ပို့ကုန်ငွေလွှဲစာတမ်း
CB Bank သည် ပြည်ပနိုင်ငံများသို့ ပြည်တွင်း ထွက်ကုန်/ထုတ်ကုန်ပစ္စည်းများ တင်ပို့ရောင်းချသော လူကြီးမင်းတို့အတွက် ပို့ကုန်ငွေလွှဲစာတမ်းများ ရောက်ရှိပါက အကြောင်းကြားပေးသည့် ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
ပို့ကုန်ငွေလွှဲစာတမ်းဖြင့် ကုန်တင်ပို့သူသည် ကုန်ပစ္စည်းများကို ငွေလွှဲစာတမ်းပါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ တင်ပို့နိုင်ပါက ငွေလက်ခံရရှိမည့် အာမခံချက်ဖြစ်ပါသည်။