Loan Deferment Program for Business Loan

Loan Deferment Program for Business Loan

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှ စီးပွားရေးလုပ်ငန်းများ၊ လူအဖွဲ့အစည်းများနှင့် လူတစ်ဦးချင်းစီတိုင်းသည် COVID-19 ကပ်ရောဂါ၏ အကျိုးဆက်များကို အနည်းနှင့်အများ ရင်ဆိုင်နေကြရပါသည်။ ယခုကဲ့သို့ စိန်ခေါ်မှုများကြားတွင် CB Bank အနေနှင့် မိမိတို့၏ ချေးငွေ customer များ ကြုံတွေ့နေနိုင်မည့် ငွေကြေးလည်ပတ်မှု အခက်အခဲများကို များစွာစာနာမိပါသည်။ customer များ၏ နေထိုင်မှုဘဝ နှင့် စီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် ရည်ရွယ်ပြီး ချေးငွေအရင်းပေးဆပ်ခြင်းနှင့် အတိုးပေးဆပ်ခြင်းများကို ယာယီဆိုင်းငံ့ထားပေးရန် စီစဉ်ဆောင်ရွက်မှုများ ပြုလုပ်နေပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ အောက်ပါ Form မှတစ်ဆင့် CB Bank ၏ ချေးငွေအရင်းနှင့် အတိုးယာယီဆိုင်းငံ့သည့် အစီအစဥ်ကို လျှောက်ထားလိုက်ပါ။ CB Bank သည် လူကြီးမင်းတို့အတွက်အမြဲ အသင့်ရှိနေပါသည်။

Apply Loan Deferral Program for Business Loan

FAQs
ချေးငွေပေးသွင်းမှုဆိုင်းငံ့ခြင်း၏ အဓိကရည်ရွယ်ချက်မှာ အဘယ်နည်း?

CB Bank မှ ကူးစက်မြန်ရောဂါကြောင့်သက်ရောက်မှုရှိသော စီးပွားရေးလုပ်ငန်းရှင် ချေးငွေ customer များအတွက် ချေးငွေပေးသွင်းမှုအား ယာယီဆိုင်းငံ့ပေးမည့်အစီအစဉ်ဖြစ်ပါသည်။ ထိုသို့ဖြေလျော့ခြင်းအားဖြင့် လူကြီးမင်းတို့ကြုံတွေ့နေရသော ငွေကြေးလည်ပတ်မှု အခက်အခဲများအား တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါသည်။

မည်သူလျှောက်ထားနိုင်ပါသနည်း?

CB Bank မှ SME (သို့) Corporate ချေးငွေ ရယူထားပြီး အတိုးအရင်းပေးဆပ်မှုမှန်ကန်သော သူများလျှောက်ထားနိုင်ပါသည်။

မည်ကဲ့သို့လျှောက်ထားနိုင်ပါသနည်း?

Online မှလျှောက်ထားရန် ဤလင့်ခ် တွင်လျှောက်ထားနိုင်ပါသည်။လျှောက်ထားမှုအားလက်ခံရရှိကြောင်း အလုပ်ဖွင့်ရက် (၃) ရက်အတွင်း အကြောင်းပြန်၍ဆွေးနွေးပေးပါမည်။

ချေးငွေဆိုင်းငံ့မှုအား မည်ကဲ့သို့လုပ်ဆောင်ပေးမည်နည်း?

ချေးငွေအတိုးနှင့်အရင်းပေးသွင်းမှုအား အများဆုံး ၆လ အထိဆိုင်းငံ့ပေးသွားမည့်အစီအစဉ်ဖြစ်ပါသည်။ ဆိုင်းငံ့ကာလတွင် ရပ်ဆိုင်းသည့်ကာလမှ ကျန်ရှိနေသည့်အရင်းအပေါ်တွင် အတိုးအားဆက်လက်တွက်ချက်သွားမည်ဖြစ်ပါသည်။

အသေးစိတ်သိရှိလိုပါက သင်၏ Relationship Manager သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ကျွန်တော်သည် SME ချေးငွေ/ Corporate ချေးငွေ ရယူထားပြီး မေလ (၁)ရက်နေ့မတိုင်ခင်အထိချေးငွေ ပေးသွင်းမှုနောက်ကျမှုများ ရှိနေပါသည်။ ချေးငွေဆိုင်းငံ့မှုအား လျှောက်ထားနိုင်ပါသလား?

သင်၏ Relationship Manager နှင့် ဆက်သွယ်စုံစမ်းနိုင်ပါသည်။ လျှောက်ထားမှုအားလက်ခံရရှိကြောင်း အလုပ်ဖွင့်ရက် (၃) ရက်အတွင်း အကြောင်းပြန်ပီး ချေးငွေပေးသွင်းမှုဆိုင်းငံ့ခြင်းအတွက် ဆွေးနွေးဆောင်ရွက်ပေးပါမည်။

ထိုသို့လျှောက်ထားခြင်းအတွက် အခြားအဖိုးအခရှိပါသလား?

ချေးငွေဆိုင်းငံ့မှုလျှောက်ထားခြင်း အတွက် အခြားအဖိုးအခမရှိပါ။

(၆)လဆိုင်းငံ့ထားသော ချေးငွေပေးဆပ်မှုပမာဏအပေါ်တွင် နောက်ကျကြေးများ ကောက်ခံမှုရှိပါသလား?

အများဆုံး (၆)လဆိုင်းငံ့ထားသော ချေးငွေပေးဆပ်မှုပမာဏအပေါ်တွင် နောက်ကျကြေးများ ကောက်ခံမှုမရှိပါ။