ကျွန်ုပ်တို့၏ ဘီလ်ပေးဆောင်မှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကိုအသုံးပြုခြင်းအားဖြင့် လူကြီးမင်းတို့အား အချိန် ကုန်လူပင်ပန်းသက်သာစေနိုင်ပါသည်။
အကျိုးကျေးဇူးများ
- မီတာဘီလ်ပေးဆောင်ခြင်း
- အသက်အာမခံကြေးပေးသွင်းခြင်း
- ရှယ်ယာအပိုကြေးပေးဆောင်ခြင်း
ဆောင်ရွက်နိုင်သောနည်းလမ်းများ
- လူကြီးမင်းတို့၏ ငွေစုဘဏ် Account များမှတဆင့် မီတာဘီလ်၊ မြေခွန်၊ အသက်အာမခံကြေးပေးသွင်းခြင်းနှင့် စည်ပင်ခွန်များအတွက် မိုဘိုင်းဘဏ်လုပ်ငန်းနှင့် အင်တာနက်ဘဏ်လုပ်ငန်းမှတဆင့်ပေးသွင်းနိုင်ခြင်း။
- ငွေပေးအမိန့်လွှာ (သို့) ငွေပေးညွှန်ကြားချက်များဖြင့်လည်းပေးဆောင်နိုင်ပါသည်။
ပေးချေမှုလုပ်ငန်းစဉ်
- အင်တာနက်ဘဏ်လုပ်ငန်းမှတဆင့်ပေးဆောင်ခြင်း
- မိုဘိုင်းဘဏ်လုပ်ငန်းမှတဆင့်ပေးဆောင်ခြင်း
ငွေပေးအမိန့်လွှာ
အခြားသောငွေပေးချေမှုများအတွက် CB Bank သည် ဘဏ်အာမခံချက်လက်မှတ်များကိုထုတ်ဝေခြင်း အားဖြင့် ငွေပေးအမိန့်လွှာဝန်ဆောင်မှုလုပ်ငန်းအား ပိုမိုလျှင်မြန်အောင်ဆောင်ရွက်လျက်ရှိပါသည်။ ငွေပေးအမိန့်လွှာဖြင့် CB Bank မှ အခြားငွေလက်ခံမည့် အဖွဲ့အစည်းများသို့ ငွေပေးချေရန်ညွှန်ကြားချက်များကိုလည်းဆောင်ရွက်နိုင်ပါသည်။
အကျိုးကျေးဇူးများ
- လူကြီးမင်းတို့၏ ဖောက်သည်များနှင့် လုပ်ငန်းဆောင်ရွက်သူများထံအချိန်မီငွေပေးချေနိုင်ခြင်း
- ငွေသားကို CB Bank ၏ မည်သည့်ဘဏ်ခွဲတွင်မဆို ငွေပေးအမိန့်လွှာနှင့် အတူထုတ်ယူနိုင်ခြင်း
- ဘဏ်ဝန်ဆောင်ခကို ငွေလွှဲဝန်ဆောင်ခအဖြစ်ကောက်ခံပါမည်။
နှုန်းထားနှင့် အဖိုးအခများ
- ကျပ် ၁၀၀/- အတွက် ၁၀ ပြားနှုန်း
- အများဆုံဝန်ဆောင်ခမှာ ကျပ် ၃၀၀၀၀/- ဖြစ်ပါသည်။