Standing Instruction / Direct Debit

Standing Instruction / Direct Debit

Standing Order or Direct Debit ၏ အလိုအလျောက်ငွေပေးချေမှုစနစ်ကိုအသုံးပြုပြီး အချိန်မီငွေပေးချေမှုများဆောင်ရွက်နိုင်ပါသည်။

အကျိုးကျေးဇူးများ
  • ငွေပေးချေမှုပြုလုပ်ရန်အတွက် မိမိအသုံးပြုလိုသည့် CB Bank ငွေစာရင်းနှင့် ချိတ်ဆက်နိုင်ခြင်း။
  • ပေးသွင်းရန်(သို့)ပေးချေရန်ရှိသည်များကို ဘဏ်မှအချိန်မီပေးသွင်းပေးခြင်း
  • Alert ရယူထားပါက Transaction ဆောင်ရွက်မှုအား သိရှိနိုင်ခြင်း
  • မိမိကြိုက်နှစ်သက်ရာ Alert (SMS/eAlert) ချိတ်ဆက်ရယူနိုင်ခြင်း
ဝန်ဆောင်မှုများ
  • ပုံမှန်ငွေပေးချေမှုများ (ဥပမာ- အသက်အာမခံကြေး)
  • အခါအားလျော်စွာပေးဆောင်ရသည့် ငွေပေးချေမှုများ (ဥပမာ- ပရီမီယံရှယ်ယာ ငွေပေးချေမှု၊ တယ်လီဖုန်းဘီလ်၊ မီတာဘီလ်၊)
  • ငွေစာရင်းအချင်းချင်းငွေလွှဲပြောင်းဝန်ဆောင်မှုများ။
  • စတော့ရှယ်ယာ၊နိုင်ငံခြားငွေအဝယ်အရောင်း နှင့် ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ငွေပေးချေမှုများ။
ဝန်ဆောင်ခများ

ငွေပေးချေမှုတစ်ကြိမ်ပြုလုပ်သည့်အခါ မြန်မာကျပ်ငွေ (၅၀၀/-)ကျပ်

လိုအပ်ချက်များ
  • CB Bank တွင် စာရင်းဖွင့်လှစ်ထားရန်လိုပါသည်။
  • ဖုန်းဘီလ်ပေးဆောင်ရန်အတွက် မူရင်းဖုန်းဘီလ်စာအုပ်နှင့် မိတ္တူ
  • မီတာဘီလ်ပေးဆောင်ရန်အတွက် မူရင်းမီတာဘီလ်နှင့် မိတ္တူ
  • Standing Instruction နှင့်ဆောင်ရွက်လိုသော မိမိ Beneficiary CB Bank စာရင်းအမှတ်ပေးထားရန်လိုအပ်သည်။