၅၀%) မှ (၈၀%) အတွင်း ချေးငွေထုတ်ပေးခြင်း။
  • ချေးငွေခွင့်ပြုချက်ပေါ်တွင် ငွေသားလျှင်မြန်စွာ ရရှိနိုင်ခြင်း။
  • ထိုငွေဖြင့် ပြန်လည် ရင်းနှီးမြှပ်နှံမှု ပြုလုပ်နိုင်၍ အကျိုးအမြတ်ရနိုင်ခြင်း။
လုပ်ငန်းလမ်းညွှန်
  • ကုန်ရောင်းသူမှ ကုန်ပစ္စည်းတင်ပို့ခြင်း။
  • CB Bank သို့ ကုန်တင်ပို့သော စာရွက်စာတမ်းများမှ ငွေတောင်းခံလွှာပေါ်တွင် ချေးငွေထုတ်ပေးရန် တင်ပြခြင်း။
  • ကုန်တင်ပို့ထားသော စာရွက်စာတမ်းများ လက်ခံရရှိမှု အပေါ်တွင် CB Bank မှ with recourse basis ဖြင့် ငွေကြိုတင်ထုတ်ပေးခြင်း။
  • ကုန်ဝယ်သူထံမှ ငွေလက်ခံရရှိခြင်း။
  • CB Bank သို့ ငွေပြန်လည်ပေးဆပ်ခြင်း။
နှုန်းထားနှင့် အဖိုးအခများ

ဝန်ဆောင်မှုနှုန်းထားများကို သီးခြား အကြောင်းကြားပေးပါမည်။

လိုအပ်ချက်များ
  • Invoice Financing (Sales) လျှောက်လွှာ
  • ကုမ္ပဏီ Letter Head ဖြင့် လျှောက်လွှာ
  • အရောင်းအဝယ်သဘောတူညီချက်
  • ကုန်ရောင်းပြေစာ
  • ပို့ကုန်လိုင်စင်
  • သင်္ဘောတင်စာရွက်စာတမ်းများ
  • ထုတ်ကုန်ကြေငြာလွှာ