Back to Back Letter of Credit

Back to Back Letter of Credit

ကုန်ရောင်းသူမှ လက်ခံရရှိသောငွေလွှဲစာတမ်းပေါ်တွင် အခြေခံ၍ အမျိုးအစားတူ ကုန်ဝယ်ငွေလွှဲစာတမ်းအား ပြန်လည်ဖွင့်လှစ်ပေးခြင်း။

ကုန်ရောင်းသူမှ လက်ခံရရှိသောငွေလွှဲစာတမ်း (Export LC) ပေါ်တွင် အခြေခံ၍ အမျိုးအစားတူ ကုန်ဝယ်ငွေလွှဲစာတမ်း (Import LC) အား ပြန်လည်ဖွင့်လှစ်ပေးပါသည်။

ကုန်ရောင်းငွေလွှဲစာတမ်း ရရှိသည်နှင့် ကြားခံလူ (CB Bank’s Customer) မှ သွင်းကုန်ငွေလွှဲစာတမ်းလျှောက်လွှာကို CB Bank သို့တင်ပြခြင်း။ ကုန်ဝယ်ငွေလွှဲစာတမ်းသည် ကုန်ရောင်းငွေလွှဲစာတမ်းမှ ငွေရရှိသောအခါတွင် ငွေပေးချေခြင်း။

သင့်လုပ်ငန်းအတွက် အကျိုးအမြတ်
CB Bank ၏ လုပ်ငန်းစဉ် : ကုန်သွယ်မှုဆိုင်ရာဝန်ဆောင်မှုနှင့် ငွေလွှဲစာတမ်း ပြင်ဆင်ပေးသောဘဏ်
ချေးငွေခွင့်ပြုကာလ : လက်ငင်းငွေပေးချေခြင်းနှင့် ဆိုင်းငံ့ကာလ ရက်ပေါင်း (၁၈၀) ထိ
    ကုန်ဝယ်သူ (Middleman) အတွက် အကျိုးကျေးဇူးများ
    • ငွေကြေးလည်ပတ်မှု အဆင်ပြေလွယ်ကူစေခြင်း။
    • လူကြီးမင်းတို့၏ ကုန်သွယ်ရေးမိတ်ဖက်များနှင့် ဆက်ဆံရေးပိုမိုကောင်းမွန်စေခြင်း။
    • စိတ်ချယုံကြည်စွာ လူကြီးမင်းတို့၏ ကုန်သွယ်ရေးလုပ်ငန်းစဉ်များကို လုပ်ဆောင်နိုင်ပါသည်။
    • ငွေပေးချေမှုများကို လျှင်မြန်လွယ်ကူစွာ လုပ်ဆောင်နိုင်ခြင်း။
    • ဝယ်သူနှင့် ရောင်းသူ၏ ကုန်သွယ်ရေးဆိုင်ရာ လျှို့ဝှက်ရမည့် အချက်အလက်များအား ထိန်းသိမ်းနိုင်ခြင်း။
    လုပ်ငန်းလမ်းညွှန်
    • ကုန်ဝယ်သူမှ ငွေလွှဲစာတမ်းကို ၎င်း၏ဘဏ်မှ တဆင့်ပေးပို့ခြင်း။
    • လူကြီးမင်းမှ ရရှိသော ငွေလွှဲစာတမ်းကို CB Bank သို့တင်ပြ၍ သင်၏ကုန်ရောင်းသူထံသို့ ငွေလွှဲစာတမ်းတစ်စောင် ပြန်လည်ပြင်ဆင်ခြင်း။
    • CB Bank မှ သင်၏ကုန်ရောင်းသူထံသို့ ငွေလွှဲစာတမ်းပေးပို့ခြင်း။
    • ကုန်ရောင်းသူမှ ကုန်ပစ္စည်းများကို သင်္ဘောတင်၍ ကုန်သွယ်ရေးစာရွက်စာတမ်းများကို ၎င်း၏ဘဏ်သို့ တင်ပြခြင်း။
    • CB Bank မှ လူကြီးမင်းထံသို့ ကုန်သွယ်ရေးစာရွက်စာတမ်းများရရှိကြောင်း အကြောင်းကြားခြင်း။
    • စာရွက်စာတမ်းများ အစားထိုးပြင်ဆင်ခြင်း။
    • CB Bank မှ လူကြီးမင်းပြင်ဆင်ထားသော စာရွက်စာတမ်းအသစ်များနှင့် ငွေတောင်းခံလွှာကို ကုန်ဝယ်သူ၏ဘဏ်သို့ပေးပို့ခြင်း။
    • ကုန်ဝယ်သူထံမှ ရရှိသော ငွေပေးချေမှုအပေါ်တွင် ဘဏ်၏ဝန်ဆောင်ခ အလုံးစုံအား နှုတ်ယူ၍ ကျန်ရှိသော ငွေပမာဏအား သင့်ထံသို့ ပြန်လည်ပေးအပ်ခြင်း။
    နှုန်းထားနှင့် အဖိုးအခများ

    ဝန်ဆောင်ခနှုန်းထားများကို သီးခြား အကြောင်းကြားပေးပါမည်။

    လိုအပ်ချက်များ
    • Master BBLC သဘောတူညီချက် စာချုပ်စာတမ်း
    • Cash margin သဘောတူညီချက် စာချုပ်စာတမ်း
    • သွင်းကုန်ငွေလွှဲစာတမ်း ဖွင့်လှစ်ခွင့်ပြုရန် လျှောက်လွှာ (ဘဏ်မှထုတ်ပေးသော ပုံစံ)
    • Freight Financing အတွက် လျှောက်လွှာ
    • ကုမ္ပဏီမှ ငွေလွှဲစာတမ်းလျှောက်ထားခွင့် ပြုပါရန် အကြောင်းကြားစာ
    • အရောင်း/အဝယ် သဘောတူညီချက် အထောက်အထား
    • ကုန်ရောင်းပြေစာ
    • သွင်းကုန်/ပို့ကုန် လိုင်စင် (လိုင်စင်လိုအပ်သော ပစ္စည်းများ ဖြစ်ပါက)
    • သင်္ဘောတင်စာရွက်စာတမ်းများ (Bill of Lading / Air waybill / Packing List)