Business Overdraft

Business Overdraft

စီးပွားရေး စာရင်းပိုထုတ်ချေးငွေ

CB Bank စာရင်းပိုထုတ်ချေးငွေကိုအသုံးပြု၍ လုပ်ငန်းလည်ပတ်သည့် ငွေပမာဏကို ပိုမိုတိုးမြှင့်နိုင်မည်ဖြစ်ပါသည်။

အကျိုးကျေးဇူးများ
  • စာရင်းရှင်အပ်ငွေစာရင်းရှိ အပ်ငွေပမာဏထက်ပို၍ ထုတ်ယူနိုင်ပြီး ချပေးထားသော ချေးငွေပမာဏအထိ အများဆုံးထုတ်ယူနိုင်ပါသည်။
  • အကောင့်ပိုင်ရှင်သည် လက်ရှိငွေပမာဏထက်ပို၍ ထုတ်ယူနိုင်ပြီး သတ်မှတ်ထားသောအများဆုံးငွေ ပမာဏ မရောက်ခင်ထိ ထုတ်ယူနိုင်ပါသည်။
  • ထုတ်ယူထားသော ချေးငွေပမာဏအပေါ်တွင်သာ အတိုးတွက်ပါသည်။
နှုန်းထားနှင့် အဖိုးအခများ
  • အတိုးနှုန်း -  ၉% (တစ်နှစ်လျှင်)
  • ဝန်ဆောင်ခ - ၁% (တစ်နှစ်လျှင်)
လိုအပ်ချက်များ
  • စာရင်းငွေပိုထုတ်ချေးရန်အတွက် စာရင်းရှင်အပ်ငွေစာရင်း (Current Account) အကောင့်ရှိရန်လိုအပ်ပါသည်။
FAQs
စာရင်းပိုချေးငွေရယူရန် အပေါင်ပစ္စည်း လိုအပ်ပါသလား?

လိုအပ်ပါသည်။ အပေါင်ပစ္စည်းအနေဖြင့် ပယ်ဖျက်၍မရနိုင်သော ပစ္စည်းများဖြစ်သည့် မြေနှင့် အဆောက်အဦးများ ကိုထားရှိရန်လိုအပ်ပါသည်။

အပေါင်ပစ္စည်း ဖြင့်အများဆုံးချေးငွေ မည်မျှရနိုင်ပါသလဲ?

Forced Sale Value (FSV) အရ အများဆုံးချေးငွေအနေဖြင့် အပေါင်ပစ္စည်း၏ (၅၀%) ကိုရရှိနိုင်ပါသည်။

ချေးငွေကို မည်ကဲ့သို့ ပြန်လည်ပေးဆပ်ရပါသလဲ?

ဗဟိုဘဏ်၏ စည်းမျဉ်း စည်းကမ်းများအရ အတိုးနှုန်းကို (၃) လ တစ်ကြိမ်ပေးပြီး စုစုပေါင်းချေးငွေကို ချေးငွေကာလ မကုန်ခင် အချိန်မရွေး ပြန်လည်ဆပ်နိုင်ပါသည်။ ဗဟိုဘဏ်သည် စာရင်းပိုချေးငွေ (ဝ) ကျပ်ဖြစ်သည့်အထိ (၂) ပတ် ဆက်တိုက် ပြန်လည်ပေးဆပ်ရမည်။

အတိုးနှုန်းကိုမည်သို့ တွက်ချက်ပါသလဲ?

အတိုးနှုန်းကို စာရင်းပိုချေးငွေအပေါ်တွင် နေ့စဉ်တွက်ချက်ပြီး (၃) လ တစ်ကြိမ် တွက်ချက်ပါသည်။

ချေးငွေသက်တမ်းအားတိုးမြှင့်နိုင်ပါသလား?

ချေးငွေသက်တမ်း မကုန်ဆုံးခင် ဘဏ်အားဆက်သွယ်၍ တိုးမြှင့်နိုင်ပါသည်။