
မိတ်ဆွေတို့ရဲ့ အနာဂတ်အတွက် အကောင်းဆုံးကြိုတင်ပြင်ဆင်လိုတယ်ဆိုရင် 𝐂𝐁𝐋𝐢𝐟𝐞ရဲ့ 𝐒𝐦𝐚𝐫𝐭𝐒𝐚𝐯𝐢𝐧𝐠𝟓/𝟐𝐋𝐢𝐟𝐞𝐈𝐧𝐬𝐮𝐫𝐚𝐧𝐜𝐞ကို CB Bank ၏ဘဏ်ခွဲများမှာ လွယ်ကူစွာဖြင့် အာမခံဝယ်ယူထားရှိနိုင်ပါပြီ။
Smart Saving 5/2 Life Insurance (တမူထူးခြားသည့်စုဆောင်းမှုအသက်အာမခံ) ထားရှိခြင်းအားဖြင့် နှစ်စဉ်ရှင်သန်မှုအကျိုးခံစားခွင့် Annual Cash Back (Coupon) ကိုခံစားခွင့်ရရှိမှာဖြစ်ပါတယ်။
နှစ်စဉ် ရှင်သန်မှုအကျိုးခံစားခွင့်ဆိုတာကတော့ …
- ပေါ်လစီသက်တမ်း (၁) နှစ် နှင့် (၂) နှစ် ပြည့်မြောက်တိုင်း ကနဦး အာမခံထားငွေ၏ (၅) ရာခိုင်နှုန်းကိုလည်းကောင်း၊ (၃) နှစ်၊ (၄) နှစ် နှင့် (၅) နှစ် ပြည့်မြောက်တိုင်းကနဦးအာမခံထားငွေ၏ (၁၀) ရာခိုင်နှုန်းကိုလည်းကောင်းနှစ်စဥ်အကျိုးခံစားခွင့်ရရှိမှာပါ။
မျှော်လင့်မထားတဲ့ မတော်တဆသေဆုံးမှုအခြေအနေတစ်ရပ်ရပ်နဲ့ကြုံလာခဲ့ရင်လည်း ကနဦးအာမခံထားငွေ၏ အများဆုံး (၃၀၀) ရာခိုင်နှုန်းအထိရရှိမှာဖြစ်ပါတယ်။
ထို့အပြင်အာမခံဝယ်ယူခြင်းအတွက်ပေးသွင်းရတဲ့ပရီမီယံကြေးအလိုက်အပိုထပ်ဆောင်းအကျိုးခံစားခွင့်များလည်းရရှိနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် လူကြီးမင်းတို့ရဲ့အနာဂတ်အတွက်စိတ်ပူပန်စရာမလိုအောင်ပြည့်စုံကောင်းမွန်လှတဲ့𝐂𝐁𝐋𝐢𝐟𝐞ရဲ့ 𝐒𝐦𝐚𝐫𝐭𝐒𝐚𝐯𝐢𝐧𝐠𝟓/𝟐𝐋𝐢𝐟𝐞𝐈𝐧𝐬𝐮𝐫𝐚𝐧𝐜𝐞ကို အာမခံထားဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
မှတ်ချက်။ ။ ကျန်းမာရေးစစ်ဆေးရန် လုံးဝမလိုအပ်ပါ။
အသေးစိတ်သိရှိလိုပါက Bancassurance Department ဖုန်းနံပါတ် 𝟎𝟏-𝟐𝟑𝟏𝟕𝟗𝟐𝟗 (သို့မဟုတ်) 𝐛𝐚𝐧𝐜𝐚𝐬𝐬𝐮𝐫𝐚𝐧𝐜𝐞@𝐜𝐛𝐛𝐚𝐧𝐤.𝐜𝐨𝐦.𝐦𝐦သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။