လုပ်ငန်းလည်ပတ် ချေးငွေ
လုပ်ငန်းလည်ပတ်ငွေများအတွက်ချေးငွေယူ၍ လုပ်ငန်းတိုးချဲ့ပြီး ကုန်ထုတ်စွမ်းအားမြင့်တင်ရန်ချေးငွေ!
အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များအတွက် အဓိကလိုအပ်သော လုပ်ငန်းလည်ပတ်ငွေ ရယူရန်အတွက် သင့်လျော်သော ချေးငွေဖြစ်ပါသည်။ ပိုင်ဆိုင်မှုပေါ်အခြေခံသည့် ချေးငွေအမျိုးအစားဖြစ်ပါသည်။
- လုပ်ငန်းသက်တမ်း အနည်းဆုံး (၂) နှစ် နှင့် (၂) နှစ် အထက်ရှိသော လုပ်ငန်းရှင်များအတွက် သင့်လျော်ပါသည်။
- အများဆုံး မြန်မာကျပ်ငွေ သိန်းပေါင်း (၆,၅၀၀) အထိလျှောက်ထားနိုင်ပါသည်။
- ချေးငွေသက်တမ်း (၁) နှစ်မှ (၃) နှစ်အထိ ရရှိနိုင်ပါသည်။
- အတိုးနှုန်း တစ်နှစ်လျှင် - 10% to 14.5%
- ချေးငွေသည် လုပ်ငန်းလည်ပတ်ငွေ (Working Capital) အတွက်အသုံးပြုနိုင်ပါသည်။
- မြန်မာနိုင်ငံသားပိုင် လုပ်ငန်း (သို့) ကုမ္ပဏီဖြစ်ရပါမည်။
- အာမခံပစ္စည်းထားရှိလျှင် မြေနှင့် အဆောက်အဦး အနည်းဆုံး (၁) ထပ်ပါရှိရန် လိုအပ်ပါသည်။
လုပ်ငန်းရှင်များအတွက်လိုအပ်သော စာရွက်စာတမ်းများ
- CGI ချေးငွေလျှောက်မည့်လုပ်ငန်းရှင်များအတွက် SME ထောက်ခံချက်နှင့် SME Member Card လိုအပ်ပါသည်။
- စည်ပင်လိုင်စင် (အနည်းဆုံး သက်တမ်း (၂) နှစ်ရှိရမည်။)
- အခြားသော လုပ်ငန်းဆိုင်ရာ မှတ်ပုံတင်၊ လိုင်စင် (သက်ဆိုင်ရာ ဝန်ကြီးဌာန မှခွင့်ပြုထုတ်ပေးထားသော လိုင်စင်)
- အစားအသောက်လုပ်ငန်းဖြစ်ပါက ကျန်းမာရေးဝန်ကြီးဌာန (သို့မဟုတ်) FDA မှပေးသော ထောက်ခံစာ
- (၃) နှစ်စာ လုပ်ငန်းဘဏ္ဍာရေးရှင်းတမ်း လိုအပ်ပါကတင်ပြရမည်။ (CPA လက်မှတ်ရမှ ရေးဆွဲထားသော ရှင်းတမ်း) (ယခင်နှစ် - (၁) နှစ်၊ ယခုနှစ်- (၁) နှစ်၊ ရှေ့လာမည့်နှစ်- (၁)နှစ်)
- လုပ်ငန်းသမိုင်းကြောင်း
- ချေးငွေရရှိပါက လုပ်ကိုင်မည့် အနာဂတ်လုပ်ငန်းအစီအစဉ်
- ဝယ်ယူမည့်စက်ပစ္စည်း၊ ကုန်ပစ္စည်းများ၏ အသေးစိတ်စာရင်းနှင့် စုစုပေါင်း ကျသင့်ငွေ နှှုန်းထားဖော်ပြချက် (ဝယ်ယူမည့်ဆိုင် (သို့) လုပ်ငန်းမှတောင်းယူတင်ပြရမည်။)
- ချေးငွေလျှောက်ထားသူ၏ မှတ်ပုံတင်/သန်းခေါင်စာရင်းမိတ္တူ
- ချေးငွေလျှောက်ထားသူ၏ လစဉ်ဘဏ်စာရင်းရှင်းတမ်း ဖော်ပြချက် (မှတ်ချက် ။ ။ CB Bank= (၆) လစာ၊ အခြားဘဏ် = (၁) နှစ်စာ)
- အခွန်ပြေစာ (၂) နှစ်စာ (အမြတ်ခွန်၊ ဝင်ငွေခွန်၊ ကုန်သွယ်ခွန်၊ စည်ပင်ခွန်)
- လုပ်ငန်းဓာတ်ပုံ (ရှေ့၊နောက်၊ ဝဲ၊ ယာ၊ အတွင်း နှင့် လုပ်ငန်းအဆင့်ဆင့်လုပ်ကိုင်ပုံ)
- ကုမ္ပဏီမှတ်ပုံတင်လက်မှတ်
- ကုမ္ပဏီ Profile
- အစည်းအဝေးဆုံးဖြတ်ချက်
- ၁၀၅- ၁၀၆ မြေပုံရာဇဝင်
- မြေဂရန်ဆက်စပ်စာချုပ်စာတမ်းများ
- အာမခံပစ္စည်း အရောင်းအဝယ်စာချုပ်
- မြေဌားစာချုပ်
- ကျမ်းကျိန်လွှာ
- အာမခံပစ္စည်းဓာတ်ပုံများ (ရှေ့၊နောက်၊ ဝဲ၊ ယာ၊ တွင်း)
- ရေခွန်၊ မီးခွန်၊ မြေခွန် (၆ လစာ)
မြန်မာနိုင်ငံသားပိုင်ဖြစ်သော စီးပွားရေးလုပ်ငန်းဖြစ်၍ လုပ်ငန်းသက်တမ်းအနည်းဆုံး (၂) နှစ်ရှိရမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ SME ဥပဒေ သတ်မှတ်ချက် အရ လုပ်ငန်း အမျိုးအစား၊ အလုပ်သမားဦးရေ၊ ရင်းနှီးငွေပမာဏ နှင့်ကိုက်ညီသော လုပ်ငန်းများ လျှောက်ထားနိုင်ပါသည်။
SME Working Capital Loan ချေးငွေအတွက်အသုံးပြုမှုကို ကန့်သတ်ထားခြင်းမရှိပါ။ ဘဏ်သို့ တင်ပြထားသော Business Plan အတိုင်း လုပ်ငန်းအတွက် အမှန်တကယ် အသုံးပြုရပါမည်။
SME Working Capital Loan လျှောက်ထားရာတွင် အာမခံပစ္စည်း အနေဖြင့် မြေနှင့် အဆောက်အဦး ပါရှိရန်လိုအပ်ပါသည်။
တစ်နှစ်လျှင် အတိုးနှုန်း (၁၀)% ဖြစ်ပါသည်။ ချေးငွေ သက်တမ်းမှာ (၁) နှစ် မှ အများဆုံး(၃)နှစ်အထိ လျှောက် ထား နိုင်ပါသည်။
ချေးငွေ ပေးဆပ်ရမည့်အစီအစဉ်မှာ အတိုးငွေအား လစဉ်ပေးသွင်းရပါမည်။ ချေးငွေ အရင်းကို SME လုပ်ငန်းရှင်၏ ချေးငွေပမာဏ၊ ချေးငွေသက်တမ်း၊ လုပ်ငန်းအခြေအနေ နှင့် အနာဂတ်လုပ်ငန်း အစီအစဉ် ပေါ်မူတည်၍ ၃ လျှင် တစ်ကြိမ် (သို့မဟုတ်) ၆ လ လျှင်တစ်ကြိမ် (သို့မဟုတ်) ၁ နှစ်လျှင်တစ်ကြိမ် မပျက်မကွက် ပြန်လည်ပေးသွင်းရပါမည်။
SME Working Capital Loan အတွက် ချေးငွေပမာဏ ကျပ်သိန်း (၆, ၅၀၀) အထိလျှောက်ထား နိုင်ပါသည်။ ချေးငွေပမာဏကို သတ်မှတ်ပေးရာတွင် SME လုပ်ငန်းရှင်၏ ဈေးကွက်အခြေအနေ၊ လုပ်ငန်းရည်မှန်းချက်၊ လုပ်ငန်းအရင်းအမြစ်၊ အရည်အသွေး၊ ဘဏ္ဍရေးမှတ်တမ်းစီမံမှု၊ လုပ်ငန်းအားစီမံခန့်ခွဲမှု၊ လုပ်ငန်း အတွေ့အကြုံ နှင့်ကျွမ်းကျင်မှု၊ လုပ်ငန်းအခြေအနေ၊ နည်းပညာ၊ အာမခံပစ္စည်း နှင့် အနာဂတ်လုပ်ငန်း အစီအစဉ် ပေါ်မူတည်၍ ချေးငွေပမာဏကို သတ်မှတ်ပေး မည်ဖြစ်ပါသည်။
Business Plan and Schedule အား ချေးငွေရရှိပါက မည်သည့် လုပ်ငန်း အတွက် ရည်ရွယ်၍ ရင်းနှီးမြှပ်နှံမည့် အစီအစဉ်အစရှိသော အနာဂတ်တွင်ပြုလုပ်မည့် လုပ်ငန်း အစီအစဉ် အသေးစိတ်ကို လက်မှတ်ရေးထိုးတင်ပြရပါမည်။
Quotation အား မိမိဝယ်ယူမည့်စက်ပစ္စည်း (သို့) ကုန်ကြမ်းများ ရောင်းသည့်ဆိုင် (သို့) လုပ်ငန်းမှ ကြိုတင်တောင်းယူရပါမည်။ (၎င်း Quotation တွင် စက်ပစ္စည်း (သို့) ကုန်ကြမ်း အမျိုးအမည်၊ ဈေးနှုန်း၊ Model နံပါတ်၊ ဓာတ်ပုံ နှင့် ဆိုင်လိပ်စာ စသည်တို့ပါရှိရပါမည်)။ ယခင်က ဝယ်ယူထားဖူးသော ဘောက်ချာ ရှိပါက ပူးတွဲတင်ပြရန်လိုအပ်ပါသည်။
SME လုပ်ငန်းရှင်အနေဖြင့် ခွင့်ပြုသည့်ချေးငွေ ပမာဏ နှင့် သက်တမ်းကို သဘောတူညီပါက မီးအာမခံထားရမည့်ကိစ္စရပ်ကို ဘဏ်မှ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပြီး၊ သက်ဆိုင်ရာ မီးအာမခံ ထားမည့် အဖွဲ့အစည်းကုမ္ပဏီမှ သတ်မှတ်ထားသည့် မီးအာမခံကြေးကို ဘဏ်မှတစ်ဆင့် အကြောင်းကြားပါမည်။ မီးအာမခံ ပရီမီယံကြေးကို SME လုပ်ငန်းရှင်မှချေးငွေမထုတ်ပေးမီ ကြိုတင်ဆောင်ပေးရမည်ဖြစ်သည်။
ဘဏ္ဍာရေးနှင့် အာမခံလုပ်ငန်းများ၊ ကာစီနိုကဲ့သို့သော အလောင်းကစား လုပ်ငန်းများ၊ လက်နက်ခဲယမ်း မီးကျောက်နှင့် ပတ်သက်သည့် လုပ်ငန်းများ၊ သဘာပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ကို ထိခိုက်စေ သောလုပ်ငန်းများ၊ ဥပဒေနှင့် မညီညွှတ်သော လုပ်ငန်းများ၊ မူးယစ်ဆေးဝါး နှင့် ပတ်သက်သည့် လုပ်ငန်းများစသည့် လုပ်ငန်းများအား ချေးငွေလျှောက်ထားခွင့် ကိုကန့်သတ်ထားပါသည်။