အာမခံကိုင်ဆောင်ထားသူများ၏ ကျန်းမာရေးကုန်ကျစရိတ်များအတွက် အတိုင်းအတာတခုအထိ အထောက်အပံ့ပေးနိုင်ရန် ရည်ရွယ်ပါသည်။
အကျိုးကျေးဇူးများ
- ကျန်းမာရေးအတွက် အသက်အာမခံနှင့်ဆေးကုသမှု ကုန်ကျစရိတ်များအတွက် အကာအကွယ် ရရှိနိုင်ခြင်း။
အဓိကအချက်အလက်များ
- ပေါ်လစီသက်တမ်း - (၁) နှစ်
- အစိုးရအသိအမှတ်ပြု ဆေးရုံ/ဆေးခန်းများ
- အာမခံထားနိုင်သောအသက်အရွယ် - (၆) နှစ် မှ (၇၅) နှစ် အထိ
အကျိုးခံစားခွင့်များ
အခြေခံအကာကွယ်များ
- ရောဂါ/မတော်တဆထိခိုက်မှုကြောင့် ဆေးရုံတက်ကုသစရိတ် (၁၀,၀၀၀ ကျပ် မှ ၁၀၀,၀၀၀ကျပ် အထိ)
- ရောဂါ/မတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်း (၁,၀၀၀,၀၀၀ ကျပ် မှ ၁၀,၀၀၀,၀၀၀ ကျပ် အထိ)
ပိုမိုရွေးချယ်နိုင်သည့်အကာအကွယ်(၁)
- ခွဲစိတ်ကုသခြင်း (တစ်ကိုယ်လုံးမေ့ဆေး(သို့) ကိုယ်တစ်ပိုင်းထုံဆေးဖြင့် ခွဲစိတ်ကုသမှုခံယူသည့် အခါ)
- ကိုယ်ဝန်ပျက်ကျခြင်း(သဘာ၀အလျောက်)
ပိုမိုရွေးချယ်နိုင်သည့်အကာအကွယ်(၂)
- ဆေးရုံ, ဆေးခန်းပြသခြင်း။
ပိုမိုသိရှိနိုင်ရန်
ပိုမိုသိရှိလိုပါက Call Center 01-2317770 ကို ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။
FAQs
ကျန်းမာရေးအာမခံမှ မည်သည့်အကာအကွယ်များကို ရနိုင်ပါသနည်း။?
- ဆေးရုံတက်ရောက်ကုသခြင်း(မတော်တဆမှု၊ ရောဂါကြောင့်)
- သေဆုံးခြင်း(မတော်တဆမှု၊ ရောဂါကြောင့်)
- ခွဲစိတ်ကုသခြင်း
- ကိုယ်ဝန်ပျက်ကျခြင်း
- ပြင်ပလူနာအဖြစ်ဆေးကုသမှုခံယူခြင်း
“ခွဲစိတ်ကုသမှုနှင့် ပြင်ပလူနာကုသမှုဌာန”အတွက် သီးခြားဝယ်ယူနိုင်ပါသလား။?
သီးခြားဝယ်ယူ၍ မရနိုင်သောအကာအကွယ်ဖြစ်ပါသည်။ အခြေခံအာမခံအကာအကွယ်ဖြစ်သည့် “ဆေးရုံ တက်ရောက်ကုသခြင်း” နှင့် တွဲဘက်ဝယ်ယူရပါမည်။
ဆေးရုံတက်ရောက်ကုသခြင်းအတွက် မည်မျှရနိုင်ပါသလဲ။?
ဆေးရုံတက်ရောက်ကုသခြင်းအတွက် တစ်ရက်လျှင် အနည်းဆုံး ကျပ် (၁၀,၀၀၀) မှ အများဆုံး ကျပ် (၁၀၀,၀၀၀) အထိ ရရှိနိုင်ပါသည်။