Personal Internet Banking

Personal Internet Banking

CB Bank တွင် ဘဏ်စာရင်းတစ်ခုရှိရုံဖြင့် CB ဘဏ်၏ Internet Banking (iBanking) ကို CB ဘဏ် Website မှတဆင့် User Name၊ Password နှင့်ဝင်ရောက် ဆောင်ရွက်နိုင်ပြီး ဘဏ်စာရင်း တစ်ခုနှင့်တစ်ခု ငွေကြေးလွှဲပြောင်းမှုများ၊ လက်ခံမှုများဆောင်ရွက်ခြင်းအပြင်   အောက်ပါဝန်ဆောင်မှုများကို ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

ဝန်ဆောင်မှုများ

သတင်းအချက်အလက်များ (Information)

  •     CB Bank ATM, Exchange Counter ရှိသောနေရာများနှင့် ဘဏ်ခွဲလိပ်စာများကို ကြည့်ရှုနိုင်ခြင်း
  •     ငွေလက်ကျန်စစ်ဆေးနိုင်ခြင်း
  •     ငွေလဲနှုန်းများ ကြည့်ရှုခြင်း
  •     မိမိစာရင်းမှ ပေးချေလိုသောသူများအား ပေးချေရမည့်ရက်မတိုင်မီကြိုတင် ငွေပေးချေထားမှုများကြည့်ရှု့နိုင်ခြင်း
  •     မိမိပိုင်ဆိုင်သော စာရင်းများသို့ ငွေလွှဲပြောင်းပေးနိုင်ခြင်း
  •     မိမိ ပေးပို့လိုသူထံသို့ ငွေလွှဲပြောင်းပေးနိုင်ရန် စီမံနိုင်ခြင်း
  •     မိမိ ပေးပို့လိုသူထံသို့ ငွေလွှဲပြောင်းပေးနိုင်ခြင်း
  •     ငွေပေးချေမှုကို ရပ်တန့်နိုင်ခြင်း
  •     ချက်လက်မှတ်နှင့် ပတ်သက်ပြီး အသေးစိတ် မေးမြန်းနိုင်ခြင်း
  •     ပုံမှန်ပေးချေရမည့် ငွေပေးချေမှုများကို ဘဏ်သို့ အကြောင်းကြား တာဝန်ပေးထားနိုင်ခြင်း
  •     CB ဘဏ်၏ Easi Travel VISA/MasterCard များသို့ ငွေဖြည့်သွင်းပေးနိုင်ခြင်း
  •     Online မှတဆင့်ဈေးဝယ်နိုင်ခြင်း
  •     ဘီလ်များကို ပေးချေနိုင်ခြင်း

 

ငွေပေးချေမှုများ (Payments)

  •     မိမိကိုယ်ပိုင်စာရင်းမှ ငွေလွှဲပို့ခြင်း၊ ငွေလွှဲပြောင်းခြင်း
  •     မိမိငွေပေးချေလိုသောသူ၏ အမည်နှင့်စာရင်းအမှတ်အား မှတ်ပုံတင်ခြင်း
  •     မိမိငွေပေးချေလိုသောသူထံ စာရင်းလွှဲပြောင်း ငွေပေးချေခြင်း
  •     CB Bank Easi Travel MasterCard/ VISA Card များသို့ငွေဖြည့်နိုင်ခြင်း

 

တောင်းဆိုမှုများ (Requests)

  •     ငွေပေးရန် ရပ်ဆိုင်းခြင်း (Payment Stop)
  •     ချက်လက်မှတ်အား စစ်ဆေးခြင်း (Cheque Details)
  •     ချက်စာအုပ်အသစ် တောင်းဆိုခြင်း (Cheque Book Request)
  •     ငွေပေးမိန့်များ ဆောင်ရွက်ခြင်း (Standing Orders)